cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၈.၉.၂၀၂၃ မှ ၁၅.၉.၂၀၂၃ ရက်နေ့အထိဈေးကွက်သုံးသပ်ချက်

. Market Price
-မတ်ပဲစျေးအနည်းငယ်အေး၊စျေးတန်းကျတဲ့အထိမဖြစ်နိုင်
-ပဲစဉ်းငုံနီစျေးဆက်တိုက်မြင့်လာခဲ့ရာမှစျေးပြန်ကျ
-ပဲတီစိမ်း အဝယ်လိုက်လို့ဈေး ပြန် တက်လာ
-ကုလားပဲစျေး ခုတစ်ပတ်မှာအနည်းငယ်ပြန်ကျ
-နှမ်းမျိုးစုံစျေး အတက်အကျတည်ငြိမ်မှု မရှိ
  • မတ်ပဲ


    အိန္ဒိယဘက်မှာ မတ်ပဲအသစ်တွေစတင်ပေါ်နေတာကြောင့် ပြည်တွင်းမတ်ပဲ စျေးတန်းအနည်းငယ်အေး သွားပေမယ့်စျေးတန်းပြုတ်ကျတဲ့ အထိတော့ မဖြစ်နိုင်ဘူးလို့ ကုန်သည်တွေဆီကသိရပါတယ်။ထို့ပြင် အိန္ဒိယနိုင်ငံ မိုးစိုက်မတ်ပဲက ဧရိယာက က ဒီနှစ် မှာ ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းနေတာ ဖြစ်လို့ ရေရှည်မှာ ဈေးက မြင့်တက်နိုင်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။


    လက်ရှိရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၄၉၀၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၄၀၀၀၀ လောက် စျေးပြန်ကျသွားပါတယ်။ မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၀၅၀ မှ ၄၀၈၅ ကျပ်စျေးရှိပြီး ၁၀၀ လောက် စျေး ကျသွား ပါတယ်။


    မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၃၅၀၀၀ မှ ၂၄၀၀၀၀ ကျပ်စျေးရှိလို့ အရင်အပတ် ကထက် ၅၀၀၀ လောက်စျေးပြန်ကျသွားပါတယ်။


    နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို အရင်တစ်ပတ်က ၈၁၅၀၀ ကျပ်ရှိခဲ့ရာကနေ ၈၀၀၀၀ ကျပ်အထိ ပြန်ကျသွားပါတယ်။



    ပဲစဥ်းငုံနီ


    ဆက်တိုက်စျေးမြင့်လာခဲ့တဲ့ ပဲစင်းငုံနီက နိုင်ငံခြားငွေစျေးမတည်ငြိမ်မှုအပေါ် လိုက်ပြီး စျေးကစားနေတာကြောင့် ခုတစ်ပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။


    ပဲစဥ်းငုံနီက အိန္ဒိယကိုပဲအဓိကတင်ပို့နေရတာဖြစ်လို့ အဝယ်များရင်စျေးတက်ပြီး ဝယ်လိုအားနည်းရင် စျေးကပြန်ကျတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ်သိန်း ၄၀ စျေးရှိပြီး အရင်တစ်ပတ်ထက် ၁၅၀၀၀၀ ကျပ် ကျသွားပါတယ်။


    မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၇၅၀၀၀ မှ ၃၈၀၀၀၀ စျေးရှိပြီး ၅၀၀၀ ကျပ် ကျသွားပါတယ်။


    ပဲတီစိမ်း


    တရုတ်ဘက်က အဝယ်လိုက်လာလို့ ပဲတီစိမ်းက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်ရော မန္တလေးစျေးကွက် မှာ ပါ ဈေး ပြန် တက်လာပါတယ်။ပဲတီစိမ်းက ပြီးခဲ့တဲ့ အပတ်က အထိ အကျဈေး နဲ့ ရှိနေတာ ဖြစ်ပြီး ဈေးကွက်ထဲ လည်း အရောင်းအဝယ် အေးနေခဲ့တာပါ၊


    ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၅၈၀ ကျပ်ရှိပြီး ၈၀ ကျပ်တက်လာ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၃၀၀ စျေးပေါက်လို့ ၅၀ ကျပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၃၀ ကနေ ၃၁၇၀ ကျပ်နဲ့အရင် စျေးတန်းမှာပဲ ရှိနေပါ တယ်။


    မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(အညာ)ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၇၇၀၀၀ စျေးရှိပြီး အရင်တစ်ပတ်ကထက် ၇၀၀၀ ကျပ် မြင့်တက်လာပါတယ်။


    ကုလားပဲ


    ပြည်တွင်းစားသုံးမှုများတဲ့ ကုလားပဲကတော့ ခုတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျလာတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။


    နိုင်ငံခြားငွေစျေးမတည်ငြိမ်မှုအပေါ်လိုက်ပြီး ကုလားပဲစျေးကလည်း အတက်အကျဖြစ်နေတာကြောင့် ငွေစျေးအေးချိန်မှာ ကုလားပဲစျေးအနည်ငယ်ပြန်ကျလာတာလို့ဆိုပါတယ်။


    ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ ကနေ ၄၅၈၀ ကျပ်၊ ကုလားပဲဖြူလုံးကြီးက၄၅၈၀ ကနေ ၄၆၆၅ ကျပ်စျေးပေါက်နေပြီး အရင်တစ်ပတ်ကထက် ၂၀၀ ကျပ်လောက်ကျသွားတာတွေ့ ရပါတယ်။


    မန္တလေးဈေးကွက်မှာလည်း ကုလားပဲ ၉၂၉ တစ်အိတ်ကို ၂၆၆၀၀၀ ကနေ ၂၆၇၀၀၀ ကျပ် ၊ကုလားပဲ(V2)က ၂၆၈၀၀၀ကျပ်၊ ကုလားပဲ V7 က ၂၈၀၀၀၀ ကနေ ၂၈၁၀၀၀ ပေါက်ဈေးရှိလို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်အိတ်ကို ၄၀၀၀ ကနေ ၁၀၀၀၀ လောက်စျေးကျသွားပါတယ်။


    နှမ်းမျိုးစုံ


    နှမ်းမျိုးစုံကတော့ တစ်ပတ်အတွင်း ဈေး အတက်အကျ ကတော့ တည်ငြိမ်မှု မရှိပါဘူး။တရုတ်ငွေဈေး ရုတ်တရက် ထိုးကျသွားတဲ့အတွက် တရုတ်ကို အဓိက တင်ပို့နေတဲ့ နှမ်းဖြူဈေးတွေကလည်း ဈေးကွက်

    အတွင်း ကျဆင်းသွားပါတယ်။


    တစ်ရက်အတွင်း ငွေကြေးဈေး ပြန်မြင့်တက်လာတဲ့အတွက် နှမ်းဖြူရိုးရိုးနဲ့နှမ်းဖြူဂျပန်ကတော့ စျေးပြန်တက်လာပြီး အဝင်များနေတဲ့ နှမ်းညိုနဲ့ နှမ်းနက် စမုံကတော့ စျေးထပ်ကျသွား တာတွေ့ရပါတယ်။


    အခြား နှမ်းတွေကတော့ ဈေးကွက်ထဲ အသစ်တွေ ဆက်တိုက် အဝင် ရှိနေတာ ဖြစ်လို့ အဝင်များ ပြီး ဈေး အေးသွားပါတယ်။


    မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၅၀၀၀၀ မှ ၃၉၅၀၀၀ ကျပ်စျေးရှိပြီး အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ် ပြန်တက်လာကာ နှမ်းဖြူ ဂျပန်က ၃၉၀၀၀၀ မှ ၄၁၀၀၀၀ ကျပ်ဖြစ်သွားလို့ ၂၀၀၀၀ ကျပ် ပြန်တက်လာပါတယ်။


    နှမ်းညိုကတော့ ၃၀၀၀၀၀ မှ ၃၀၅၀၀၀ စျေးရှိပြီး အရက်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ် စျေးကျသွားသလို နှမ်းနက် စမုံကလည်း ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်စျေးပေါက်ပြီး ၅၀၀၀ကျပ် စျေးကျသွားပါတယ်။


    ပန်းနှမ်းကတော့ တစ်အိတ်ကို ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။


    Exclusive Content For Htwet Toe - ထြက္တိုး


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes4comments0
views2701