cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြန်မာ့ထောပတ်သီး ဝယ်ယူရန် ဘာရိန်းနိုင်ငံ ကမ်းလှမ်းထား

. Market Price
"သူတို့ နိုင်ငံအတွင်းမှာရှိတဲ့ လက်လီအရောင်းဆိုင်တွေမှာ ရောင်းချလိုတဲ့အတွက် မြန်မာ့ထောပတ်သီးတွေကို ဝယ်ယူတင်သွင်းဖို့ စိတ်ဝင်စားတာကြောင့် သူတို့ရဲ့ အိန္ဒိယအခြေစိုက် ကုမ္ပဏီကတစ်ဆင့် ကမ်းလှမ်းလာတာပါ’’
  • ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ဘာရိန်းနိုင်ငံက မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီးနဲ့ ထောပတ်သီးအဆီ ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

    အိန္ဒိယအခြေစိုက် Riyara ကုမ္ပဏီကတဆင့် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ကမ်းလှမ်းချက်အပေါ် ကုမ္ပဏီကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ၊ အိန္ဒိယအခြေစိုက် မြန်မာစီးပွားရေးသံမှူး၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (နေပြည်တော်/ရှမ်း)တို့ ဩဂုတ်လနောက်ဆုံးအပတ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

    ‘‘သူတို့ နိုင်ငံအတွင်းမှာရှိတဲ့ လက်လီအရောင်းဆိုင်တွေမှာ ရောင်းချလိုတဲ့အတွက် မြန်မာ့ထောပတ်သီးတွေကို ဝယ်ယူတင်သွင်းဖို့ စိတ်ဝင်စားတာကြောင့် သူတို့ရဲ့ အိန္ဒိယအခြေစိုက် ကုမ္ပဏီကတစ်ဆင့် ကမ်းလှမ်းလာတာပါ’’လို့ MAVO တာဝန်ရှိသူက ပြောပါတယ်။

    နှစ်ဖက်ဆွေးနွေးမှုတွေအရ လာမယ့် အောက်တိုဘာလလယ်မှာ မြန်မာ့ထောပတ်သီးနဲ့ ထောပတ်သီးအဆီကို စမ်းသပ်တင်ပို့မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

    ‘‘မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နဲ့ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူးတို့က ကူညီဆောင်ရွက်ပေးနေပါတယ်’’လို့ ၎င်းက ဆိုပါတယ်။

    လက်ရှိမှာ စမ်းသပ်တင်ပို့ဖို့ ဘာရိန်းနိုင်ငံထံ မြန်မာ့ထောပတ်သီးထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြုလက်မှတ်များ၊ သယ်ယူပို့ဆောင်မယ့်နည်းလမ်းနဲ့ ထုတ်ကုန်သက်တမ်း၊ Global GAP လက်မှတ်ရရှိထားတဲ့ ထောပတ်ခြံများ၊ အရည်အသွေးစစ်ဆေးထားတဲ့ ထောက်ခံချက်များ၊ တင်ပို့နိုင်မယ့် ပမာဏတွေနဲ့ လက်ရှိတင်ပို့နေတဲ့ ဈေးကွက်အခြေအနေတွေကို ပေးပို့ထားပြီးပြီလို့ သိရှိရပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
9
comments
0
views
2850