cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးမှာကြက်သွန်နီစိုက်ဧက ၁ သောင်းကျော်နဲ့ အာလူးစိုက် ဧက ၆၀၀ ကျော် တိုးချဲ့စိုက်မယ်

. Market Price
ကြက်သွန်နီနဲ့ အာလူးများဈေးကောင်းလာမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းယခုနှစ်စိုက်ပျိုးရာသီမှစတင်၍ ကြက်သွန်နီဧက ၁၀,၀၀၀ ကျော်နဲ့ အာလူးဧက ၆၀၀ ကျော်တို့ကိုတိုးချဲ့စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးတောင်သူများထံမှ သိရပါတယ်။
  • စားသုံးမှုများတဲ့ စားဖိုဆောင် သီးနှံတွေဖြစ်ကြတဲ့ ကြက်သွန်နီနဲ့ အာလူးများဈေးကောင်းလာမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းယခုနှစ်စိုက်ပျိုးရာသီမှစတင်၍ ကြက်သွန်နီဧက ၁၀,၀၀၀ ကျော်နဲ့ အာလူးဧက ၆၀၀ ကျော်တို့ကိုတိုးချဲ့စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးတောင်သူများထံမှ သိရပါတယ်။

    မကွေးတိုင်းဒေသကြီးအတွင်းယခင်နှစ်က ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့်လည်းဧက ၄၀,၀၀၀ ခန့်ရှိပြီးအထွက်နှုန်းမှာတစ်ဧကလျှင် ပိသာချိန်၄၅၀၀မှ ၅၀၀၀ခန့်အထိထွက်ရှိထားတာဖြစ်ကာ အခုနှစ်မှာတော့ ဧက ၁၀,၀၀၀ ကျော်ထပ်မံတိုးချဲ့စိုက်ပျိုးမှာဖြစ်၍ အထွက်နှုန်းကိုလည်းတစ်ဧကလျှင် ပိဿာ ၆,၀၀၀ လောက် အထိထွက်ရှိနိုင်ဖို့ ရည်မှန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။

    ကြက်သွန်အပြင် အာလူးစိုက်ဧကတွေကိုလည်းယခင်နှစ်ကဧက ၇၀၀ ကျော်စိုက်ပျိုးခဲ့ရာမှ အခုနှစ်မှာတော့ ဧက ၆၀၀ ကျော်အထိတိုးချဲ့စိုက်ပျိုးသွားဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။ အာလူးအထွက်နှုန်းမှာလည်းတစ်ဧက လျှင် ပိသာချိန် ၄၀၀၀မှ ၆၀၀၀နီး ပါးအထိထွက်ရှိနေပြီးအမြင့်ဆုံးအထွက်နှုန်းထက်ကျော်လွန်ထွက်ရှိလာစေဖို့ ရည်မှန်းဆောင်ရွက်နေတာလို့လည်းမကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။

    “မကွေးတိုင်းအတွင်းကြက်သွန်နီနဲ့ အာလူးတွေကိုနှစ်စဉ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာစိုက်ပျိုးတယ်။ ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေမှာတူးဖော်ကြတယ်။ အများစုကစားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနဲ့ ငရုတ်စိုက်တာများတယ်” လို့ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူကပြောဆိုထားတာပါ။

    ကုန်ခဲ့တဲ့ ဇူလိုင်လအစောပိုင်းကကြက်သွန်နီဈေးနှုန်းဟာစိုက်ပျိုးတောင်သူများထံမှ ကုန်သည်ယူဈေးအမြင့်ဈေးတစ်ပိဿာ ၁၈၅၀ ကျပ် မှ ဇူလိုင် လကုန်ခါနီးမှာ ၂,၀၂၅ ကျပ်အထိပေါက်ဈေးရှိနေသလိုအာလူးဈေးဟာလည်းကုန်သည်ယူဈေးအမြင့်ဈေးတစ်ပိဿာ ၂,၄၀၀ ကျပ်မှ ၂,၆၀၀ ကျပ်အထိပေါက်ဈေးရှိလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments3
views2863