cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အရသာလည်းရှိ ကိုယ်ခံအားလည်းကောင်းစေမည့် ကြက်ပေါင်းပြုလုပ်နည်း

. All News
အရသာလည်းရှိ ကိုယ်ခံအားလည်းကောင်းစေမည့် ကြက်ပေါင်းပြုလုပ်နည်း

  • လိုအပ်သည့်ပစ္စည်းများ

    ကြက်သား - တစ်ပိဿာကောင် ၁ ကောင်

    အာလူး - ၃ လုံး

    ကြက်သွန်နီ - ၅ လုံး

    ကြက်သွန်ဖြူ - ၁ လုံး

    ဂျင်း - ၁ တက်

    မုန်လာဥနီ - ၁ (သို့) ၂ တောင့်

    သခွားသီး - ၁ လုံး

    ရှမ်းနံနံ - အနည်းငယ်

    မာဆလာ - အနည်းငယ်

    ပူစီနံ - အနည်းငယ်

    ဆား - ၂ ဇွန်း (လက်ဖက်စားဇွန်း)

    ငံပြာရည် - ၂ ဇွန်း (လက်ဖက်စားဇွန်း)

    ခရုဆီ - ၂ ဇွန်း (လက်ဖက်စားဇွန်း)

    သကြား - ၃ ဇွန်း (လက်ဖက်စားဇွန်း)

    ချက်ပြုတ်နည်း

    - ပထမဦးစွာ ကြက်ကို ရေပြောင်အောင်ဆေး၍ ဆားပွတ်ပါ။

    - ဂျင်း၊ ကြက်သွန် နှင့် ရှမ်းနံနံတို့ကို ညက်အောင်ထောင်းပါ။

    - မုန်လာဥနီနှင့် သခွားသီးများကို အတုံးသေးသေးတုံးထားပါ။

    - ပြီးနောက် ခွက်တစ်ခုတွင်ထည့်၍ ဆား၊ ငံပြာရည်၊ မာဆလာ၊ ခရုဆီ၊ သကြားတို့ဖြင့် နယ်ပါ။

    - နည်ထားသော အစာများကို ကြက်ဝမ်းဗိုက်ထဲသို့ ထည့်ပါ။

    - ကြက်ပေါင်နှစ်ခုကို စု၍ ချည်ထားပါ။ (အတွင်းမှ အစာများ ထွက်မကျစေရန်ဖြစ်သည်။)

    - အစာသွပ်ပြီးကျန်ရှိနေသော အရည်များကို ကြက်တစ်ကောက်လုံး နှံ့အောင်နယ်ပေးပါ။

    - ပြီးလျှင် လျှပ်စစ်အိုးဟင်းပေါင်းအိုးတွင်ထည့်ပါ။ ကြက်သားဘေးတွင် မုန်လာဥနီ၊ ခရမ်းချဉ်၊ နံနံပင်တို့ကို နှစ်သက်သလိုထည့်နိုင်ပါသည်။

    - ဟင်းပေါင်းအိုးမရှိပါက ကြက်သားကို စတီးလင်ဗန်းတွင်တင်ပါ။ ဒယ်အိုးကြီးအလယ်တွင် ခွက်လုံးအသေးတစ်လုံးခံ၍ ခွက်လုံးပေါ် လင်ဗန်းကိုတင်ပါ။ ခွက်လုံးမမြုပ်ရုံရေထည့်၍ အဖုံးပိတ်ထားပေးပါ။

    - ဒယ်အိုးဖြင့်ပေါင်းပါက လင်ဗန်းထဲတွင် ကြက်သားမှထွက်လာသည့်အရည်ကို မကြာခဏခပ်ထုပ်ပေးပါ။

    - ၂ နာရီခန့်ကြာပါက စားသုံးနိုင်ပါပြီ။

    Source - ဟင်းချက်နည်း

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
11
comments
0
views
4304