cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးအမျိုးအစားအလိုက် တင်း (၁၀၀) ရည်ညွှန်းဈေး အများဆုံး ကျပ်သိန်း (၂၀) သတ်မှတ်

. Market Price
စပါးတင်း ၁၀၀ အတွက် အမျိုးအစားအလိုက် ဧည့်မထ/ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းမှ ၁၈ အတွင်း ဈေးသတ်မှတ်ထားပါတယ်။
  • လက်ရှိကာလ (၂၀၂၃ ခုနှစ် မိုးစပါးရာသီ) ထွက်ရှိတဲ့ စပါးတွေအပေါ် အသင်းဝင်ကုမ္ပဏီတွေ၊ ဆန်စပါးကုန်သည်တွေအနေနဲ့ အမျိုးအစားအပေါ် မူတည်ကာ တင်း ၁၀၀ ကို အနိမ့်ဆုံး ကျပ် ၁၃ သိန်းကနေ အများဆုံး သိန်း ၂၀ အတွင်း ဈေးပေးဝယ်ယူဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က တိုက်တွန်းထားပါတယ်။

    တောင်သူတွေ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိဖို့၊ ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူတွေလည်း ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိဖို့၊ စားသုံးသူတွေလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်တဲ့ ဆန်ဈေးနှုန်းဖြစ်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

    စပါးတင်း ၁၀၀ အတွက် အမျိုးအစားအလိုက် ဧည့်မထ/ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းမှ ၁၈ အတွင်း ဈေးသတ်မှတ်ထားပါတယ်။

    ရည်ညွှန်းဈေးနှုန်းများအတွင်း ရောင်းသူနဲ့ ဝယ်သူအကြား စပါးအမျိုးအစားအလိုက်၊ စပါးအရည်အသွေးအလိုက်၊ စပါးအစိုဓာတ်အလိုက် ဈေးနှုန်းသတ်မှတ် ညှိနှိုင်းဆောင်ရွက်ကြဖို့ MRF က ပြောကြားထားပါတယ်။

    အဆိုပါဈေးနှုန်းတွေနဲ့ ဝယ်ယူဖို့ အခက်အခဲရှိမယ်ဆိုရင် အသင်းချုပ်နဲ့ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်တွေဆီ အသိပေးဖို့၊ ရည်ညွှန်းဈေးထက်ပိုပြီး ဈေးပေးဝယ်ယူမှုတွေ ရှိရင်လည်း ဖော်ထုတ်တင်ပြဖို့ အသိပေးထားပါတယ်။

    ယခု စပါးဈေးသတ်မှတ်ချက်က စက်ပိုင်တွေက တောင်သူများထံကနေ မဖြစ်မနေ ဝယ်ယူရမည့် ဈေးမဟုတ်ဘဲ ရည်ညွှန်းဈေးအောက် မရောက်ဖို့ MRF ကနေ ထုတ်ပြန်ခြင်းဖြစ်ပြီး တောင်သူတွေ မနစ်နာစေဖို့ အခြေခံသတ်မှတ်တဲ့ ဈေးဖြစ်တယ်လို့ အသင်းချုပ် တာဝန်ရှိသူတဦးက ပြောကြားထားပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes15comments1
views7055