cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အသီးအပွင့်အပင်ကြီးထွား ဟော်မုန်းဆေးများ

. Plant Nutrition
အပင်ဟော်မုန်းဆေး ဆိုသည်မှာ အပင်၏ကြီးထွားမှု၊ သီးပွင့်ရင့်မှည့်မှုစသည့် ဇီဝကမ္မဖြစ်စဥ်များကို ထိန်းချုပ်နိုင်သော ဇီဝဓာတုပစ္စည်းများဖြစ်သည်။ သဘာဝတွင်ရှိနေသော အပင်ဟော်မုန်းများနှင့် အကျိုးသက်ရောက်မှုများတူညီပြီး ဖွဲ့စည်းပုံမတူညီသော ဓာတုပစ္စည်းများကို ထုတ်လုပ်သုံးစွဲရာမှ အပင်ကြီးထွားမှုကို အကျိုးရှိစွာ ထိန်းချုပ်နိုင်သော အပင်ဟော်မုန်းဆေးများဖြစ်လာသည်။
  • အပင်ဟော်မုန်းဆေး ဆိုသည်မှာ အပင်၏ကြီးထွားမှု၊ သီးပွင့်ရင့်မှည့်မှုစသည့် ဇီဝကမ္မဖြစ်စဥ်များကို ထိန်းချုပ်နိုင်သော ဇီဝဓာတုပစ္စည်းများဖြစ်သည်။ သဘာဝတွင်ရှိနေသော အပင်ဟော်မုန်းများနှင့် အကျိုးသက်ရောက်မှုများတူညီပြီး ဖွဲ့စည်းပုံမတူညီသော ဓာတုပစ္စည်းများကို ထုတ်လုပ်သုံးစွဲရာမှ အပင်ကြီးထွားမှုကို အကျိုးရှိစွာ ထိန်းချုပ်နိုင်သော အပင်ဟော်မုန်းဆေးများဖြစ်လာသည်။ သဘာဝတွင်တွေ့ရသော အခြေခံကျသည့် ဟော်မုန်း(၅)မျိုးမှာ

    ၁။ အောက်ဇင် (Auxin IAA Indolyl-3-acetic acid)

    သဘာဝတွင် အောက်ဇင်ကို အပင်၏ မရင့်မှည့်သေးသောအပိုင်း ကြီးထွားပိုင်းတွင် တွေ့ရသည်။ အပင်ကြီးထွားမှု၊ ဆဲလ်ပွားမှုနှင့် အမြစ်ထွက်ရန် လှုံ့ဆော်ပေးသည်။ ကြားဖူးများ နားနေခြင်းကို အားပေးသည်။ အသီးတင်စေရန်နှင့် မလိုအပ်သော အသီးများခြွေချရန်အတွက်လည်း အသုံးပြုကြသည်။ ဈေးကွက်တွင်တွေ့ရသော အောက်ဇင်များမှာ 2,4-D (Auxin), IBA (4-indoyl-3 butyric acid), NAA (a-naphthaleneacetic acid), NOA (4-(2-naphthoxyacetic acid)), NAD (4-(L-naphthylacetamide)), Phenoxyalkanoic acids တို့ဖြစ်ပါသည်။

    အသုံးပြုပုံဥပမာ- အသီးအရွယ်စားကြီးမားရန် အစေ့နည်းသော (အစေ့မဲ့) ရှောက်သီး၊ သံပုရာသီးတို့ကို 2,4-D (10-30 ppm)နှုန်းထား ဖျန်းပေးခြင်းဖြင့် အပင်တွင်းအစာရေစာ နည်းနေချိန်တွင်ပင် အရွယ်အစားကြီးလာအောင် ပြုလုပ်နိုင်ပါသည်။

    ၂။ ဂျစ်ဘရယ်လင် (Gibberellic Acid)

    သဘာဝတွင် ဂျစ်ဘရယ်လင်ကို အပင်၏အမြစ်၊ အညွှန့်ထိပ်၊ အရွက်နုနှင့် အစေ့များတွင်တွေ့နိုင်သည်။ ပင်ပိုင်းကြီးထွားရန်လှုံ့ဆော်ခြင်း၊ ပွင့်ဖူးဖြစ်ပေါ်စေခြင်း၊ အစေ့မဲ့အသီးဖြစ်ပေါ်စေခြင်း၊ အစေ့ငုတ်မှုချေဖက်ပေးခြင်း၊ အညှောင့်ပေါက်မှုဖြစ်စေခြင်းတို့ကို လုပ်ဆောင်သည်။ ဂျစ်ဘရယ်လင် အမျိုးပေါင်း(၇၀)ကျော်ရှိသည်။ ဈေးကွက်တွင်တွေ့ရသော ဂျစ်ဘရယ်လင် အမျိုးအစားမှာ ဂျစ်ဘရယ်လစ်အက်ဆစ် (GA3)နှင့် ဂျစ်ဘရယ်လင် A4+A7 အရောကို အသုံးများသည်။

    အသုံးပြုပုံဥပမာ- ခရမ်းမျိုးရင်းဝင်အပင်များ၊ သခွားမျိုးရင်းဝင်အပင်များနှင့် စပျစ်ပင်များကို ဂျစ်ဘရယ်လင် ဖျန်းပေးခြင်းဖြင့် အစေ့မဲ့အသီးများ ဖြစ်ပေါ်စေသည်။

    ၃။ ဆိုက်တိုကိုင်နင် (Cytokinin)

    သဘာဝတွင် အမြစ်ထိပ်ကြီးထွားပိုင်း၊ မရင့်မှည့်သေးသော အသီးများတွင် တွေ့နိုင်ပြီး ဆဲလ်ပွားမှု၊ ဘေးဖူးထွက်ရန် လှုံ့ဆော်ခြင်းကို အားပေးသည်။ ကြီးရင့်မှုကို တားဆီးပြီး နုပျိုစေနိုင်သည်။ ဈေးကွက်တွင်တွေ့ရသော ဆိုက်တိုကိုင်နင်မှာ ခိုင်တင် (Kinetin)၊ N-60benzyladenine ဖြစ်သည်။

    အသုံးပြုပုံဥပမာ- ဖြတ်ပန်းများကို ကြာရှည်ခံစေရန် အသုံးပြုနိုင်သည်။

    ၄။ အီသိုင်လင်း (Ethylene)

    အငွေ့ပုံစံတွေ့ရသော ဟော်မုန်းဖြစ်ပြီး အမြစ်ထိပ်၊ အညွှန့်ထိပ်၊ အရွက်၊ အဆစ်များ၊ ဒဏ်ရာအနာများတွင် တွေ့ရသည်။ အရွက်၊ အပွင့်၊ အသီးကြွေမှုကို ထိန်းချုပ်ပေးသည်။ သီးပွင့်ရင့်မှည့်မှုကို အားပေးပြီး အစေ့ငုပ်မှုကို ဟန့်တားသည်။ သဘာဝမဟုတ်သော အီသိုင်လင်းကို အီသိုင်လင်းထုတ်လုပ်သော ပစ္စည်း အီသီဖုန်အဖြစ် တွေ့ရသည်။

    ဈေးကွက်တွင်တွေ့ရသော အီသိုင်လင်းမှာ 2-chloroethylphosphonic acid ဖြစ်သည်။

    အသုံးပြုပုံဥပမာ- ငှက်ပျောသီးစိမ်းများကို အထူးခန်းထဲတွင် အီသိုင်လင်းအငွေ့ပေးပြီး အသီးမှည့်စေနိုင်သည်။

    ၅။ အက်ဘဆက်ဆစ်အက်ဆစ် (Abscisic Acid)

    အရွက်များ၊ အသီးများ၊ အမြစ်ထိပ်ပိုင်း၊ အစေ့များတွင် တွေ့နိုင်သည်။ ပင်ငွေ့ပျံမှု လျှော့ချပေးခြင်း၊ အစေ့ငုတ်စေခြင်း၊ ရင့်ရော်စေခြင်းတို့ ဖြစ်စေသည်။ အညှောင့်ပေါက်မှုနှင့် ပန်းပွင့်မှုအား ထိန်းချုပ်ထားသည်။ အဖူးကြီးထွားမှု၊ အစာရေစာပို့ဆောင်မှုနှင့် အခြားဟော်မုန်းများ၏ အကျိုးသက်ရောက်မှုကို ဟန့်တားသည်။

    Source: ပိုးသတ်ဆေးများကို ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ ကာကွယ်နှိမ်နှင်းနည်း သင်တန်းမှတ်စု (သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဉီးစီးဌာန)

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
  • article
  • article
likes12comments2
views2493