cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပျော်ဝင်အောက်စီဂျင်

. Fish Quiz
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးပုစွန်ရေနေသတ္တဝါများအတွက် အသက်ရှင်ရေးသည် ရေ၌ ပါဝင်ပျော်ဝင်နေသော အောက်စီဂျင်မှာအဓိကဖြစ်ပါသည်။ ကန်တခုတွင် ပျော်ဝင်အောက်စီဂျင်အား အဓိကအားဖြင့် လေတွင်ပါဝင် သော အောက်စီဂျင်မှ ရေနှင့်ထိတွေ့၍ သော်လည်းကောင်း ၊ ရေထဲရှိ အပင်မျှေလှေးနှင့် အပင် များမှ နေရောင် ခြည်အားဖြင့် အလင်းမှီစုဖွဲ့ခြင်း ပြုလုပ်ရာမှ အောက်စီဂျင်ထွက်ခြင်း (အဓိက)ပင်ရင်းအဖြစ်သော်လည်းကောင်း ရေအတွင်းသို့ရောက်ရှိလာသည်။ သို့ရာတွင် အပင်မျှောလှေး နှင့်အပင်များမှ အောက်စီဂျင်အား နေရောင်ခြည် ရရှိ သောနေ့ အချိန်တွင် ၎င်းတို့ အသုံးပြုသည်ထက် ပို၍ထုတ်ပေးခြင်းဖြင့် ရေတွင် အောက်စီဂျင်ရရှိနိုင်သော် လည်း ၊ ည အချိန် နေရောင်ခြည် မရရှိခြင်းကြောင့် အသုံးပြုမှု့ (ငါးများအသက်ရှူခြင်း)ဖြင့် အောက်စီဂျင်နည်း နိုင်သောအခြေအနေရှိပါသည်။

    သာမန်အနေအထားတွင် နံနက်ပိုင်း နေမထွက်မှီ (၀၆)နာရီတွင် ပျော်ဝင်အောက်စီဂျင် အနည်းဆုံးအချိန် ဖြစ်ပြီး၊ ညနေ နေမဝင်ခင် (၁၈)နာရီ သို့မဟုတ် ညနေ၆နာရီတွင် အောက်စီဂျင်ပျော်ဝင်မှု့ အများဆုံးဖြစ်သညိ။ အပင်မျှောလှေး ပွားများ မှု့ အနည်းအများ နှင့် ကန်ရေ အနက်ပေါ်မူတည်၍ လည်းကောင်း အောက်စီဂျင်ပျော်ဝင် မှု့ အနည်း အများရှိပါသည်။ သာမန်အခြေအနေတွင် လေ နှင့် နေ ဖြင့် အစဉ်ထိတွေ့နေသော ကန်ရေ အပေါ်လွှာ သည် အောက်စီဂျင် ပျော်ဝင်မှု့များပြီး၊ ကန်ရေ အောက်လွှာသည် အောက်စီဂျင်ပျော်ဝင် မှု့ နည်းကြောင်း တွေ့ရ သည်။

    ငါး ပုစွန်ကန်များအတွက် အောက်စီဂျင် ပျော်ဝင်မှု့အနေဖြင့် 3PPM အထက်တွင် အမြဲရှိရန်လိုအပ်သည်။ ပျော်ဝင်အောက်စီဂျင် 3PPM အောက်ရောက်ရှိနေပါက ကြီးထွားနှုံးနည်းပြီး 1PPM အခြေအနေတွင် ငါးပုစွန် များသေဆုံးနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။

    ဖုန်းဘေကံစမ်းချင်ပါက ဖော်ပြပါလင့်မှာ ဝင်ရောက်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်

    https://htwettoe.com/post?id=45614


  • article
likes24comments0
views6289