cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြောင်းကို ဘယ်နိုင်ငံ က အဓိကအများဆုံးထုတ်လုပ်သလဲ

. Crop News
ပြောင်းထုတ်လုပ်မှုအများဆုံးနိုင်ငံများ
  • လူသားတွေရဲ့ အဓိကအစားအစာတစ်ခုဖြစ်တဲ့အပြင် အဘက်ဘက်ကနေ အသုံးဝင်လှတဲ့ ပြောင်းသီးနှံကို တခြားအစေ့အစံသီးနှံတွေထက် ပိုမိုထုတ်လုပ်လာကြပါတယ်။  

    အမေရိကန်နိုင်ငံ စိုက်ပျိုးရေးသုတေသန ဌာနရဲ့ ကမ္ဘာ့‌ရောင်းလိုအားနဲ့ ဝယ်လိုအားကို ခန့်မှန်းလေ့လာတဲ့ အစီရင်ခံစာတစ်ခုမှာဆိုရင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ပြောင်းထုတ်မှုတန်ချိန်ဟာ ၁၁၅၀.၆၈ မီလီယမ် မက်ထရစ်တန်အထိရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်မှာတော့ ၁၂၂၂.၇၇ မီလီယမ်မက်ထရစ်တန်ထိ ရှိလာတယ်လို့ ပါရှိပါတယ်။  

    ပြောင်းသီးနှံကို ကမ္ဘာတစ်ဝန်းမှာ ရည်ရွယ်ချက်မျိုးစုံနဲ့ စိုက်ပျိုးလျက်ရှိပြီး ၎င်းကို အစားအစာ ၊ စက်မှုထုတ်ကုန် ၊ ဇီဝ‌လောင်စာ အတွက်အပြင် တန်ဖိုးမြင့် စားသောက်ကုန် တွေဖြစ်တဲ့ ပြောင်းဆီ၊ ပြောင်းကော်မှုန့် နဲ့ ပြောင်းချိုရည် တို့ကိုပါ အဓိက ထုတ်လုပ်လာကြပါတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းတွေ အတွက်လည်း ပြောင်းကို လောင်စာဆီအဖြစ် ထုတ်လုပ်သုံးစွဲလာကြပါသေးတယ်။ 

    ပြောင်းဟာ ကမ္ဘာမှာ အဓိကအများဆုံး ထုတ်လုပ်တဲ့သီးနှံတစ်ခု ဖြစ်ပြီး ၎င်းကို ပုံစံအမျိုးမျိုးနဲ့ စာသုံးကြတဲ့အတွက်ကြောင့် ဝင်‌ငွေရသီးနှံတစ်ခုလည်းဖြစ်ပါတယ်။ 

    အမေရိကန်နိုင်ငံက ပြောင်းကို တခြားနိုင်ငံတွေထက်ပိုပြီးထုတ်လုပ်ပြီး ယူကရိန်းနိုင်ငံမှာဆိုရင်တော့ ရှရှားနဲ့ စစ်ဖြစ်နေတဲ့ ကာလအတွင်းမှာတောင် ပြောင်းထုတ်လုပ်တဲ့ ထိပ်တန်း နိုင်ငံတွေထဲက တခုအဖြစ် ဆက်လက်ရပ်တည်နေတုန်းပဲဖြစ်ပါတယ်။ 

     ၂၀၂၁-၂၀၂၂ကာလတွေမှာ ကမ္ဘာ့ အဓိက ပြောင်းထုတ်လုပ်မှူ အများဆုံးနိုင်ငံတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 

    ဘာသာပြန်သူ - စုသီရိထွေး 

     Reference-https://www.investopedia.com/articles/markets-economy/090316/6-countries-produce-most-corn.asp 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
likes10comments0
views6613