cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြက်သွန်များ အဖြစ်များတဲ့ မျိုးစေ့ဆောင်ရောဂါတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်ကြမလဲ?

. Diseases
- ကြက်သွန်မှာကျရောက်တဲ့ ရောဂါအများစုကတော့ မျိုးစေ့ဆောင်ရောဂါကြောင့် ဖြစ်တာ များပါတယ်။
  • article
  • - ကြက်သွန်မှာကျရောက်တဲ့ ရောဂါအများစုကတော့ မျိုးစေ့ဆောင်ရောဂါကြောင့် ဖြစ်တာ များပါတယ်။

    - အထွက်နှုန်းဆုံးရှုံးမှုမဖြစ်အောင်လို့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။

    ဒါကြောင့် မစိုက်ခင်မှာ ကြက်သွန်ဥ (သို့မဟုတ်) မျိုးစေ့ကို မှိုသတ်ဆေး တစ်မျိုးမျိုးနဲ့ လူးနယ်စိုက်ပျိုးသင့်ပါတယ်။

    - မျိုးစေ့ဆောင်ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့ အတွက်ကတော့ အပင်မစိုက်ခင်မှာ မျိုးစေ့လူးနယ်ဆေးကို အသုံးပြုသင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မျိုးစေ့ထဲမှာ ကပ်ပါလာတဲ့ ရောဂါဖြစ်စေတဲ့ သက်ရှိကို နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

    - မျိုးစေ့ဆောင်ရောဂါ ဖြစ်စေတဲ့ သက်ရှိတွေကတော့ ဖျူစေရီယမ် ( Fusarium spp) ၊ စခရိုရှန် ( Sclerotium spp)၊ ပစ်သီယမ် ( Pythiumn spp)၊ ဘိုထရိုက်တစ် ( Botrytis)

    - မျိုးစေ့လူးနယ်ဆေးပြုလုပ်ဖို့အတွက် အောက်ပါနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါတယ်။

    ကြက်သွန်ဥတွေကို တစ်လုံးချင်းစီရွေးပြီး အပေါ်ယံခွံကို ဖယ်ပါ။

    - သိုင်အိုဖီးနိတ် မီသိုင်း + သီရမ် (thiophanate methyl 50 %+ thiram 30% WP ) ၁၈၀ ဂရမ် (စားပွဲတင်ဇွန်း ၁၈ဇွန်း) နှင့် ရေ ၂၆ ဂါလံ ( ဆေးဖျန်းပုံး ၆ ပုံး) မှာဖျော်ပြီး ကြက်သွန် ၅၀ ကီလိုဂရမ်အတွက် အသုံးပြုနိုင်ပါသည်။

    - ကြက်သွန် ၂၅ ကီလိုဂရမ်ကို ပီနံအိတ် ထဲကို ခွဲထည့်ပြီး ကြိုးဖြင့်စည်း၍ ဖျော်စပ်ထားတဲ့ဆေးရည်ထဲကို ၃၀ မိနစ်ခန့် စိမ်ပါ။

    - ပြီးနောက် ကြက်သွန်ဥများကို အရိပ်ထဲတွင် ဖြန့်ပြီး အခြောက်ခံပါ။

    ပြီးနောက် ကြက်သွန် ၂၅ ကီလိုဂရမ်ကို ထပ်ပြီးစိမ် အရိပ်အောက်တွင် အခြောက်ခံပြီးနောက် စိုက်ပျိုးနိူင်ပါတယ်။


likes
12
comments
0
views
3019