cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ သကြား ဘင်္ဂလားဒေ့ရှ် ဝယ်ယူမယ်

. Market Price
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သကြားတင်ပို့ရန် စိတ်ဝင်စားမှုရှိပြီး ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်း နှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဖို့လည်း ဆွေးနွေးထားတယ်လို့ သိရပါတယ် ။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်း သကြားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် မြန်မာနိုင်ငံမှသကြားကို တင်သွင်းဖို့ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်မစ်ရှင်က အကြံပြုထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းအရသိရပါတယ်။

    မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သကြားအစားထိုးတင်သွင်းနိုင်တဲ့ အရင်းအမြစ်ဖြစ်လာနိုင်သလို လက်ရှိမှာ မြန်မာ့သကြားဝယ်ယူနိုင်ဖို့အတွက်ကိုလည်း လိုအပ်တဲ့အဆင့်တွေကိုလုပ်ဆောင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

    မြန်မာ့သကြား တင်ပို့နိုင်ဖို့အတွက်ကိုလည်း ဘင်္ဂလားဒေ့ရှ်မစ်ရှင်နှင့် မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များ အသင်း(Myanmar Sugar and Cane Related Products Association-MSCA) တို့အကြား တွေ့ဆုံဆွေးနွေးတာတွေကို လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

    ဒီအပြင် အစိုးရချင်း (Government to Government -G2G)၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းအကြား (Government to Business -G2B) နှင့် စီးပွားရေးလုပ်ငန်း အချင်းချင်း (Business to Business -B2B) အရောင်းအဝယ်များအပါအဝင် ဖြစ်နိုင်ချေရှိသော သွင်းကုန်သဘောတူညီချက်များကိုပါ ဆွေးနွေးထားတယ်လို့လည်းသိရပါတယ်။

    မြန်မာနိုင်ငံသကြားနှင့်ကြံထွက်လုပ်ငန်းရှင်များ အသင်း(MSCA) အနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သကြားတင်ပို့ရန် စိတ်ဝင်စားမှုရှိပြီး ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်း (Trading Corporation of Bangladesh - TCB) နှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဖို့လည်း ဆွေးနွေးထားတယ်လို့ သိရပါတယ် ။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ သကြားများကို အဓိကတင်သွင်းနေတာဖြစ်ပြီး လက်ရှိမှာ ၎င်းတို့ ဒေသတွင်း သကြားဈေးနှုန်းဟာ လက်လီဈေးကွက်မှာ မြင့်မားလျက်ရှိနေတာကြောင့် အစိုးရ သတ်မှတ်ဈေးထက်ပိုပေးပြီး ဝယ်ယူနေကြရတဲ့အခြေအနေလို့ သိရပါတယ်။

    Trading Corporation of Bangladesh (TCB) ရဲ့ အဆိုအရ သကြားလက်လီဈေးနှုန်း တစ်ကီလိုကို တာကာ ၁၂၈ မှ ၁၃၅ ရှိသလို ပြည်တွင်းသန့်စင်ပြီး သကြားလိုအပ်ချက်အတွက် နှစ်စဉ် သကြားကုန်ကြမ်း တန်ချိန် ၂ ဒသမ ၀ သန်း မှ ၂ ဒသမ ၂ သန်း တင်သွင်းနေရပြီး ပျမ်းမျှအားဖြင့် တစ်လလျှင် သကြားတန်ချိန် ၀ ဒသမ ၁၅ သန်း လိုအပ်မှုရှိနေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရမ်ဇာန်လမြတ် ဘာသာရေးကာလတိုင်းမှာ သကြားဝယ်လိုအား တန်ချိန် ၀ ဒသမ ၃ သန်း ရှိတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ကြံ ကြိတ်ခွဲထုတ်လုပ်တဲ့ ရာသီဟာ နှစ်စဉ် ဒီဇင်ဘာလမှာ စတင်လေ့ရှိပြီး မတ်လကုန် ဧပြီလအတွင်း ကုန်ဆုံးလေ့ရှိတာမို့ ပြည်ပတင်ပို့ရောင်းချတာတွေကိုလည်း အဲဒီအချိန်မှာ လုပ်လေ့ရှိတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ နှစ်စဉ် သကြားတန်ချိန် ငါးသိန်းခန့်ထွက်ရှိပြီး ၄ သိန်းခွဲခန့်ကို ပြည်တွင်းမှာစားသုံးနေသလို ကျန်ပိုလျှံ သကြားတန်ချိန် ၅ သောင်းကိုတော့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေကို တင်ပို့ရောင်းချနေတာပါ။

    MyanmarFutureNews မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views5524