cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြည်တွင်း ငရုတ်သီးခြောက်စျေးကွက် ပုံမှန်ထက် အရောင်းအဝယ် အေးလာ

. Market Price
ယခင်က ငရုတ်သီး ခြောက် တစ်ပိဿာလျှင် ၁၃၀၀၀ မှ ၁၄၀၀၀ ကျော်ထိ ပေါက်စျေးရှိခဲ့ ပြီး လက်ရှိ တပိဿလျှင် ၁၁၀၀၀ မှ ၁၂၀၀၀ ကြားတွင် သာရှိကြောင်းသိရသည်။
  • ပြည်တွင်း ငရုတ်သီးခြောက်စျေးကွက် ပုံမှန်ထက် အရောင်းအဝယ် အေးလာကြောင်း ငရုတ်သီးကုန်သည်များ ထံမှသိရသည်။


    လက်ရှိ ငရုတ်သီး အား ပြည်ပနိုင်ငံဖြစ်သော ထိုင်း နိုင်ငံသို့ အဓိက ထား တင်ပို့နေရခြင်း ဖြစ်ပြီး မကြာသေးမီ က ထိုင်းနိုင်ငံ သို့ တင်ပို့နေသည့် အဓိက လမ်းကြောင်း ဖြစ်သော မြဝတီ အာရှလမ်းမကြီး ပျက်စီးခဲ့ ၍ ကုန်သွယ်မူ ပြတ်တောက် မှု ဖြစ်ပွါး ပြီး နောက်ပိုင်း အရောင်းအဝယ် သိသိသာသာ အေးစက် လာကြောင်း သိရသည်။


    “ အဓိက ထိုင်းဘက်ပဲ သွားတာ ဆိုတော့ ငရုတ်သီး ကို မြဝတီ လမ်းပိုင်း ပျက်လို့ နောက်ပိုင်း စျေးကွက် တော်တော်အေးသွားတယ်လို့ပြောလို့ရတယ်။ ပုံမှန်ထပ် တော်တော်အေးသွားတယ်။ အရောင်းအဝယ်မရှိဘူး။ စျေးကွက်မှာလဲ ငရုတ်တွေရှိသေးတယ် စျေးက တော့ အကျဘက်မှာ ရောက်နေတယ်။ဒီစျေး က နည်းနည်းငြိမ်နေတယ်။ “ ဟု ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် မှ ငရုတ်သီး ကုန်သည်တစ်ဦး ကပြောသည်။


    ယခင်က ငရုတ်သီး ခြောက် တစ်ပိဿာလျှင် ၁၃၀၀၀ မှ ၁၄၀၀၀ ကျော်ထိ ပေါက်စျေးရှိခဲ့ ပြီး လက်ရှိ တပိဿလျှင် ၁၁၀၀၀ မှ ၁၂၀၀၀ ကြားတွင် သာရှိကြောင်းသိရသည်။


    လက်ရှိ အခြေခံ စားသောက်ကုန် အတော်အများ အပြား စျေးတက်နေသော်လည်း ငရုတ်သီးခြောက်မှ စျေးမြင့်တက်မူ မရှိသောကြောင်း စျေးကွက် မှ သိရသည်။


    သို့သော် ပြည်တွင်းထွက်ရှိမူ နှင့်ပြည်တွင်း စားသုံးမူ မှာ မျှတနေသည့် တွက် ပြည်တွင်း၌ စျေးတန်းတခု ရရှိကာ စျေးအရမ်းကျ ဆင်းသွား ခြင်း မရှိကြောင်းသိရသည်။


    “ပြီးခဲ့တဲ့ နှစ်တွေ နဲ့ ယှဉ်ရင်တော့ စျေး က ကျတာပေါ့ ။ ပြီးခဲ့တဲ့ နှစ်ကဆို စျေး ၂၃၀၀၀ထိရခဲ့တာ။ အခုက တခြားကုန်စည်တွေသာ တက်တာ ငရုတ်က လုံးဝမတက်ဘူး ။အကျဘက်မှာပဲ ရောက်နေတာ ။ “ ဟု ငရုတ်ကုန်သည်တစ်ဦး ကပြောသည်။


    လက်ရှိ ငရုတ်သီးအား လှောင် ထားသည့်သူများ လည်း ရှိနေပြီး လှောင်ထားသည့် သူများအနေဖြင့် လက်ရှိစျေး ဖြင့်တွက်ချေမကိုက်ကြောင်း သိရသည်။


    အချို့ ပြည်ပ တင်ပို့သူများ အနေဖြင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းနှင့် အချို့ တင်ပို့မူ မူဝါဒ အခက်ခဲများကြောင့် ပြည်ပမှ ပေးသည့် စျေးနှုန်း ရရှိမှုနှင့် တွက်ခြေ မကိုက်သည့် အတွက် တင်ပို့နိုင်ခြင်း မရှိ ကြောင်း လည်း သိရသည်။


    လက်ရှိ ငရုတ်သီ' အား ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်း နိုင်ငံသို့ အဓိက ထား တင်ပို့နေပြီး လာအို ၊ မလေးရှား စသည်နိုင်ငံများ သို့ လည်းတင်ပို့နေေကြောင်း သိရသည်။


    မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ

    ငရုတ် ၊ပြောင်း နှင့်ကွမ်းသီးတို့အများဆုံး တင်ပို့ လျက်ရှိကြောင်း သိရသည်။


    ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းအချို့ပျက်စီးမှုများရှိခဲ့၍ ယာဉ်သွား လာမှုများ ရပ်တန့်သွားခဲ့ပြီးလမ်းပိုင်း အမြန်ဆုံးပြင်ဆင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်လျှက်ရှိပါသည်။


    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
15
comments
0
views
5695