cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အခုရက်ပိုင်းအတွင်း စားသောက်ကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာ

. Market Price
အရင်က စျေးတက်တယ်ဆိုတာက ဆန်၊ ဆီလောက်ပဲ စျေးတက်တာ။အခုရက်ပိုင်းအတွင်းမှာ တခြားစားသောက်ကုန်တွေပါ လိုက်တက်လာတယ်။
  • အခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာနဲ့ ကြုံနေရတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တွေနဲ့ အိမ်ထောင်ရှင်မတွေထံမှ သိရပါတယ်။

    “အရင်က စျေးတက်တယ်ဆိုတာက ဆန်၊ ဆီလောက်ပဲ စျေးတက်တာ။အခုရက်ပိုင်းအတွင်းမှာ တခြားစားသောက်ကုန်တွေပါ လိုက်တက်လာတယ်။ဆန်စျေးနဲ့ ဆီစျေးက နည်းနည်းပြန်ကျသွားတယ်ဆိုပေမယ့် တက်စျေးမှာပဲရှိနေလို့ ဝယ်ယူစားသောက်ဖို့ အခက်အခဲဖြစ်နေသေးတယ်။ပုံမှန်စားနေကြ ဆန်အမျိုးအစားထက် စျေးသက်သာတဲ့ ဆန်ကိုရွေးဝယ်ပြီး စားနေရတုန်းပဲ။သားငါးတင်မဟုတ်ဘဲ အသီးအရွက်ကအစ စျေးတက်လာတာဆိုတော့ စျေးထဲသွားရင်လည်း ပိုက်ဆံက အရင်ထက် နှစ်ဆလောက်ပိုကုန်မှ စားလို့ရတဲ့အနေထားဖြစ်လာတယ်” လို့ အရှေ့ဒဂုံမြို့နယ်မှ အိမ်ထောင်ရှင်မတစ်ဦးက ပြောပါတယ်။

    ထိုကဲ့သို့ အခြေခံကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအနေနဲ့လည်း ပုံမှန်ထက်စျေးတင်ရောင်းလာတာတွေရှိနေတယ်လို့ ကျောက်တံတားမြို့နယ်မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    “အခုရက်ပိုင်း ထမင်းဆိုင်တွေလည်း စျေးထပ်တက်လာတယ်။အရင်က နှစ်ထောင်နဲ့ရောင်းတဲ့ ဆိုင်က နှစ်ထောင့်ငါးရာဖြစ်သွားသလို၊ နှစ်ထောင့်ငါးရာလောက်နဲ့ ရောင်းတဲ့ဆိုင်က အခုသုံးထောင်ဖြစ်သွားတယ်။ကော်ဖီပလိန်း တစ်ခွက်ကအစ ခြောက်ရာဖြစ်သွားတယ်။လက်ဖက်ရည်တစ်ခွက်ဆိုရင်လည်း ရှစ်ရာရောင်းတဲ့ ဆိုင်က တစ်ထောင်၊ တစ်ထောင်နဲ့ရောင်းတဲ့ ဆိုင်က တစ်ထောင့်နှစ်ရာဖြစ်သွားတယ်။တချို့ဆိုင်ကြီးတွေဆိုရင် လက်ဖက်ရည် တစ်ခွက်ကို ၁၅၀၀ လောက်ရောင်းတဲ့ ဆိုင်တွေလည်းရှိတယ်။အခုလို ဝင်ငွေနည်းလာတဲ့အချိန်မှာ အစစအရာရာ စျေးတက်နေတော့ ဘာမှကိုဝယ်မစားရဲဘူးဖြစ်နေတယ်” လို့ ၎င်းကပြောပါတယ်။

    လက်ရှိတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာသည့်အတွက် သက်သာသောနှုန်းထားဖြင့် ရောင်းချသည့် ဆန်နှင့် ဆီများကို လာရောက်တန်းစီ၍ ဝယ်ယူမှုတွေဟာလည်း အရင်ကထက်ပိုများပြားလာတယ်လို့ ကိုယ်တိုင်သွားရောက်တန်းစီ ဝယ်ယူသူတွေထံမှ သိရပါတယ်။

    ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို မြို့နယ်အချို့မှာ လုပ်ဆောင်ပေးနေပေမယ့်လည်း လူတိုင်းနီးပါးဝယ်ယူလို့မရဘူးလို့ ဆိုပါတယ်။

    လက်ရှိစျေးကွက်အတွင်းမှာတော့ ဆန်အချော ၁ ပြည်ကို မြန်မာငွေ ၇၀၀၀ ကျပ်ဝန်းကျင်စျေးရှိနေပြီး ဇီယာ၊ လုံးသွယ်လို ဆန်အမျိုးအစားတွေကတော့ ၁ ပြည်ကို ၅၀၀၀ ကျပ်နီးပါးအထိ စျေးမြင့်တက်နေတာလို့ ဆိုကြပါတယ်။

    အလားတူ စားသုံးဆီစျေးနှုန်းများမှာလည်း အမြင့်စျေးမှာရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့်အပတ်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်စျေးအဖြစ် မြင့်တက်ခဲ့သော စားအုန်းဆီမှာ ယခုအပတ် အနည်းငယ်ကျဆင်းလာကာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေတယ်လို့ စျေးကွက်အတွင်းမှ သိရပါတယ်။


    အောင်အောင်

    opinionleaders မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views5107