cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာမိုးလေဝသနှင့်မွေးမြူရေးအကြံပြုချက် (မကွေးတိုင်းဒေသကြီး)

. Weather News
**စေတုတ္တရာမြို့နယ်မှာ ယနေ့မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရွာသွန်းနိုင်ပါတယ်။ ကျန်တဲ့မြို့နယ်များလည်း ၁၅ ရက်နေ့အထိ မိုးဆက်လက်ရွာသွန်းနိုင်ပါတယ်။**
  • ၁။ ပွင့်ဖြူမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ ရာနှုန်းပြည့်ဖြစ်တာကြောင့် မိုးပိုများနိုင်ပါတယ်။ စက်တင်ဘာ ၁၇၊ ၁၈ ရက်တို့မှာတော့ ရွာနှုန်း ပြန်ကျလာပြီး ၇၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    ၂။ စလင်းမြို့နယ်

    ယနေ့နဲ့ မနက်ဖြန် မိုးရွာရန် ၈၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၁၄၊ ၁၅ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာ နေသာပြီး စက်တင်ဘာ ၁၇၊ ၁၈ ရက်တို့မှာ ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    ၃။ စေတုတ္တရာမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၁၆နေ့မှာ ၈၀ နှုန်း မိုးရွာနိုင်ပြီး ၁၇၊ ၁၈ ရက်တို့မှာ ၆၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။

    ၄။ မင်းဘူးမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ ရာနှုန်းပြည့်ဖြစ်တာကြောင့် မိုးပိုများနိုင်ပါတယ်။ စက်တင်ဘာ ၁၇၊ ၁၈ ရက်တို့မှာတော့ ရွာနှုန်း ပြန်ကျလာပြီး ၇၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

    ငါးမွေးတောင်သူများအတွက် အကြံပြုချက်

    • မကွေးတိုင်းအတွင်း ယနေ့မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါသဖြင့် ငါးကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်ပါသည်။
    • ငါးကန် ရေအရောင်ပြောင်းလဲမှုများ ဖြစ်တတ်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်း ကျဆင်းလာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြပေ။
    • ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် ၃၀ ရာခိုင်နှုန်း လျော့ကျွေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။
    • အကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။
    • မိုးအုံ့/တိမ်ထူထပ် နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသည်။ 
    • ထို့ကြောင့် ကန်အတွင်း ပျော်ဝင် အောက်ဆီဂျင်ပမာဏ နည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    Source: CIAT



  • article
likes10comments0
views4381