cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တွင် ဆန်ချောဈေး ဆက်လက်မြင့်တက်နေ

. Market Price
အခုရက်ပိုင်းအတွင်းမှာတော့ ဆန်ချောဈေးနှုန်းတွေဟာ ရွှေဘိုပေါ်ဆန်းထိပ်စဆိုရင် ကျပ်နှစ်သောင်းကျော် လောက် တက်လာပြီး တခြားပေါ်ဆန်းအမျိုးအစားတွေလည်း ကျပ်ငါးထောင်လောက် ထပ်တက်လာတယ်လို့ ဆိုပါတယ်။
  • ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အရန်ဆန်တွေ ထုတ်ရောင်းပေးနေပေမယ့် ရန်ကုန် ဆန်ဈေးကွက်ထဲမှာ ဆန်ချော ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်မြို့က ဆန်လက်ကားရောင်းချနေသူတွေဆီက သိရပါ တယ်။ အခုရက်ပိုင်းအတွင်းမှာတော့ ဆန်ချောဈေးနှုန်းတွေဟာ ရွှေဘိုပေါ်ဆန်းထိပ်စဆိုရင် ကျပ်နှစ်သောင်းကျော် လောက် တက်လာပြီး တခြားပေါ်ဆန်းအမျိုးအစားတွေလည်း ကျပ်ငါးထောင်လောက် ထပ်တက်လာတယ်လို့ ဆိုပါတယ်။

    လတ်တလော ဆန်ချောဈေး မြင့်တက်နေတဲ့အတွက် စားသုံးသူပြည်သူတွေကတော့ ဆန်ချောထက် ဆန်ကြမ်း ဝယ်ယူမှု ပိုများတယ်လို့ ရန်ကုန်မြို့က ရွှေမိုး ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လက်ရှိ ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်တစ်သိန်း ခြောက်သောင်း ၊ ပေါ်ဆန်း၊ ပေါ်ဆန်းရှယ်၊ ကြားပျံရှယ် အပါအဝင် ပေါ်ဆန်းအမျိုးအစားတွေက တစ်အိတ်ကို ကျပ်တစ်သိန်းကျော်နဲ့ ဆန်ကြမ်း ဧည့်မထ တစ်အိတ်ကို ကျပ်ခုနစ်သောင်းကျော်အထိ ဈေးတက်လာတယ်လို့ သိရပါတယ်။

    ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ဆန်ကုန်သည်အသင်းအဖွဲ့တွေ ပူပေါင်း ပြီး ဩဂုတ် ၇ ရက်က စတင်ကာ လက်လီ ဈေးထက် သက်သာတဲ့ဈေးနဲ့ ဆန်အိတ်တွေ ထုတ်ရောင်းပေးနေ ပေးပြီး ဩဂုတ် ၁၆ ရက်အထိ ဆန်အိတ်ရေ တစ်သောင်းလောက် ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views1508