cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စပါးခင်းမှာ ဆန်နီဘာကြောင့်ဖြစ်တာလဲ?

. Post Harvest Management
ဆန်နီဖြစ်ပေါ်လာရခြင်းအကြောင်းရင်း
  • စပါးမှာ ဆန်နီပါဝင်မှုဟာ ဆန်အရည်အသွေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။ ပြည်ပတင်ပို့မှုမှာပဲဖြစ်ဖြစ်၊ပြည်တွင်း ရောင်းဝယ်ဖောက်ကားမှုမှာပဲဖြစ်ဖြစ် စပါးမှာရော၊ ဆန်မှာပါ အရည်အသွေးစံချိန်စံညွှန်းထဲမှာ ထည့်ပြီးစကားပြောရတဲ့အချက် ဖြစ်နေပါတယ်။

    ဆန်နီဖြစ်ပေါ်လာရခြင်းအကြောင်းရင်း

    လယ်ကွင်းထဲမှာ လေ့လာကြည့်ရင်စပါးခင်းထဲမှာ လာပေါက်ရောက်တဲ့ သန်မာထွားကျိုင်းတဲ့ စပါးရိုင်းပေါင်းပင်တစ်မျိုးနဲ့ စပါးနဲ့ ပန်းပွင့်ချိန်မှာ သဘာဝအလျောက်မျိုးကူးစပ်သန္ဓေအောင်ပြီးဖြစ်ပေါ်လာသော စပါးစေ့က အခြေတည်လာခြင်းဖြစ်ပါတယ်။ ၎င်းစပါးစေ့များဟာ သန္ဓေအောင်တဲ့ ပထမနှစ်မှာ ရိုးရိုးစပါးစေ့အဖြစ် တည်ရှိနေပါတယ်။ သို့သော် စပါးနို့ရည်တည်ပြီးစပါးစေ့ရင့်မှည့်စပြုချိန်မှာ စပါးခင်းထဲဝင်ပြီး စပါးနှံများကို စေ့စပ်သေချာစွာကြည့်ပါက၊ နေရောင်မှာထောင်ကြည့်ပါက စပါးခွံမှာ အနီရောင်အစွန်း၊ အစင်းများကို တွေ့နိုင်ပါတယ်။ ၎င်းင်းစပါးစေ့များကိုကြိုတင်သိရင် အမြစ်ပါအောင် အချိန်မီနုတ်ပြီး ဖယ်ရှားနိုင်ပါတယ်။ မဖယ်ရှားနိုင်လို့ ရိတ်သိမ်းတဲ့စပါးမှာ ရောနှောပါလာပါကနောက်နှစ်ရာသီ ပြန်လည်စိုက်ပျိုးတဲ့အခါ ၎င်းစပါးစေ့များက ပေါက်လာတဲ့ စပါးပင်က စပါးနှံတွေမှာ ဆန်နီဖြစ်မဲ့စပါးစေ့များသာ

    ရရှိလာပါတယ်။

    ဆန်နီစပါးစေ့ရဲ့ ပုံသဏ္ဌာန်မှာ အမြီးပါခြင်း၊ အစေ့ခွံမှာ ပုံမှန်စပါးထက် အရောင်ဖျော့ခြင်း၊ မီးခိုးဖြူရောင်ရှိ၍ အခွံကြမ်းခြင်း၊စပါးစေ့ပုံသဏ္ဌာန်မမှန်ဘဲ အမျိုးမျိုးဖြစ်တည်နေခြင်း၊ ဆန်သားအနီရောင်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ဆန်နီစပါးစေ့ရဲ့ ထင်ရှားတဲ့လက္ခဏာများမှာ စောစောရင့်မှည့်ခြင်း၊မျိုးစေ့ငုပ်ချိန်ကြာမြင့်ခြင်း၊ (ပျမ်းမျှ သုံးလခန့်)၊ ပင်ပိုင်းကြီးထွားမှုအဆင့် လျင်မြန်ခြင်း၊ အပင်သန်မာထွားကျိုင်းခြင်း၊ အကြမ်းအတမ်းခံနိုင်ခြင်း၊ ပန်းပွင့်ပြီး နှစ်ပတ်အတွင်း အစေ့စတင်ကြွေကျတတ်ခြင်း၊ ကြွေလွယ်ခြင်း၊ ဆန်စပါး

    အရည်အသွေးကျစေခြင်း၊ အထွက်နှုန်းကျစေခြင်း၊ တစ်ကြိမ် ဆန်နီစပါးပင်ပါဝင်သွားပါက မျိုးကူးစပ်လွယ်တဲ့အတွက် နှိမ်နင်းရခက်ခဲခြင်းများ ဖြစ်ပါတယ်။

    စပါးမှာ ဆန်နီစပါးစေ့ မဖြစ်ပေါ်အောင် အောက်ပါနည်းလမ်းများကို အသုံးပြုပါ။

    (က) မျိုးစပါးကို မစိုက်မီဆန်နီစေ့ပါ၊ မပါ ကြိုတင်စစ်ဆေးပါ။ ဖြစ်နိုင်ရင်မျိုးစေ့ဓာတ်ခွဲခန်းမှာ စစ်ဆေးပါ။ မျိုးကောင်းမျိုးသန့်မျိုးစေ့ကိုသာ အသုံးပြုပါ။

    (ခ) ဆန်နီစပါးစေ့ပါဝင်တဲ့ စပါးခင်းကို ရိတ်သိမ်းပြီးပါက ရိုးပြတ်နဲ့ စပါးစေ့အကြွင်းအကျန်များကို မီးရှို့ပါ။

    (ဂ) ဆန်နီစပါးစေ့ပါဝင်တဲ့ စပါးခင်းကို မိုးဦးကျမှာ မိုးရေလှောင်၍ စပါးစေ့အားလုံး အပင်ပေါက်အောင်ထားပြီးပါကထယ်ထိုးမြေမြှုပ် အပုပ်ခံထားပါ။

    (ဃ) မိမိစပါးခင်းရင့်မှည့်ချိန်မှာ နံနက်စောစော စပါးခင်းထဲသို့ဆင်း၍ စပါးအနှံများကို နေရောင်မှာ ထောင်ကြည့်ပြီးစပါးခွံမှာအနီစင်း၊ အနီရောင်ဖြစ်နေတဲ့ စပါးပင်ကို အမြစ်ပါအောင်နုတ်၍ မီးရှို့ပစ်ပါ၊ စပါးနှံများကို မီးရှို့ပါ။

    (င) လယ်ကန်သင်းပတ်ဝန်းကျင်၊ကန်သင်းပေါ်မှာ စပါးရိုင်းပင်များရှိပါကအမြစ်ပါအောင် တူးထုတ်၍ မီးရှို့ပစ်ပါ။

    (စ) ဆန်စပါးမှာ ဆန်နီစေ့ပါဝင်လေ့ရှိပါက ကြဲခင်းမစိုက်ပျိုးဘဲ ပျိုးထောင်စိုက်ပါ။

    (ဆ) မျိုးကွဲနုတ်ပယ်ခြင်းနဲ့ စပါးရိုင်းပင် သုတ်သင်ရှင်းလင်းခြင်းကို သုံး-လေးကြိမ်ခန့် ပြုလုပ်ပါ။ စပါးရိုင်းတစ်ပင်တွေ့တိုင်း တစ်ပင်ရှင်းလင်းပါ။

    (ဇ) တလင်းနဲ့ လယ်ယာသုံးကိရိယာများ သန့်ရှင်းအောင် ဆောင်ရွက်ပါ။

    (ဈ) စပါးရိုင်းကိုသာ သေစေတဲ့ ရွေးချယ်ပေါင်းသတ်ဆေးကို အသုံးပြုပါ။

    အောင်ဆန်း (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများဂျာနယ်

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
8
comments
0
views
3929