သရက်ပင်ကြီးတွေကို မျိုးကောင်းမျိုးသန့် ကိုင်းဆက်၍ ပြန်လည် ပြုပြင်ခြင်း
သရက်ပင်ကြီးတွေကို မျိုးကောင်းမျိုးသန့် ကိုင်းဆက်၍ ပြန်လည် ပြုပြင်ခြင်းနည်းကို ထွက်တိုးမှ ရုပ်ပုံလေးများဖြင့်ဖော်ပြပေးလိုက်ပါတယ်။
၁. မိမိကိုင်းကူးလိုသော အပင်၏ပင်စည်ကိုဖြတ်ပေးပါ။
၂.သရက်မျိုးကိုင်းဆက်ရန်အခေါက်ကိုတစ်လက်မခန့်ခွာပါ။
၃.မိမိကိုင်းကူးလိုသောမျိုးကိုင်းကို ပါးသွားအောင်ချွန်ပါ။
၄.မျိုးကိုင်းကို အရာပေးထားသည့် အခေါ်ကထဲသို့ထည့်ပြီး
ကိုင်းဆက်ပေးပါ။ ပြီးနောက် ရေမဝင်စေရန် ကိုင်းကူးတိပ်(သို့မဟုတ်) ကြိုးစဖြင့်ချည်ပေးပါ။
၅.ရေမဝင်စေရန် ကိုင်းကူးတိပ်(သို့မဟုတ်) ကြိုးစဖြင့်ချည်ပေးပါ။
၆.တစ်လခွဲခန့်အကြာတွင် ကိုင်းဆက်ထားသည့် မျိုးကိုင်းမှအညွှန့်များ ရှင်သန်လာမည်။
၇.အညွှန့်နုများထွက်ချိန်တွင် စုပ်စားပိုးများကျနိုင်တာကြောင့် စုပ်စာပိုးသတ်ဆေးဖျန်းပေးပါ။
၈.အကိုင်းများ ကောင်းစွာကြီးထွားနိုင်ရန်မြေဆီနှင့်မြေဆွေးကိုအပင်တစ်ပေပတ်လည် မြေဆွပြီး ကျွေးပေးပါ။ အစိုဓါတ်ရရှိရန် ရေလောင်းပေးပါ။
၉.အချို့ကိုင်းကူးအပင်များသည် နှစ်ချင်းသီးနိုင်သော်လည်း၁-၃နှစ်ကြာမှသာအသီးယူပေးလျှင်အကောင်းဆုံးဖြစ်သည်။
References – World Agroforesty Centre ( mango Grafting Manual Book)
- https://www.gardeningknowhow.com
-----
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်










NewsFeed
Communities
Explore
Inbox
Me
Market Price