cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သြဂုတ်လ ၁၄ မှ ၁၈ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
-ဆန်စျေး အရင်လက စ ဆက်တိုက်မြင့်တက်နေ
-မတ်ပဲစျေး ခုတပတ်မှာ အတက်ဘက်ပြန်ဦးတည်
-ပဲစဉ်းငုံနီစျေး အမြင့်စျေးတန်းအဖြစ် အတက်ကြမ်းနေ
-ပြောင်းကဘတ်စျေးမြင့်တက်မှုနဲ့အတူစျေးတက်လာ
-နှမ်းဖြူရိုးရိုးနဲ့နှမ်းညိုက စျေးတန်း ကျသွား ပြီး နှမ်းနက် စမုံ နဲ့ နှမ်း ဖြူဂျပန်က စျေးထပ်တက်သွား
-သကြားဈေးတွေလည်း ဆက်တိုက် မြင့်တက်လာ
  • ဆန်

    ပြည်တွင်းဆန်စျေးကတော့ အရင်လကစပြီး ဆက်တိုက်မြင့်တက်လာတာဖြစ် ပါတယ်။

    ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး က ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ အထိ ရှိလာပြီး မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေးက ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက ၁၃၀၀၀၀ ကနေ ၁၄၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ခုဆန်အားလုံး ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်အထိ အရင်ပတ်ကထက်မြင့်တက်လာပါတယ်။

    ဆန်ကြမ်း ဧည့်မထဆန်နဲ့ ငစိန် က ၆၇၀၀၀ ကနေ ၆၉၀၀၀ ကျပ် ဧည့်မထ ၂၅ မှတ်တန်က ၆၅၀၀၀ ကနေ ၆၇၀၀၀ ကျပ်၊ ကျားပျံရှယ်က ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ကျပ်ဖြစ်လာပြီး စလင်းထွက်ဧရာပဒေသာဆန်ကတစ်အိတ်ကို ၁၅၈၀၀၀ ကျပ်အထိ စျေးမြင့်တက် လာပါတယ်။

    ဒါကြောင့် ဧရာပဒေသာ ဆန်က အရင်တပတ်ကထက် ၁၅၈၀၀ လောက် ထပ်မံ မြင့်တက်လာပြီး ကျန်တဲ့ဆန်တွေကလည်း တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကျပ်ထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။


    မတ်ပဲ

    အရင်တပတ်က စျေးပြန်ကျခဲ့တဲ့ မတ်ပဲက ခုတပတ်မှာ စျေးအမြင့်တန်းတစ်ခုအဖြစ် ပြန်တက်လာတာတွေ့ရပါတယ်။ မတ်ပဲက လက်ကျန်နည်းတာ၊ မတ်ပဲအသစ်မပေါ်သေးတာလို့ စျေးကွက်ထဲအဝင်နည်းပေမယ့် ပြည်ပ အဝယ်လိုက်နေတာကြောင့် စျေးတက်လာတာဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၄၈၅၀၀၀ ပြန်ဖြစ်လာပြီး အရင်ပတ်နဲ့ယှဥ်ရင် ၁၂၅၀၀၀ လောက် ပြန်တက်လာတာဖြစ်ပါတယ်။

    မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၀၀၀၀ ဖြစ်လာပြီး ၅၀၀၀ ကျပ် တက်လာပါတယ်။

    နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၇၉၈၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ယှဥ်ရင် ၃၅၀၀ လောက် မြင့်တက်လာပါတယ်။


    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီက အရင်တပတ်မှာ စျေးကျခဲ့ပေမယ့် ခုတပတ်မှာတော့ အမြင့်စျေးတန်းအဖြစ် အတက်ကြမ်း တာတွေ့ရပါတယ်။ လက်ရှိ နိုင်ငံခြား ငွေစျေးမတည်ငြိမ်မှုတွေကြောင့် ပဲစဥ်းငုံနီ စျေးတက်လာသလို ပဲသစ် စျေးကွက်ထဲအဝင် နည်းတာ၊ပဲ အ ဟောင်းလက်ကျန် နည်းနေတာ၊ ပြည်ပဝယ် လိုအား များတာကြောင့် စျေးပြန်တက်လာတာဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အရင်ပတ်က တစ်တန်ကို ၃၁၁၅၀၀၀ ကျပ် ရှိခဲ့ပြီး ခုတပတ်မှာ ၃၆၅၀၀၀၀ ကျပ်အထိဖြစ်လာလို့ တစ်တန်ကို ၅ သိန်း ၃၅၀၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ် ပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ စျေးတက်လာလို့ တစ်အိတ်ကို ၃၄၀၀၀၀ ကျပ် အထိရှိပြီး အရင်ပတ်ကထက် ၄၀၀၀၀ မြင့်တက်လာပါတယ်။

    ပခုက္ကူ ကုန်စည်ဒိုင် မှာလည်း ပဲစဥ်းငုံနီ စျေးတက်လာလို ပိဿာ ၂၀ တစ်တင်းကို ၁၁၂၀၀၀ ကျပ်နဲ့ ၁၂၀၀၀ ပြန်တက်လာပါတယ်။


    ပြောင်းဆံ

    အစေ့ထုတ်ပြောင်းကတော့ ထိုင်းဘတ်စျေးမြင့်တက်မှုနဲ့အတူ ထိုင်းဘက်မှာစျေးမြင့်လာသလို ရန်ကုန်စျေး ကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးတက်လာတယ်လို့ ပြောင်းလုပ်ငန်းရှင် တွေဆီက သိရပါတယ်။

    အစာစပ်စက်ရုံ တွေက စျေးတန်းကိုထိန်းပြီးဝယ်ယူနေတယ်လို့သိရပါတယ်။လက်ရှိမှာ ထိုင်းကိုပြောင်း တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းမှာပဲ ရောင်းချနေရတယ်လို့သိရပါတယ်။

    ေပြာင်းတစ်ကီလိုကို ထိုင်း စက်ရုံချစျေး ၁၁.၇၅ ဘတ်အထိပြန်တက်လာပြီး မြဝတီ စာရွက်အပါစျေး ၁၀.၉၅ ကျပ်၊ ပြည်တွင်းအစာစပ်ရုံတွေဖြစ်တဲ့ ရန်ကုန်အစာစပ်စက်ရုံက ၇၄၅ ကျပ်၊ အေးသာယာနဲ့ မန္တလေးအစာစပ်စက်ရုံက ၇၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။


    နှမ်း

    စျေး ဆက်တိုက်မြင့်တက်လာတဲ့နှမ်းစျေးကွက်က ခုတပတ်မှာ နှမ်းဖြူရိုးရိုးနဲ့နှမ်းညိုက စျေးတန်း ကျသွား ပြီး နှမ်းနက် စမုံ နဲ့ နှမ်း ဖြူဂျပန်က စျေးထပ်တက်သွားပါတယ်။

    နှမ်းအသစ်တွေ စျေးကွက်ထဲဝင်ရောက်နေပြီး အဝယ်သွက်နေတဲ့အပြင် နှမ်းဖြူဂျပန်ကို တရုတ်နဲ့ဂျပန် ကအဝယ်လိုက်နေလို့ စျေးကအတက်ဘက်ဦးတည်နေတယ်လို့ မန္တလေးစျေးကွက်က သိရပါ တယ်။

    မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာ ၃တင်းအိတ်ကို အနိမ့်ဆုံး ၃၀၅၀၀၀ ကျပ်ကနေ ၃၁၀၀၀၀ ကျပ် စျေးထိကျသွားလို့ အရင်ပတ်နဲ့ယှဥ်ရင် ၉၀၀၀၀ ကျပ် ကျဆင်း၊ နှမ်းညိုကလည်း ၃၀၅၀၀၀ ကျပ်ကနေ ၃၀၈၀၀၀ ကျပ်စျေးပေါက်ပြီး အရင်ပတ်ကထက် ၇၀၀၀ ကျပ် စျေးကျ၊ နှမ်းနက် စမုံကတော့ ၃၁၀၀၀၀ ကနေ ၃၉၀၀၀၀ စျေးပေါက်လို့ အရင်ပတ်ကထက် ၁၀၀၀၀ ကျပ် တက်လာပြီး နှမ်းဖြူ ဂျပန်ကလည်း ၄၂၀၀၀၀ ကနေ ၄၂၅၀၀၀ ကျပ် စျေးရှိလို့ အရင်ပတ်ကထက် ၅၀၀၀ ကျပ် စျေးတက်လာပါ တယ်။


    သကြား

    သကြားဈေးတွေလည်း ဆက်တိုက် မြင့်တက်လာပါတယ်။ ကမ္ဘာ သကြားပေါက်ဈေး မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ငွေကြေး ဖောင်းပွ မှုတို့ကြောင့် ဆက်တိုက်ဈေး မြင့်တက်နေတာ ဖြစ်ပါတယ်။ ထို့ပြင် သကြားစက်ရုံ မှ ကြံ ဝယ်ယူမှု နဲ့ပတ်သတ်ပြီး ဈေးတိုးမြင့်ဝယ်ယူမှုတွေကြောင့်လည်း သကြားဈေးက မြင့်တက်လာ တာ ဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ သကြား က တစ်ပိဿာကို ၃၄၆၀ မှ ၃၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
7
comments
0
views
6294