cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းမြေပဲ စျေး ကျ ပြီး အဝယ်အေးလာ

. Market Price
စားဆီဘက် အဝယ်လိုက်လာသည့် အတွက် မြေပဲ အရောင်းအဝယ် စျေးကွက် အေးလာကြောင်း ပဲကုန်သည်များ ထံမှ သိရသည်။

  • လက်ရှိတွင် မြေပဲထွက် သည့် ကာလဖြစ်သည့် အပြင် စားဆီများကို စျေးလျော့ ရောင်းချပေးနေသည့် အတွက် စားဆီ ဘက်အသုံးပြုသူများလာကာ ပဲဆီ အရောငျးဝယျအေးလာ၍မွပေဲဆနျ စြေးပါ ကဆြငျးနခွေငျးဖွစျကွောငျးသျိရသညျ။


    “ မြေပဲစျေး အေးတာက စားဆီ ဆွဲချလို့လဲပါတယ် ။စားဆီက အခုက ရည်ညွန်းစျေး နဲ့ရောင်းပေးနေတာဆိုတော့ ပဲဆီဝယ်တဲ့ အရေအတွက် ကျသွားတယ်။ ဒါကြောင့် မြေပဲဆန် လိုင်း ကောကျသွားတယ်။လူတွေ ကြပ်တည်းတော့ စားဆီဘက်ကို ပြောင်းမှာပဲလေ၊ အဲ့တော့ ဝယ်လိုအားလျော့တော့စျေးကွက်အရ အေးမှာပေါ့ ”ဟု အောင်လံမြို့ မှ ရွှေထွန်း ဆီစက် မှ ကို ရွှေထွန်းပြောသည်။


    အောင်လံတွင် ယခင် မြေပဲလုံးဆန် တပိဿာလျှင် ၇၅၀၀ မှ လက်ရှိ တပိဿာလျှင် ၆၄၀၀ ကျပ် အထိ ကျဆင်းသွား ကြောင်း သိရသည်။


    ပြီးခဲ့ သည့် နှစ်ဖြင့် ယှဉ်ရင်တော့ မြေပဲလုံးဆံ စျေး မှာ အတက်စျေး တွင်ရှိကြောင်း မြေပဲဆီ စက်ပိုင်ရှင်များထံမှ သိရသည်။


    လက်ရှိ စျေးကွက်တွင် နယ်ပေါင်းစုံမှ မြေပဲဆန် ဝင် ရောက်လာမှုနှင့် ဆီစက်သမားများ ဝယ်ယူမှု နည်းခြင်းကြောင့် တစ်ပတ် အတွင်း မြေပဲဆန် စျေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နီးပါ ခန့် စျေးကျ ဆင်းခြင်း ဖြစ်ကြောင်းသိရသည်။


    “လောလောဆယ် က စျေးကွက်မှာ မြေ ပဲဆန်စျေး က ကျဆင်းနေတယ်။ အမြင့်ဆုံးမှ ၆၄၀၀ စျေးရှိတာ၊ အရင် က အမြင့်ဆုံး ကျပ် ၇၄၀၀ စျေး ရှိတယ်။စားအုန်းဆီစျေး က ကျတာလည်း ပါတယ်။ ပြီးခဲ့နှစ်က မြေပဲလုံးဆန် စျေးက ပထမက ၆၃၀၀ဖြစ်တယ်။နောက်ပိုင်း၄၇၀၀ထိ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင်တော့ မြင့်တယ် ။ မြေပဲပေါ်လာ

    ရင် ကျတာပဲ” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။


    ပြည်တွင်းမြေပဲမှာ ဩဂုတ်လ တတိယပတ်တွင် စတင် ထွက်လေ့ ရှိ ပြီးယခုနှစ်တွင် အထွက်နှုန်း မြင့်နေကြောင်း သိရသည်။


    လက်ရှိတွင် ပြည်၊ အောင်လံ၊ မကွေးရှိ မြေပဲစိုက်ပျိုးသည့်ဒေသများမှ မြေပဲဆန်များထွက်ရှိနေပြီဖြစ်ပြီး မကြာမီ အခြား မြေပဲစိုက်ပျိုးသည့်ဒေသများမှ မြေပဲဆန်များ ထွက်ရှိတော့မည်ဖြစ်ကြောင်းသိရသည်။


    မြေပဲများကို ယခင် ပြည်ပနိုင်ငံတချို့သို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာကြောင်း သိရသည်။


    ဖိုးချဲ(AMIA)


    Exclusive Content For Htwet Toe - ထြက္တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments2
views7343