cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဒေါ်လာဂယက်ကြောင့် ဧရာဝတီတိုင်းမှာ ပဲဈေးနှုန်း ဆက်လက် မြင့်တက်လာ

. Market Price
ပဲဈေးနှုန်း ဆက်လက်မြင့်နေတဲ့အတွက် ပြည်တွင်း ပဲဈေးကွက်မှာ ပဲဝယ်ယူမှု အနည်းငယ် ကျဆင်းနေ ပေမယ့် အိန္ဒိယနိုင်ငံကတော့ ပဲဝယ်ယူမှု ဆက်ရှိနေတယ်လို့သိရပါတယ်။
  • သြဂုတ်လအတွင်း ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက် လာတာ၊ ပြည်တွင်းမှာ ပဲလက်ကျန် နည်းပါးလာ တာ ကြောင့် ဧရာဝတီတိုင်းမှာ ပဲဈေးနှုန်းဆက်လက် မြင့်တက် လာတယ်လို့ပဲ၊နှမ်းလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။


    ပြီးခဲ့တဲ့ ဇွန်လအတွင်းက တစ်တင်း ကျပ် ၅၅၀၀၀ သာရှိခဲ့တဲ့ မတ်ပဲဟာ သြဂုတ် ပထမ အပတ်မှ ယနေ့ အထိတစ်တင်း ကျပ် ၇၆၀၀၀ ထိ ဈေးနှုန်း မြင့်တက် လာသလို ပဲပုတ်ကလည်း တစ်တင်းကျပ် ၅၀၀၀၀ ကနေ ကျပ် ၇၇၀၀၀ ထိ ဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ သိရပါတယ်။


    ကျန်ပဲတွေ ဖြစ်နေတဲ့ ပဲတီစိမ်း၊ ဘိုကိက်အပါအဝင် ပဲလွန်းဖြူတို့ကလည်း အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်း ဆက်လက် မြင့်တက်လာလို့သိရပြီး ပဲဈေးနှုန်း ဟာ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ စစ်တပ် အာဏာ သိမ်းပြီးနောက် စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးနှုန်း အဆမတန် ကြီးမြင့်နေတဲ့ အတွက် ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်တယ်လို့ ပဲ၊နှမ်းလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။


    “ပဲမျိုးစုံကတော့ ဈေးတက်တယ်၊ ဈေးတက်တယ် ဆိုတာကလည်း လက်ရှိကတော့ ဒီဒေါ်လာဈေးနဲ့ ငွေဈေးနဲ့ ငွေဈေးရဲ့ တက်လာတဲ့ အပေါ်မှာ တက်လာတာလည်း ရှိတယ်၊ နောက်ပြီးတော့ နောက်တစ်ခုက လယ်ယာ လုပ်ငန်းတွေမှာ သုံးတဲ့ ဓာတ်မြေဩဇာပေါ့၊ ဒီနေ့ဆိုလို့ရှိရင် ပုလဲ ဓာတ်မြေဩဇာ ဆိုရင် ၁၇၀၀၀၀ လောက် ရှိတယ်လေ၊ ထည်ထိုးဖို့ ဆိုလိုရှိရင် ဒီဇယ် (၁)ဂါလံကို ဆိုလိုရှိရင် လက်ရှိ တစ်လီတာကို ၃၂၀၀နဲ့ ၃၅၀၀ နယ်မှာ ပြောတာပေါ့နော်၊ အဲ့လိုမျိုးပေါ့ ဒီစိုက်ပျိုးတဲ့ ဥစ္စာတွေက အားလုံးကို ဈေးတက်လာတာ၊ အဲ့ဒီ အပေါ်မှာဘဲ မူတည်ပြီးတော့ ဈေးမြင့် ဈေးနိမ့် တယ်ဆိုတာ အဲ့ဒီ အပေါ်မှာ မူတည်ပြီး တော့ သွားကြလိမ့်မယ် ခင်ဗျ”လို့ သူကပြောပါတယ်။


    ပဲဈေးနှုန်း ဆက်လက်မြင့်နေတဲ့အတွက် ပြည်တွင်း ပဲဈေးကွက်မှာ ပဲဝယ်ယူမှု အနည်းငယ် ကျဆင်းနေ ပေမယ့် အိန္ဒိယနိုင်ငံကတော့ ပဲဝယ်ယူမှု ဆက်ရှိနေတယ်လို့သိရပါတယ်။


    ပဲ၊နှမ်းလုပ်ငန်းရှင်တွေကတော့ ပြည်တွင်းမှာ ပဲလက်ကျန် နည်းပါးနေတဲ့အတွက် လာမယ့် လပိုင်းတွေအတွင်း ပဲဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ် နေကြတယ်လို့သိရပါတယ်။


    ဧရာဝတီဟာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်တို့ကို အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး နှစ်စဉ်ပဲတန်ချိန် သောင်းနဲ့ချီ ထွက်ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။


    ထွက်ရှိလာတဲ့ ပဲတွေကိုတော့ အိန္ဒိယ ၊ပါကစ္စတန်၊ နီပေါနဲ့စင်ကာပူနိုင်ငံတို့ကို အဓိက တင်ပို့လို့ ရောင်းချ နေတာ ဖြစ်တယ်လို့ သိရပါတယ်။

    MyanmaPlatform မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views3471