cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာမိုးလေဝသနှင့်မွေးမြူရေးအကြံပြုချက် (မကွေးတိုင်းဒေသကြီး)

. Weather News
ငါးကန်များတွင် မိုးများ၍ ရွှံ့တွေကြောင့် ရေနောက်တတ်ပါသည်။
  • ၁။ ပွင့်ဖြူမြို့နယ်

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ နေပြင်းနိုင်ပါတယ်။

    ၂။ စေတုတ္တရာမြို့နယ်

    ယနေ့မိုးရွာရန် ရာနှုန်းပြည့်ရှိပြီး မနက်ဖြန်မှာလည်း ၈၀ ရာခိုင်နှုန်းဝန်းကျင် ဆက်လက်မိုးရွာနိုင်ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့မှာ ၇၀ ရာခိုင်နှုန်းရှိပြီး နောက် စက်တင်ဘာ ၂၂ မှ ၂၅ ရက်နေ့အထိ ၆၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ၃။ စလင်းမြို့နယ်

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ နေပြင်းနိုင်ပါတယ်။

    ၄။ မင်းဘူးမြို့နယ်

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ နေပြင်းနိုင်ပါတယ်။

    ငါးကန်များအတွက်အကြံပြုချက်

    ငါးကန်များအတွင်း မိုးရာသီတွင် မိုးများပါက ရွံတွေကြောင့် ကန်ရေနောက်တတ်ပါသည်။ ထို့ကြောင့် မိုးမရွာသောအချိန်တွင် ကန်ထဲသို့ ထုံးပက်ပေးနိုင်သည်။ ထုံးပက်ပြီး ၃ ရက်အကြာတွင် NPK မြေသြဇာကို နေပူချိန်မှာ ထည့်သွင်းပေးနိုင်ပါသည်။ ၇ ရက်ခန့်အကြာတွင် ရေသြဇာတက်လာပါလိမ့်မည်။ ငါးစာတွေမှာ ဗီတာမင်လိုအပ်ပါသဖြင့် ဗီတာမင်စီကို ငါးစာတွင် ထည့်ကျွေးပေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်းလည်း ကျနိုင်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်။ ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြဘဲ ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည် ။ ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် လျော့ကျွေးမျိုး၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးတာမျိုး လုပ်ရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။ မိုးအုံ့/တိမ်ထူထပ်နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသဖြင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    Weather Source: CIAT




  • article
likes15comments2
views7504