cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါး၊ ပုစွန်မွေးမြူသမားများအတွက် ရေအရင်းအမြစ်ကြောင်း သိကောင်းစရာ

. Fish Technical Guideline
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါး၊ ပုစွန် ‌မွေးမြူထုတ်လုပ်သူအားလုံးအတွက် ‌ရေအလုံအ‌လောက် ရရှိရန်နှင့် ‌ကောင်းမွန်သောရေ၊ သန့်ရှင်း‌သောရေသည် အဓိကအချက်ဖြစ်ပါသည်။ အဓိက ‌ရေချိုရရှိမှုအခြေအနေမှာ-

    (က)‌မြေမျက်နှာပြင် အထက်တွင်ရှိ‌သောရေ ( မိုး‌ရေ ၊ မြစ်ချောင်းရေ)

    (ခ)‌မြေမျက်နှာမြင် ‌အောက်တွင်ရှိ‌သောရေ (နက်‌သောတွင်းများ ၊ အဝိစီတွင်း‌ရေ)

    အထက်ပါ ‌ရေအရင်းအမြစ်များမှ ငါး၊ ပုစွန် ‌မွေးမြူသူ အားလုံးနီးပါးသည် ‌မြေမျက်နှာပြင် အထက်တွင်ရှိ‌သော ‌ရေကိုအသုံးများကြပါသည်။ မြေပေါ်ရေသည် တစ်ခါတစ်ရံ အဆိပ်အ‌တောက်ဖြစ်သော ဓာတု‌ဗေဒများ ပါရှိ တတ်ပီး ရေညစ်ညမ်းမှု ဖြစ်စေပါသည်။ မိုး‌ရေတွင် သဘာဝအညစ်အကြေးများ‌ ပျော်ဝင်မှုရှိသည်။ မိုး‌ရေတွင် အက်စစ်အနည်းငယ်ဆန်သော ကာဘွန်ဒိုင်‌အောက်ဆိုဒ်ဓာတ်ပါဝင်မှုကြောင့် မိုးတွင်းကာလ ကန်‌ရေများတွင် ရေချဉ်ဖန်နှုံး ကျဆင်း‌စေတတ်သည်။ မြစ်ရေသည် အသင့်‌တော်ဆုံးဖြစ်သော်လည်း (မြန်မာနိုင်ငံအ‌နေဖြင့်) ပို၍ ညစ်ညမ်းမှုကိုဖြစ်စေသည်။

    စိုက်ပျိုး‌ရေး မြေဧရိယာနှင့် နီးစပ်လျှက်ရှိသော မြစ်ချောင်းများမှ ရေကိုအသုံးပြုမည်ဆိုပါက စိုက်ပျိုး‌ရေတွင် အသုံးပြုသော ဓာတုဆေးဝါးများ ၊အထူးသဖြင့် ပိုးသတ်ဆေး အကြွင်းအကျန်များ ပါရှိခဲ့လျှင် ငါးပုစွန်များ လျင်မြန်စွာ ပျက်စီး‌သေဆုံးနိုင်ပါသည်။ ထို့ပြင် စက်ရုံများနှင့် နီးကပ်လျက်ရှိသော မြစ်ချောင်းများမှ ရေအား မွေးမြူရေးအတွက် မသုံးသင့်ပေ။ စက်ရုံမှ စွန့်ပစ်သော ပစ္စည်းများသည် ငါး၊ ပုစွန် တို့အတွက် အဆိပ် သင့်ကာ သေစေနိုင်သည့် အပင်စားသတ္တုများ ပါဝင်မှုများ‌သောကြောင့်ဖြစ်သည်။

    အဝီစိတွင်းရေသည် တစ်ခါတစ်ရံတွင် ဓာတ်သတ္တုများ ပါဝင်မှု အလွန်များသည်ကို‌ တွေ့ရသည်။ အထူး သဖြင့် သံဓာတ်၊ မဂ္ဂနိ(စ်) ၊ ဆာဖာ၊ မဂ္ဂနီဆီယမ်၊ ခဲ နှင့် ကြေး တို့ဖြစ်သည်။ မြေပြင်‌မှ အနက် ၇ ပေရှိ တွင်း‌‌ရေသည် ‌ပျော်ဝင်‌အောက်စီဂျင်ပါဝင်မှု ကောင်းပါသည်။ နက်‌သောတွင်းရေသည် ရေသန့်ရှင်းမှုရှိ၍ ကပ်ပါးပိုးများ၊ နှုံးများ၊ ပိုးသတ်‌ဆေးဓာတ်ကြွင်းများ ကင်းရှင်း‌သော်လည်း ပျော်ဝင်အောက်စီဂျင် ပါဝင်မှုနည်းပါးသည်။ ဓာတ်ဆားများ ‌ပျော်ဝင်နေတတ်သည်။

    ဦးဆန်းအောင် (ထွက်တိုး)


    ဉာဏ်စမ်းဖြေဆိုပြီးဖုန်းဘေကံစမ်းပါ။

    https://htwettoe.com/post?id=45733


    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes29comments0
views9328