ငွေကြေးစီမံခြင်း အသိပညာ၊ ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အစီအစဥ်
တောင်သူဦးကြီးတို့နေစဥ်ဘဝအတွက် မရှိမဖြစ် သုံးစွဲနေကြရသော ငွေကြေး အပေါ်စီမံခန့်ခွဲ ခြင်းဖြင့် အပိုကုန်ကျစရိတ်မှ သက်သာခြင်း၊ အကြွေးစီမံခန့်ခွဲနိုင်ခြင်း၊ အပိုဝင်ငွေစုဆောင်းနိုင်ခြင်း၊ အာမခံထားရှိခြင်း စသော အသိပညာများအကျိုးကျေးဇူးများကိုရရှိစေမှာဖြစ်ပါတယ်။ တောင်သူဦးကြီးများ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်နိုင်စေဖို့အတွက် ထွက်တိုးမှ အစီအစဥ်သစ်တစ်ခု ထပ်မံပြုလုပ်ထားပါတယ်။ အစီအစဥ်တွင် ပါဝင်သူများ အနေဖြင့် ငွေစုခြင်း၊ ချေးငွေရယူခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း အပါအဝင် တခြားသော ငွေကြေးသင်ခန်းစာ ခြောက်ခုကို အခမဲ့ လေ့လာနိုင်မှာ ဖြစ်သလို သင်ခန်းစာများ ပြီးမြောက်သွားပါကလည်း ဂုဏ်ပြုဆုကြေးငွေရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်တိုးမှ ပေးအပ်သော ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ထူးချွန်စွာ ပြီးမြောက်ကြောင်း အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းကို ရယူနိူင်မှာ ဖြစ်ပါတယ်။
ပါဝင်လိုသူများအနေဖြင့်
၁) ထွက်တိုး ဖုန်းဆော့ဝဲ ဗားရှင့် ၂.၂.၂ တွင်ရှိ ချေးငွေကဏ္ဍ၊ ငွေကြေးပညာပေး သင်ခန်းစာ တွင် ဗီဒီယိုတစ်ခုချင်းစီကို လေ့လာရမည်ဖြစ်ပါသည်။ ဗီဒီယိုတစ်ခု ကြာချိန်သည် စက္ကန့်ပိုင်းမျှသာကြာမြှင့်ပါသည်။ ဖုန်း ဆော့ဝဲမရှိပါက ဒေါင်းလုဒ်ရယူရန် -
၂) ထို့နောက် လျှောက်ထားလွှာကို နှိပ်ပြီး အဖြေမှန်ကို ရွေးချယ်ပေးပါ။ ဖြေဆိုနည်း အောက်ပါလမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ https://fb.watch/m-KfEAEkXT/ ကြည့်နိုင်သလို https://htwettoe.com/post?id=45575 တွင်လေ့လာနိုင်ပါသည်။
၃) ယနေ့စတင် ဖြေဆိုနိုင်ပြီဖြစ်ပါသည်။ ဖြေဆိုနိုင်ရန်
သင်ခန်းစာ (၁)။ ငွေစုခြင်း
https://htwettoe.com/post/45551
သင်ခန်းစာ (၂)။ ငွေကြေးစီမံခန့်ခွဲခြင်းဆုံးဖြတ်ချက်
https://htwettoe.com/post/45552
သင်ခန်းစာ (၃)။ ငွေစုဖို့အကောင်းဆုံးအကြောင်းအရာ
https://htwettoe.com/post/45553
သင်ခန်းစာ (၄)။ ကြီးမားတဲ့ အန္တရာယ်ဆိုးတခုခုနဲ့ကြုံရရင်
https://htwettoe.com/post/45554
သင်ခန်းစာ (၅)။ အာမခံပြုလုပ်ခြင်း
https://htwettoe.com/post/45555
သင်ခန်းစာ (၆)။ ချေးငွေပြန်ဆပ်ခြင်း
https://htwettoe.com/post/45556 ကိုနှိပ်ပါ။
၄) သင်ခန်းစာခြောက်ခုလုံးကို လေ့လာပြီး မေးခွန်း အားလုံးဖြေဆိုမှန်ကန်ပါက ဆုငွေ (၃၀၀၀)ကျပ်တိတိချီးမြှင့်မည်ဖြစ်ပါသည်။
အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ရယူလိုသူများ အတွက်
၁) သင်ခန်းစာခြောက်ခုလုံးကို လေ့လာပြီး မေးခွန်း အားလုံးဖြေဆိုပြီးပါက “လတ်မှတ်ရယူပါ” ကိုနှိပ်ပါ။
၂) နောက်ထပ်မေးခွန်း ၆ ခု ထပ်ပေါ်လာပါလိမ့်မယ်။ အားလုံး မှန်ကန်စွာဖြေဆိုပြီးပါက ထွက်တိုးမှ ချီးမြှင့်သောဂုဏ်ပြုမှတ်တမ်းရရှိမည်ဖြစ်ပါသည်။ အသေးစိတ်လေ့လာနိုင်ရန် https://htwettoe.com/post?id=45576 နှိပ်ပါ။
၃) ဂုဏ်ပြုမှတ်တမ်းလွှာကို ကျွန်ုပ်၏”ဆုလာဘ်များ”တွင်သိမ်းဆည်းပေးထားမည်ဖြစ်ပါသည်။ လက်မှတ်သိမ်းမသိမ်းသေချာသိလိုပါက “ကျွန်ုပ်”ထဲရှိ “ဆုလာဘ်များ” တွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
စည်းကမ်းချက်များ
၁။ထွက်တိုး ဖုန်းဆော့ဝဲတွင် ဖြေဆိုရပါမည်။
၂။ ဉာဏ်စမ်းမေးခွန်းအားလုံးမှန်ကန်စွာဖြေဆိုရပါမည်။
၃။ ဆုငွေ (၃၀၀၀)ကျပ်ချီးမြှင့်ရာတွင် ဂုဏ်ပြုမှတ်တမ်းရခြင်း၊ မရခြင်းကိုထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။
၄။ အငြင်းပွားမှုတစုံတရာ ဖြစ်ပေါ်လာပါက ထွက်တိုး၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
!ဆုချီးမြှင့်ရာတွင် လူဦးရေကန့်သတ်ချက်ရှိသောကြောင့် အမြန်ဆုံးပါဝင်ပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်။
ငွေကြေးပိုင်းဆိုင်ရာ အသိပညာများ၊ ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းတို့ကို ရယူနိုင်ဖို့ အခုပဲ ပါဝင်ဖြေဆိုလိုက်ပါနော်။
သင်ခန်းစာလေ့လာရာတွင် သို့မဟုတ် ဉာဏ်စမ်းဖြေဆိုရာတွင် တစုံတရာ အခက်အခဲတွေ့ပါက ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်ရှင်