cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရေချိူခရုများအန္တာရယ်

. Pests Management
ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောကို ထိုခိုက်စေသည့် ရောဂါ (Angiostrongy Liasis) ဖြစ်စေသော ရေချိုခရုမျိုးစိတ်

  • (က) ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောကို ထိုခိုက်စေသည့် ရောဂါ (Angiostrongy Liasis) ဖြစ်စေသော ရေချိုခရုမျိုးစိတ်

    မြန်မာနိုင်ငံ၏ စပါးစိုက်ခင်းများတွင် အများဆုံး ကျရောက်ဖျက်ဆီးလျက်ရှိသော ရွှေခရု Pomacea canaliculata (GoldenApple snail) သည် ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောကို ထိခိုက်စေသည့်ရောဂါ (Angiostrongy Liasis) ဖြစ်စေသော ကြွက်အဆုတ်သန်ကောင်ကို သယ်ဆောင်ကူးစက်စေသော လက်ခံကောင်အဖြစ် တွေ့ရှိရပါသည်။ ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောကို ထိခိုက်စေသည့်ရောဂါ(Angiostrongy Liasis) ကို ဖြစ်စေသော <ကက်အဆုတ်သန်ကောင်(Rat Lungworm) သည် နီမတုတ်ကပ်ပါးဖြစ်ပြီး အရွယ်ရောက်အကောင်ကြီး အဆင့်သည် ကြွက်၏ သွေးလတ်ကြောနှင့် သွေးပြန်ကြောများအတွင်း တွေ့ရှိရသည်။ရေချိုရွှေခရုမျိုးစိတ်များသည် လက်ခံကောင်အဖြစ် ကြွက်အဆုတ်သန်ကောင်အား တွယ်ကပ်ရှင်သန်စေသည်။ တရုတ်ပညာရှင်များ တွေ့ရှိချက်အရ မြန်မာနိုင်ငံ၏ စပါးစိုက်ခင်းများတွင် အများဆုံးကျရောက်လျက်ရှိသော ရွှေခရု Pamacea canaliculata(Golden Apple snail) သည် ကြွက်အဆုတ်သန်ကောင်ကို သယ်ဆောင်ကူးစက်သော လက်ခံကောင်အဖြစ် တွေ့ရှိရသဖြင့် ရွှေခရုမျိုးစိတ်များကို မစားသင့်ကြောင်းဖော်ပြထားပါသည်။ ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောကို ထိခိုက်စေသည့်ရောဂါ (Angiostrongyliasis)သည် လူတွင် ကူးစက်ခံရပါက ဖျားခြင်၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ လည်ချောင်းနာခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိတွင်းဝင်ရောက်သွားပါက မျက်စိနာခြင်း စသည့်ရောဂါများ ဖြစ်စေပါသည်။

    (ခ) အူနှင့် ဆီးလမ်းကြောင်း ထိခိုက်စေသည့် ရောဂါ (Schistomiasi/ Biharziasis/ Snail fever) ဖြစ်စေသောရေချိုခရုမျိုးစိတ်များ

    Schistomiasis (အူနှင့် ဆီးလမ်းကြောင်းထိခိုက်စေသည့်ရောဂါ) သည် လယ်ယာစိုက်ပျိုးမှုများသော ဧရိယာများ၊ရေချိုရေကန်များ၊စမ်းချောင်းများ၊ ရေလှောင်ကန်များ၊ ဆည်ရေတမံများရှိသောဒေသများတွင် အဖြစ်များပါသည်။Schistomiasis ရောဂါပိုးရှိသော လူ၏ ဆီး၊ မစင်မှတစ်ဆင့် ပါလာသော ရောဂါဖြစ်စေသည့် ဥများသည် ရေချိုရေကန်များ၊ စမ်းချောင်းများ၊ ရေတမံများအတွင်း ရောက်ရှိပြီးနောက်သားလောင်းအဖြစ် ရောက်ရှိကာ ခရု၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးတွယ်ကပ်နေပါသည်။ ခရုမှတစ်ဆင့် စွန့်ထုတ်လိုက်သော သားလောင်းလေးများပေါက်ဖွားနေသော ရေချိုရေနှင့် တိုက်ရိုက်ထိတွေ့မိသောလူ၏ အရေပြားကို ထိုးဖောက်ဝင်ရောက်သွားပါသည်။ ၎င်းမှတစ်ဆင့် လူ့ခန္ဓာကိုယ်ရှိ သွေးကြောမကြီးများထဲသို့ ရောက်ရှိသွားပြီး အကောင်ကြီးအဖြစ်ကူးပြောင်းကာ အသည်းလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း အသီးသီး၌ မျိုးပွားကာအူနှင့် ဆီးလမ်းကြောင်း ထိခိုက်စေသည့် ရောဂါဖြစ်စေပါသည်။ အူနှင့် ဆီးလမ်းကြောင်း ထိခိုက်စေသည့် ရောဂါကူးစက်ခံရပါက လူတွင် ဝမ်းပျက်ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်း၊အသည်းနှင့် ဘေလုံးကြီးခြင်း၊ အသည်းပျက်စီးခြင်း၊ ဆီးအောင့်ခြင်း၊ မိန်းမကိုယ်မှာ အနာဖြစ်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အဆုတ်ရောင်ခြင်း၊ အာရုံကြော ထုံကျဉ်ခြင်း၊ ခါးနာခြင်း၊ အကြောသေခြင်း၊ အမြင်အာရုံပျက်စီးခြင်း အစရှိသည့် ရောဂါများဖြစ်ပွားစေပါသည်။ ရောဂါလက်ခံကူးစက်စေသော ခရုမျိုးစိတ်များမှာ Bulinus, Biomphalaria (ခရုမျက်ကျယ်) ၊Lymnaea (ခရုဖင်ချွန်း) ၊Oncomelania (ခရုဖင်ချွန်း)တို့ ဖြစ်ပါသည်။

    (ဂ) မြန်မာနိုင်ငံတွင် ခရုစားသုံးမှု အခြေအနေများအပေါ် သုံးသပ်ခြင်း

    မြန်မာနိုင်ငံတွင် ခရုများကို စပါးစိုက်ဧရိယာများ၊ ရေချိုရေကန်များ၊ စမ်းချောင်းများ၊ ရေလှောင်ကန်များ၊ ဆည်ရေတမံများအစရှိသည့်နေရာများတွင် အများဆုံးတွေ့ရှိရပြီး လူအချို့ စားသုံးလျက်ရှိပါသည်။ စပါး စိုက်ခင်းများတွင် အများဆုံးကျရောက်တတ်သည့် ရွှေခရု Pomacea canaliculata (Golden Apple snail) သည် ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောကို ထိခိုက်စေသည့် ရောဂါ (Angiostrongy liasis)

    လက်ခံကူးစက်စေသည့်အပြင် အခြားခရုမျိုးစိတ်များဖြစ်သည့် Bulinus, Biomphalaria (ခရုမျက်ကျယ်) ၊Lymmaea (ခရုဖင်ချွန်း) ၊Oncomelania (ခရုဖင်ချွန်း) များမှာလည်း Schistomiasis (အူနှင့် ဆီးလမ်းကြောင်း ထိခိုက်စေသည့်ရောဂါ) ကို လက်ခံပြန့်ပွားစေကြောင်းလေ့လာတွေ့ရှိရပါသည်။ စားသုံးသူများ ချက်ပြုတ်စားသောက်သည့် အပူချိန်သည် ကပ်ပါးနီမတုတ်ကို မသေစေနိုင်ကြောင်းလည်း သုတေသနစာစောင်များအရ သိရှိရပါသည်။ သို့ပါ၍ သုတေသနနှင့် လက်တွေ့ တွေ့ရှိချက်များအရ ခရုတွင် အာဟာရဓာတ်များစွာ ပါဝင်သော်လည်း နောက်ဆက်တွဲ အကျိုးဆက်အားဖြင့် ရောဂါများဖြစ်ပေါ်စေသောကြောင့် စားသုံးရန်မသင့်ကြောင်း လေ့လာတွေ့ရှိချက်များကို ရေးသားလိုက်ရပါသည်။

    ဒေါက်တာခင်မာလာမြင့်

    (သီးနှံကာကွယ်ရေးဌါနခွဲ)

    မြန်မာတောင်သူကြီးများဂျာနယ်

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes10comments1
views3585