cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြန်မာ့လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန် လက်ဖက်ဝိုင်အဖြစ် ထုတ်လုပ်ဖို့ တိုက်တွန်း

. Market Price
တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆန်းသစ် တီထွင်သော နည်းလမ်းများဖြင့် ထုတ်လုပ်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ပြောဆိုထားတာဖြစ်ပါတယ်။
  • မြန်မာနိုင်ငံထွက် လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန် လက်ဖက်ဝိုင်အဖြစ် ထုတ်လုပ်နိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာနိုင်ငံလက်ဖက်အသင်းကို တိုက်တွန်းထားပါတယ်။

    အဆိုပါ ဝန်ကြီးဌာနမှ ဦးဆောင်ကာ လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲမှာ လက်ဖက်များကို လက်ဖက်အစို၊ လက်ဖက်အခါး ခြောက်၊ လက်ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင်စသော တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆန်းသစ် တီထွင်သော နည်းလမ်းများဖြင့် ထုတ်လုပ်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ပြောဆိုထားတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ လက်ဖက် စတင်ပေါက်ရောက်ရာ မူရင်းဒေသများအနက်တစ်ခုဖြစ်သလို မိရိုးဖလာ စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုး၍ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

    ၁၉၉၁- ၁၉၉၂ ခုနှစ်မှစ၍ လက်ဖက်တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးကို အမျိုးသားစီမံကိန်းအစီအစဉ်နဲ့ ကာလတို (၅)နှစ် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ လက်ဖက်စိုက် ဧကပေါင်း (၂ ဒသမ ၃၉) သိန်းစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

    ယင်းနောက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၂ ဒသမ ၄ သိန်းအထိ တိုးချဲ့စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်းသည် စီမံကိန်းမစတင်မီက ပိဿာပေါင်း ၂၃၀ ခန့်ထွက်ရှိရာမှ စီမံကိန်းကာလနောက်ပိုင်းတွင် ၂၇၅ ပိဿာ ခန့်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

    အဲဒီလို အထွက်နှုန်းတိုးလာခဲ့ပေမယ့် နိုင်ငံတကာအထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးမှုရှိနေသေးတယ်လို့ သိရပါတယ်။

    ၂၀၂၀-၂၀၂၁ ခုနှစ် စာရင်းများအရ စုစုပေါင်း လက်ဖက်အထွက်နှုန်း ပိဿာပေါင်း ၆၉ သန်းခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ မြန်မာ့လက်ဖက်ကို ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ(၂ ဒသမ ၅)သန်းခန့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
5
comments
0
views
4532