cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပါတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက် (ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်)

. Weather News
စက်တင်ဘာလ ဒုတိယပတ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ် အတွက် တစ်ပတ်စာမိုးလေဝသ ခန့်မှန်းချက်အရ မိုးရွာရန်ရာခိုင်နှုန်း အနိမ့်ဆုံး ၇၀ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။
  • မြောင်းမြ၊ ပုသိမ်

    မြောင်းမြနဲ့ ပုသိမ်မြို့နယ်တွေမှာ မိုးရွာရန်ရာ နှုန်းပြည့်သေချာနေပြီး စက်တင်ဘာလ ၉ရက်နဲ့ ၁၁ရက်မှာ မိုးရွာရန်ရာခိုင်နှုန်း ၉၀ ထိရှိပြီး ၇ရက်၊၈ရက်၊ ၁၀ရက်၊၁၂ရက်နဲ့ ၁၃ရက်တွေမှာ တော့ ၁၀၀ရာခိုင်းနှုန်းပြည့် မိုးရွာသွန်းနိုင်ပါတယ်။ 

    လပ္ပတ္တာ၊ မအူပင်၊ ကျုံပျော်  

    ဒုတိယမိုးရွာရန်ရာခိုင်နှုန်းများတဲ့ မြို့နယ်တွေ ကတော့ လပ္ပတ္တာ၊ မအူပင် နဲ့ ကျုံ ပျော် မြို့နယ်များ ဖြစ်ကြပါတယ်။ ၇ရက်၊ ၈ရက်နဲ့ ၁၁ရက်နေ့တွေမှာ ရာနှုန်းပြည့်မိုးရွာသွန်းနိုင်ပြီး ၉ရက်၊ ၁၀ရက်၊ ၁၂ရက်နဲ့ ၁၃ရက်နေ့တွေမှာတော့ ၈၀ ရာနှုန်းထိ မိုးရာသွန်းနိုင်ပါတယ်

    ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ ဖျာပုံ 

    ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေမှာ စက်တင်ဘာလ ၇ရက်၊၈ရက်၊ ၉ရက်, ၁၀ရက်နဲ့ ၁၁ရက်နေ့တွေ့မှာ မိုးရာနှုန်းပြည့် ရွာသွန်းနိုင်ပြီး ၁၂ရက်၁၃ရက်တွေ မှာတော့ မိုးရွာနှုန်း ၇၅ ရာနှုန်းထိ လျော့ကျလာမှာဖြစိပါတယ်။ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် ၊ ဝါးခယ်မ မြို့နယ်တွေမှာတော့ မိုးရာရန်ရာနှုန်းပြည့် ရှိပြီး ၈ရက်၊၉ရက်နဲ့ ၁၀ရက်နေ့တွေမှာ ၇၅ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး ၁၁ရက်၊၁၂ရက်နဲ့ ၁၃ရက်နေ့တွေမှာ မိုးရွာရန် ရာခိုင်နှုန်း၊၁၀၀ ရာနှုန်းပြည့်ထိများလာမှာပဲဖြစ်ပါတယ်။

     စပါးစိုက်တောင်သူများအတွက် တပတ်စာအကြံပြုချက်

     စက်တင်ဘာ လဆန်းပိုင်းတွေမှာဆိုရင် ရာနှုန်းပြည့် မိုးရွာသွန်းနိုင်တဲ့အတွက် စပါးစိုက်ခင်များအတွင်း ရေများနေနိုင်ပါတယ်။ ရေထုတ်မြောင်းတွေ ပြုလုပ်ထားဖို့လိုပြီး ဘတ်တီးရီးယားရွက်ခြောက်နှင့် ရွက်ညိုပြောက်ရောဂါ အတွက်ကို ကြိုတင်ကာကွယ်ရပါမယ်။ စပါးပင်စည်ပုပ်၊ရွက်ဖုံးပုပ်၊ စပါးဂုတ်ကျိုး၊ စပါးမှိုနှံသီးရောဂါများကိုလည်း ဂရုပြုရပါမယ်။ စပါးနှံစုပ်ပိုး အန္တာရာယ်ကို အထူးသတိပြုရပါမယ်။ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေး တွေဟာဆိုရင် အသုံးပြုပြီး အနည်းဆုံး ၄နာရီအထိ အပင်ပေါ်ရှိနေမှသာ အစွမ်းပြတာကြောင့် ယခုလို မိုးရာသီကာလတွေမှာဆိုရင် အသုံးမပြုမှီ ရာသီဥတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှ ချင့်ချိန်သုံးစွဲတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ရေကြီး၊ ရေလွှမ်းမှုအန္တရာယ်ကနေ ရှောင်ရှားနိုင်ကြဖို့ မိုးလေဝသ သတင်းများကို အချိန်နဲ့အမျှ စောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

    Weather Source: CIAT

     

     

     

     

     

     


  • article
likes11comments0
views5872