cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပေါင်းပင်အမျိုးအစားခွဲခြားနည်း

. Weeds Management
ပေါင်းတွေက အမျိုးစားခွဲရခက်သလား၊ ဒါဆိုတော့ ဒီဆောင်းပါးလေးကိုခုပဲ ဖတ်လိုက်ပါ
  • ပေါင်းပင်ကို ၎င်းတို့၏ မူရင်းဒေသ၊ပေါက်ရောက်ရာနေရာ၊ ပြင်ပရုပ်သွင်ပြင်နှင့် ဇီဝကမ္မပိုင်းဆိုင်ရာကိုလိုက်၍ အမျိုးမျိုးခွဲခြားနိုင်ပါသည်။ 

    ၁။ပြင်ပရုပ်သွင်ပြင်ပေါ်မူတည်၍ ခွဲခြားခြင်း 

    (က) မြက် 

    ပင်စည်လုံးသည် တူညီသောဆစ်ကြားရှိပြီး၊ ပင်စည်ကို ကန့်လန့်ဖြတ်ကြည့်လျှင် အခေါင်းပါသည်။ ရွက်လွှဲထွက်၍ အရွက်များသည် သေးသွယ်ရှည်လျားသည်။ ရွက်ကြောပြိုင်၍ အရွက်၌ ရွက်ဖုံးနှင့် ရွက်ပြားပါရှိသည်။ ထိုနှစ်ခုဆုံရာတွင် ရွက်စွယ် (သို့) ရွက်လျှာပါရှိသည်။ တစ်နှစ်ခံပင်မှ နှစ်ရှည်ခံပင်ထိ ရှိသည်။ ရိုင်ဇုမ်းနှင့် တွားသွားပင်စည်မျိုးများသည် နှစ်ရှည်ခံမြက်မျိုးများတွင် တွေ့ရသည်။ 

    (ခ) မြက်မုန်ညင်း 

    ပင်စည်သည် သုံးမြှောင့်ပုံ (သို့) အလုံးဖြစ်သည်။ ကန့်လန့်ဖြတ်ကြည့်လျှင် ပင်စည်သည် အခေါင်းပိတ်သည်။ အရွက်များသည် သုံးတန်းစီပြီး ထွက်သည်။ ရွက်ဖုံးသည် ပင်စည်ကိုပတ်၍ ပြွန်ပုံစံဖြစ်နေသည်။ အရွက်မှာ သေးသွယ်ရှည်လျားသည်။ နှစ်ရှည်ခံမြက်မုန်ညင်းတွင် ထူးကဲပင်စည်များဖြစ်သော ဘတ်၊ကျူဘာ၊ရိုင်ဇုမ်းများ ပါရှိပါသည်။ စိုစွတ်သောနေရာများတွင် တွေ့ရသည်။ တစ်နှစ်ခံပင်မှ နှစ်ရှည်ခံပင်ထိ ရှိသည်။ 

    (ဂ) ရွက်ပြန့်ပေါင်း 

    ရွက်ပြန့်ပေါင်းပင်သည် ရွက်ပြားကျယ်ပြီး ရွက်နားချော (သို့) ရွက်နားတစ်လျှောက်တွင် ခွေးသွားစိတ်ပါတတ်သည်။ တစ်ခါတစ်ရံ အရွက်ငယ်များစွာ ဖြစ်ပေါ်နေပြီး၊ ရွက်ကြော ယှက်သည်။ အရွက်များတွင် ရွက်ရိုးတံနှင့် ရွက်ပြား ပါရှိသည်။ 


    ၂။ သက်တမ်းပေါ်မူတည်၍ ခွဲခြားခြင်း 

    တစ်နှစ် (သို့) သီးနှံစိုက်ပျိုးသည့် တစ်ရာသီအတွင်း သီးပွင့်ရင့်မှည့်သည့် ပေါင်းကို တစ်နှစ်ခံပေါင်း ဟု ခေါ်သည်။ (ဥပမာ-မြက်သီး) 

    နှစ်နှစ် (သို့) နှစ်နှစ်အထက်ကြာသောကာလအတွင်း သီးပွင့်ရင့်မှည့်သည့် ပေါင်းကို နှစ်ရှည်ခံပေါင်း ဟု ခေါ်သည်။(ဥပမာ-သက်ကယ်) 


    ၃။စေ့ရွက်ပါရှိမှုပေါ်မူတည်၍ ခွဲခြားခြင်း 

    စေ့ရွက်ပါရှိမှုပေါ်မူတည်၍ အစေ့မှ အပင်ပေါက်ခါစတွင် အစေ့ရွက်နှစ်ရွက်ပါရှိပါက စေ့ရွက်စုံပင်ဖြစ်သည်။ ရွက်ပြန့်ပေါင်းအများစုသည် စေ့ရွက်စုံပင် ဖြစ်သည်။ အစေ့ရွက်တစ်ရွက်ပါရှိပါက စေ့ရွက်ထီးပင်ဖြစ်သည်။ မြက်နှင့်မြက်မုန်ညင်းများသည် စေ့ရွက်ထီးပင် ဖြစ်သည်။ 

    ၄။ပေါက်ရောက်ရာနေရာပေါ်မူတည်၍ ခွဲခြားခြင်း 

    ကုန်းနေပေါင်း(ဥပမာ-ဇာမဏီ) 

    ရေကြိုက်ပေါင်း(ဥပမာ-ဗေဒါ) 

    နေရာမှီခိုပေါင်း(ဥပမာ-ရွှေနွယ်၊ပြောင်းစားဘီလူး) စသည်တို့ ဖြစ်ပါသည်။ 


    ပေါင်းပင်တို့၏ ထူးခြားသော လက္ခဏာများ 

    ၁။ ပင်ပိုင်းကြီးထွားမှု လျင်မြန်ပြီး မျိုးစေ့မြန်မြန်ထုတ်နိုင်သည်။ 

    ၂။ နှစ်ရှည်ပေါင်း၌ ဘတ်၊ရိုင်ဇုမ်း၊ကျူဘာ၊စတိုလွန် စသည့် အပင်အင်္ဂါအစိတ်အပိုင်းများဖြင့်လည်း မျိုးပွားနိုင်သည်။ 

    ၃။ မျိုးစေ့အမြောက်အများ ထုတ်လုပ်နိုင်ပြီး အများစုသည် ရှင်သန်နိုင်စွမ်းရှိသည်။ 

    ၄။ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးနှင့် လိုက်လျောညီထွေနေနိုင်သည်။ 

    ၅။ မျိုးစေ့များ အစေ့ငုပ်နေနိုင်သည်။ 

    Source-Plant Protection Department 

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes
17
comments
0
views
8123