cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းအတွက်မိုးလေဝသနှင့်မွေးမြူ‌‌ရေးအကြံပြုချက်

. Weather News
ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။
  • ၁။ တွံတေးမြို့နယ် 

    ယနေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၂၀၊ ၂၁  ရက်တို့မှာလည်း မိုးရွာရန် ၈၀ ရှိပြီး ဆက်လက်ရွာသွန်းနိုင်ပါတယ်။ 

    ၂။ သန်လျင်မြို့နယ် 

    ယနေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၂၀၊ ၂၁  ရက်တို့မှာလည်း မိုးရွာရန် ၈၀ ရှိပြီး ဆက်လက်ရွာသွန်းနိုင်ပါတယ်။ 

    ၃။ ကျောက်တန်းမြို့နယ် 

    ယနေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ စက်တင်ဘာ ၂၀၊ ၂၁ ရက်တို့မှာတော့ ၆၀ ရာခိုင်နှုန်းသာရှိပါတယ်။ 

     ငါးကန်များအတွက်အကြံပြုချက်

    ရန်ကုန်တိုင်းအတွင်း ယနေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မိုးရွာနှုန်း မြင့်မားနေပါသောကြောင့် ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်တာကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သကဲ့သို့ ငါးကန်ရေအရောင် ပြောင်းလဲမှုများလည်း ဖြစ်တတ်ပါသည်။ ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြဘဲ ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် လျော့ကျွေးပြီး၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးတာမျိုး လုပ်ရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။ မိုးအုံ့/တိမ်ထူထပ်နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသဖြင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ ‌ရေရေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ 

    Weather Source: CIAT

     

     

     


  • article
likes
5
comments
2
views
6114