cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အယ်နီညိုကြောင့် မြန်မာ့ဆန် တင်သွင်းရန် အင်ဒိုနီးရှား စောင့်ကြည့်နေ

. Market Price
အယ်နီညိုရာသီဥတုပုံစံကြောင့် ဆန်အထွက်နှုန်း ကျဆင်းနိုင်တယ်လို့ တွက်ဆထား
  • အယ်နီညိုရာသီဥတုပုံစံကြောင့် ဆန်အထွက်နှုန်း ကျဆင်းနိုင်တယ်လို့ တွက်ဆထားလို့ လိုအပ်တဲ့ပမာဏ ဖြည့်တင်းနိုင်ရေးအတွက် မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကနေ ဆန်တင်သွင်းဖို့ ကြိုးပမ်းနေကြောင်း အင်ဒိုနီးရှားအစိုးရပိုင် နိုင်ငံတော်အဆင့် စားနပ်ရိက္ခာဝယ်ယူသိုမှီးရေးအဖွဲ့ (Bulog) က ပြောပါတယ်။

    ‘‘ဆန်ဝယ်ယူရေးအတွက် စာချုပ်ချုပ်ဆိုရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မကြာမီကာလတွင်းမှာ မျှော်လင့်နိုင်လိမ့်မယ်’’လို့ Bulog အဖွဲ့ရဲ့ ကော်ပိုရိတ်အတွင်းရေးမှူး Awaluddin Iqbal က ဆိုပါတယ်။

    တဖက်မှာလည်း မြန်မာ့ဆန်တင်ပို့သူတွေအနေနဲ့ အိန္ဒိယရဲ့ ကမ္ဘာ့ဈေးကွက်ထံ ဆန်တင်ပို့မှု ပိတ်ပင်လိုက်တာကို အခွင့်ကောင်းယူပြီး ဈေးကွက်ဝေစု ပိုမိုရရှိလာနိုင်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။

    မြန်မာဘက်ကတော့ တန်းမြင့်ဆန်အမျိုးအစားတွေကို ဦးစားပေး ရောင်းချသွားဖို့အတွက်ကို အာရုံစိုက်နေပြီး ထိပ်သီးဆန်ရောင်းချသူတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ထိုင်းတို့ရဲ့ FOB ဈေးတွေ မြင့်တက်နေခြင်းကလည်း ဈေးကွက်အသစ် ရှာဖွေဖို့ အခွင့်အရေးတခုလို ဖြစ်လာပါတယ်။

    ဒီအချက်တွေကြောင့်ပဲ ယခုဘဏ္ဍာနှစ် လေးလပတ်အတွင်း ပြည်ပဆန်တင်ပို့မှု ထက်ဝက်ကျော် ကျဆင်းသွားခြင်းကနေ ပြန်လည်မြင့်တက်လာနိုင်ပြီး ဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရေး ရည်မှန်းချက် ပြည့်မီနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

    လက်ရှိမှာ တန်းမြင့်ဆန်တွေကို ဦးစားပေးရောင်းချမယ်လို့ MRF က ဆုံးဖြတ်ထားပေမယ့် ဧပြီလမှ ဇူလိုင်လအထိ တန်ချိန် ၃၂၀၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၃၈ သန်းသာ ရရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရှိရပါတယ်။

    ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ဆန်/ဆန်ကွဲ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိထားခဲ့ပြီး အသင်းချုပ်ရဲ့ အဆိုအရ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေက ထိပ်သီးဝယ်ယူသူတွေ ဖြစ်ခဲ့ပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views2105