cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အာဟာရမြှင့်တင်ရေးရက်သတ္တပတ် ဂုဏ်ပြုခြင်း

. Fish Articles
Blurb for Nutrition Promotion Month

  • “မြန်မာပြည်သူများအားလုံး အာဟာရကောင်းမွန်စွာရှိခြင်းသည် အရေးကြီးကြောင်း” လူတိုင်းကို သတိပေးနှိုးဆော်ရန် မြန်မာနိုင်ငံမှ အာဟာရရက်တ္တပတ်များကို နှစ်စဉ် သြဂုတ်လတွင် ဆင်နွှဲလျက်ရှိသည်။ ဤအရေးပါသည့် နှိုးဆော်ပွဲကို အကူအညီဖြစ်စေရန် USAID မှ ပံ့ပိုးသည့် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ပျော်ရွှင်ဖွယ်ရာအပြည့်ဖြင့် လှုပ်ရှားဆောင် ရွက်မှုအသစ်များကို စီမံကိန်းဆောင်ရွက်ရာ နေရာဒေသများတွင် လုပ်ဆောင်ရန် စီစဉ်ရေးဆွဲခဲ့သည်။

    ဤလှုပ်ရှားဆောင်ရွက်မှု၏ ရည်ရွယ်ချက်သည် ငါးနှင့်ရေထွက်အစားအစာများ၏အခန်းကဏ္ဍ နှင့် အစားအစာစုံလင်စွာစားသုံးခြင်းမှ အာဟာရကောင်းမွန်စွာရရှိခြင်းသည် အရေးကြီးကြောင်း အဓိကသတင်းစကားများကို ဖြန့်ဝေပေးရန် ဖြစ်သည်။ ရပ်ရွာလူထုရှိ အသက် အရွယ်မရွေး ပါဝင်သူများ စိတ်ပါဝင်စားစေရန် အပြန်အလှန်ဆောင်ရွက်ရသည့်လှုပ်ရှားမှုများ ဖြစ်သည့် လက်တွေ့ချက်ပြုတ်ပြသခြင်း၊ ဂိမ်း နှင့် ဉာဏ်စမ်းမေးခွန်း အစီအစဉ်များတွင် သတင်းစကားများကို ထည့်သွင်းဖော်ြပထားသည်။

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes14comments0
views7150