cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စပါးစိုက်ခင်း အပင်အာဟာရ ချို့တဲ့သည့်လက္ခဏာများ

. Nutrient Deficiency
နိုက်ထရိုဂျင် ချို့တဲ့သော စပါးစိုက်ခင်းက ပင်ပွားထွက်တာနည်းမယ်။ အောက်အရွက်ရင့်တွေ အခင်းလိုက်ဝါနေပြီး၊ ထောင်မတ်တဲ့ အရွက်က ကြုံလှီသေးသွယ်နေမယ်။


  • နိုက်ထရိုဂျင်ချို့တဲ့ခြင်း

    နိုက်ထရိုဂျင် ချို့တဲ့သော စပါးစိုက်ခင်းက ပင်ပွားထွက်တာနည်းမယ်။ အောက်အရွက်ရင့်တွေ အခင်းလိုက်ဝါနေပြီး၊ ထောင်မတ်တဲ့ အရွက်က ကြုံလှီသေးသွယ်နေမယ်။

    ဖော့စဖရပ်ချို့တဲ့ခြင်း

    ဖော့စဖရပ်ချို့တဲ့ရင် အရွက်က စိမ်းမှောင်ပြီး အရောင်ပြောင်းနေမယ်။ ပင်ပွားနည်းကာ ပုတိုကြုံလှီနေမယ်။ အဖျင်းစေ့၊ လုံးပိန်လုံးညှပ်များမယ်။ အနှံစေ့ဖြစ်ပေါ်မှု လျော့နည်းနေမယ်။

    ပိုတက်ဆီယမ်ချို့တဲ့ခြင်း

    ပိုတက်ဆီယမ် ချို့တဲ့လို့သံချေးအညိုရောင် အစက်များ အရွက်ထိပ်ဖျားပိုင်းမှာ ပျံ့နှံ့နေပါတယ်။ ပိုတက်ဆီယမ် ချို့တဲ့တဲ့အခါ အမြစ်ပုပ်နေမယ်။ ပိုတက်ဆီယမ် ပြည့်စုံနေရင် အမြစ်များဟာ နီညိုရောင်ဖုံးနေမယ်။

    ဆီလီကွန်ချို့တဲ့ခြင်း

    ဆီလီကွန် ချို့တဲ့ရင် အရွက်ငိုက်ကျနေပြီး နေရောင်ရရှိမှု နည်းမယ်။ ဆီလီကွန်က အရွက်ထောင်မတ်စေတယ်။ ပိုးမွှားရောဂါ ဖျက်ဆီးမှုဒဏ်ကို ခံနိုင်ရည်ရှိနေစေတယ်။

    ဆာလဖာချို့တဲ့ခြင်း

    ဆာလဖာချို့တဲ့ရင် အရွက်နုစိမ်းဖျော့နေပြီး အရွက်ရင့်ဝါနေတယ်။ လယ်မြေမှာ မြေဆွေးသိပ်နည်းရင် ဖြစ်တတ်ပါတယ်။

    သံဓာတ်အဆိပ်ဖြစ်မှု

    စပါးခင်းက သံဓာတ်ပါဝင်မှု များလွန်းရင် အရွက်ရင့်ရဲ့ ထိပ်ဖျားပိုင်းကစပြီး အဝါပျောက်ဖြစ်ကာ တဖြည်းဖြည်းညိုသွားသည်။ ထိခိုက်မှု ပြင်းထန်လျှင် အောက်ပိုင်းအရွက်များသေပြီး ပင်ပွားထွက်နည်းစေနိုင်ပါတယ်။

    သွပ်ဓာတ်ချို့တဲ့ခြင်း

    သွပ်ဓာတ်က အရွက်လယ်ကြောရဲ့ အောက်ခြေမှာ ဖြူဖျော့လာမယ်။ ရွက်ဟောင်းတွေမှာ အညိုရောင်ဖြစ်လာမယ်။ ပင်ပွားထွက်ခြင်းနဲ့ ကြီးထွားမှု ကျဆင်းစေတယ်။ ချို့တဲ့မှုပြင်းထန်ရင် အပင်သေနိုင်ပါတယ်။ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ် အသုံးများလွန်းရင်လည်း သွပ်ဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

    အလူမီနီယမ်အဆိပ်သင့်ခြင်း

    အလူမီနီယမ်အဆိပ်သင့်တဲ့အခါ ရွက်ကြောကြားမှာ အဖြူကွက်ဖြစ်နေပြီး နောက်ပိုင်းအရွက်ခြောက်ကာ အပင်သေစေပါတယ်။ အပင်က ပုတိုပြီး လှီနေပါတယ်။ မြေချဉ်တဲ့ ရွှံ့စေးမြေနှင့် ပုလဲအသုံးများပြီး မြေချဉ်နေရင် ရေမှာပျော်ဝင်တဲ့ အလူမီနီယမ် ဓာတ်လွန်ကဲနေလို့ဖြစ်နေရတာပါ။

    ဆားငန်မြေ

    အထက်ပိုင်းအရွက်များ ဖြူပြီးလိမ်နေပါတယ်။ အရွက်ရင့်များ ညိုနေတယ်။ အပင်ကြီးထွားမှုနဲ့ ပင်ပွားထွက်တာ နှောင့်နှေးစေပါတယ်။ မြစ်ဝကျွန်းပေါ် အငန်ဓာတ်ရှိသောမြေနှင့် ပင်လယ်ရေအလွှမ်းခံရသည့် ပင်လယ်ကမ်းရိုးတန်းဒေသမှာ ဖြစ်နိုင်ပါတယ်။ အရွက်ထိပ်ဖျားမှ စတင်ကာ အဖြူရောင်မှ အညိုရောင်ထိ အရောင်ပျက်လာပြီး အပင်လောင်သော လက္ခဏာ ဖြစ်စေသည်။ အပင်ကြီးထွားမှုနှင့် ပင်ပွားထွက်ခြင်းကို ကျဆင်းစေနိုင်ပါတယ်။

    အထွက်နှုံး အမြင့်ဆုံးရရှိ ရန် မြေသြဇာ များ ( သဘာ၀ မြေသြဇာ နှင့် ဓာတုမြေသြဇာ များ) ကို အချိုးအစားမျှတစွာသုံးပါ။စိုက်ပျိုးမြေ အများစုသည် အာဟာရမလုံလောက်သဖြင့် သီးနှံအထွက်တိုးရန် မြေသြဇာများ ထည့်သွင်းအသုံးပြုရသည်။

    တချို့သောမြေများတွင်မြေဆီလွှာရုပ်ဂုဏ်သတ္တိ တိုးတက်ကောင်းမွန်အောင် အော်ဂဲနစ်မြေသြဇာများ ထည့်သွင်းအသုံးပြုသည်။ထည့်သွင်းအသုံးပြုရမည့် ပမာဏ နှင့်အမျိုးအစားကို ဆုံးဖြတ်နိုင်ရန် စပါး တစ်တန် ထွက်လျင် နိုက်ထရိုဂျင် ၁၅ ကီလို ၊ ဖော့စ်စဖရပ်စ် ၂-၃ ကီလိုနှင့် ပိုတက်စီယမ် ၁၅-၂၀ ကီလို စုပ်ယူ ဖယ်ရှားသွားသည်ဆိုသည့် ယူဆချက်ပေါ်တွင်မူတည် ၍ တွက်ချက်သည်။မြေဆီလွှာ ၊ စိုက်မည့်ရာသီ ၊ သီးနှံအခြေအနေ ။ ဖြစ်ပေါ်လာနိုင်သော ရာသီဥတုအခြေအနေ ၊ ထိရောက်သော အသုံးပြုနည်းစနစ် တို့အပေါ် မူတည်သည်။

    စပါး ပင်အတွက် အဟာရဓာတ် (၁၆)မျိုး လိုအပ်သော်လည်း အခြေ ခံအားဖြင့် (၁) နိုက်ထရိုဂျင် (၂) တီစူပါ နှင့် (၃) ပိုတက် သုံးမျိုး ကို မဖြစ်မနေ သုံးရမည်။

    (၁) နိုက်ထရိုဂျင် (ပုလဲ မြေသြဇာ) - ၏အာနိသင် သည် စပါး ပင်ကိုကြီးထွားသန်စွမ်းစေပြီး ပင်ပွားများစေသည်။

    (၂) တီစူပါ ၏အာနိသင်သည် အသီးအပွင့် ကို ပွားများစေသည်၊အစေ့အဆံပြည့်ဖြိုးပြီး အောင်စေ့ရာခိင်နှုန်းများသည်။ စပါးပင်အမြစ်ဖွံ့ ဖြိုးမှု ကောင်းစေသည်။

    (၃) ပိုတက်ရှ် ၏ အာနိသင်သည် စပါးပင်ကို ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိစေသည်၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေသည်၊ အပင်ရိုင်လဲမှု လျော့နဲစေသည်၊ ဆန်ကြိတ်ရာတွင် ကျိုးအကျေနဲစေသည် ၊ ဆန်အရည်အသွေး ကောင်းစေသည်။

    အနည်းလို အဟာရဓာတ်များ အနက် ဆီလီကာ ၊ သွပ် ဓာတ် ၊ ထုံးဓာတ် နှင့် ကလိုရင်းဓာတ်များ သည် စပါးအထွက်နှုံးနှင့် အရည်အသွေးကို ကောင်းစွာ အထောက်အကူ ပြု၍ ထည့်ပေးသင့်သည်။

    ထွက်တိုး (တောင်သူအကျိုးပြုစိုက်ပျိုးရေးဖုန်းဆော့ဝဲ)

    -----------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes
44
comments
7
views
13210