cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရာဘာအစေးရည်တွင်ရှိ ရာဘာအခြောက်ပါဝင်မူ့အကြောင်း

. Crop News
ရာဘာအစေးရည်တွင်ရှိ ရာဘာအခြောက်ပါဝင်မူ့အကြောင်းသိကောင်းစရာ
  • အားလုံးမင်္ဂလာပါခင်ဗျာ

    ကျွန်တော်တို့ ဒီနေ့မျှဝေပေးမဲ့ အကြောင်းအရာကတော့ Dry Rubber Content (DRC) ရာဘာအစေးရည်တွင်ရှိ ရာဘာအခြောက်ပါဝင်မူ့အကြောင်းဘဲဖြစ်ပါတယ်။

    လတ်ဆတ်သောရာဘာအစေရည်တွင် အဓိက ရေ ၆၀ ရာခိုင်းနှုန်း ခန့် ၊ အစေးသား ပျမ်းမျှ ၃၅ ရာခိုင်နှုန်း၊ ပရိုတင်း၊ စေးကပ်သောအရာ၊ ကာဗိုဟိုက်ဒြိတ် နှင့် အခြားပစ္စည်းများ ရာခိုင်းနှုန်း အနည်ငယ်စီ ပါဝင်ပါသည်။

    DRC ပါဝင်မူ့ သည် ရာဘာပင်၏အပင်သက်တမ်း၊ အစေးလှီးကြိမ်ရေ၊ ရာသီဉတု၊ မြေအခြေအနေ ၊မျိုး၊ အစေးလှုံဆော်ဆေးသုံးစွဲမူ့ နှင့် အခြားသော အကြောင်းအရာ များအပေါ် တွင်လည်း မူတည်ပြီး ပါဝင်သည့်နှုန်း မတူညီကြပါ။

    DRC ကိုတိုင်းတာသည်ဆိုရာ၌ အစေးရည်တွင် ပါဝင်သော ပါဝင်ပစ္စည်းများထဲမှ အစေးသားပါဝင်မူ့ ကိုသာ တွက်ချက်တိုင်းတာခြင်းဖြစ်ပါသည်။

    DRC ကို တိုင်တာတွက်ချက်သည့် နည်းလမ်းအမျိုးမျိုးထဲမှ မြန်မာနိုင်ငံတွင်လက်ရှိအသုံးများသော နည်း နှစ်မျိုးရှိပါသည်။

    ပထမနည်းကတော့ ( Metrolac ) နှင့်တိုင်းတာသောနည်းဖြစ်ပြီး စက်ရုံများ၊ ရာဘာ ခြံကြီးများတွင် အစေးခဲကန်ဖြင့် အစေးခဲရာတွင် အသုံးများသည်ကိုတွေ့ရပါသည်။ (Metrolac) ကိုအသုံးပြုပြီး တိုင်းတာသော နည်းလမ်းမှ ရရှိသော ကိန်းဂဏန်းများသည် အတိမ်းအစောင်းအနေဖြင့် ၅ရာခိုင်းနှုန်း မှ ၁၀ရာခိုင်းနှုန်းထိ ရှိနိုင်ပါသည်။ ဤနည်းလမ်းသည် လျင်မြန်လွယ်ကူပြီး လုပ်ဆောင်ရန် ရိုးရှင်းပါသည်။

    ပထမဉီးစွာခြံမှ စုသိမ်း ရရှိလာသော အစေးရည်ကို ဇကာစစ်ရမည်။

    ဂါလံတိုင်းပါ။

    ပြီးလျှင် အစေးရည်ကို နှံစပ်အောင်မွှေပါ။

    ပြီးနောက် အစေးရည် ၁/၄ ဂါလန်ကိုယူပြီး သန့်ရှင်းသော ရေ ၁/၄ ဂါလန်နှင့် ပုံးတစ်လုံးထဲတွင် ရောထည့်ပြီး သမအောင်မွေပါ။

    ၎င်း အစေးရည်ကို အချင်း ၃လက္မ အမြင့် ၁၁ လက္မရှိသော ထုလုံးရှည်ခွက်ထဲသို့ လျှံကျသည်အထိ

    လောင်းထည့်ပါ။

    အစေးရည်မျက်နှာပြင်မှ အမြှုပ်များကို မှုတ်ထုတ်ပါ။

    (Metrolac) ကို အစေးရည်ထဲသို့ ဖြည်းဖြည်းချင်း နှစ်လိုက်ပါ။

    ( Metrolac ) ငြိမ်အောင် ခဏထားပါ။

    အစေးရည် မျက်နှာပြင်နှင့်အညီရှိနေသော (Metrolac) မှကိန်းဂဏန်းကို ဖတ်ပြီး (၂) ဖြင့် မြှောက်ပါက အစေးရည် တစ်ဂါလံတွင်ရှိသော DRC ကိုရရှိမှာ ဖြစ်ပါသည်။

    ဒုတိယနည်းကတော့ Frying Pan Method ဖြစ်သည် အစေးရည်ရောင်းဝယ်ရာတွင် အသုံးများသည်ကို တွေ့ရှိရပါသည်။

    ယခုနည်းလမ်းသည် DRC ကို အတိအကျ သိရှိနိုင်ပါသည်။

    ပထမဉီးစွာ ရရှိလာသောအစေးရည်ကို ဇကာစစ်ပါ။

    ပြီးလျှင် အလေးချိန်ချိန်ပါ။

    သမအောင်မွေပါ။

    အစေးရည် 50 ml အလေးချိန် ကို ချိန်တွယ်ပြီး သန့်ရှင်းသော အလူမီနီယမ်ပြား (သို့) ကြွေပုဂံပြားထဲသို့ ထည့်ပါ။ အစေးရည်တွင်ပါဝင်သော ရေ ကုန်သည်အထိ မီးဖို(သို့) microwave ကို အသုံးပြုပြီး အပူပေးပါ။ ခြောက်သွားသော အစေးပြားကို အအေးခံပြီး ချိန်တွယ်ပါက အစေးပြားအခြောက် ၏ အလေးချိန်ကို ရရှိမည် ဖြစ်ပါတယ်။

    အစေးပြားအခြောက်၏ အလေးချိန်ကိုတည်ပြီး အစေးရည် 50ml ၏ အလေး ချိန်ဖြင့်စား၊ ၁၀၀ ဖြင့်မြှောက်ပါက အစေးရည်၏ DRC ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပါတယ်။

    -DRC% ကို စုစုပေါင်း အစေးရည်အလေးချိန်ဖြင့် မြှောက်ပါက အစေးရည်တွင် ပါဝင်သော အသားတင်အစေးခြောက် အလေးချိန်ကို ရရှိမှာဖြစ်ပါတယ်။

    အစေးရည်၏DRC%= (အစေးပြားအခြောက်အလေးချိန်)/(အစေးရည် 50 ml၏အလေးချိန်)×၁၀၀

    ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

    တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။

    ရာဘာမိသားစုဝင်များအားလုံး ကျန်းမာချမ်းသာ၍ စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းရင်း

    ထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉ ၂၆၃၆၅၄၈၂၇)

    ခင်ဌေးမော်(B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉၇၆၇၄၈၇၂၂၅)


  • article
likes6comments0
views8969