cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်ဆန်ချောဈေး မြင့်တက်လာ

. Market Price
ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ Export ဆန်ဈေး ကျဆင်းနေပေမယ့် ပြည်တွင်း ဆန်ဈေးကတော့ မြင့်တက် နေတာပါ။
  • ရန်ကုန်ဆန်ဈေးကွက်ထဲမှာ အခုတစ်ပတ် ဆန်ချောဈေးနှုန်းတွေဟာ တစ်အိတ်ကို ကျပ်ငါးထောင်ကနေ ကျပ် တစ်သောင်းကြား မြင့်တက်လာတယ်လို့ ရန်ကုန်မြို့က ဆန်လက်ကားရောင်းချနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေက ရန်ကုန်ဆန်ဈေးကွက်ထဲမှာ ဆန်ချောဈေးနှုန်းတွေ တည်ငြိမ်နေရာကနေ အခုတစ်ပတ် မှာတော့ ဆန်ချော ပေါ်ဆန်းအမျိုးအစားတွေဟာ ဈေးနှုန်းမြင့်တက်လာပြီး ဆန်ကြမ်းတွေပါ ဈေးအနည်းငယ် တက်လာတယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ Export ဆန်ဈေး ကျဆင်းနေပေမယ့် ပြည်တွင်း ဆန်ဈေးကတော့ မြင့်တက် နေတာပါ။ အခုလို ဆန်ဈေးမြင့်တက်နေတာဟာ ဆန်အဝင်နည်းတာနဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ကြီးမြင့် လာတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့က ရွှေမိုး ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

    စားသုံးသူတွေအများစုကတော့ ဆန်ချောထက် ဆန်ကြမ်းဝယ်ယူမှု များပြားတယ်လို့ ဆိုပါတယ်။ လက်ရှိ ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် တစ်သိန်းလေးသောင်းကျော်၊ ပေါ်ဆန်း၊ ပေါ်ဆန်းရှယ်၊ ကြားပျံရှယ် အပါအဝင် ပေါ်ဆန်းအမျိုးအစားတွေက တစ်အိတ်ကို ကျပ်တစ်သိန်းကျော်နဲ့ ဆန်ကြမ်း ဧည့်မထ တစ်အိတ်ကို ကျပ်ခုနစ်သောင်းအထိ ဈေးရှိလာတယ်လို့ သိရပါတယ်။

    ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ဆန်ကုန်သည်အသင်းအဖွဲ့တွေ ပူပေါင်း ပြီး ဩဂုတ် ၇ ရက်က စတင်ကာ လက်လီဈေးထက် သက်သာတဲ့ဈေးနဲ့ ဆန်အိတ်တွေ ထုတ်ရောင်းပေး နေပေ မယ့် ဆန်ဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

    One News Myanmar မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views3739