cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ် အတွက် တပတ်အတွင်း ရက်အလိုက် မိုးလေဝသခန့်မှန်းချက်များ

. Weather News
ယခုလို စပါးဖုံးလုံးချိန် အလံရွက် စထွက်ချိန်တွေကတော့ ကြိုတင်ကာကွယ်ဖို့ အရေးအကြီးဆုံး အချိန်တွေဖြစ်ပါတယ်။
  • ဟင်္သာတ မြို့နယ်

    ဟင်္သာတမြို့နယ်အတွက်တပတ်စာ ခန့်မှန်းချက်အရ ၂၀,၂၆ ရက်တွေမှာမိုးရွာရန်ရွာနှုန်း ၉၀ရာနှုန်းခန့်ရှိပြီး ကျန် ၂၁, ၂၂,၂၃, ၂၄, နဲ့ ၂၅ ရက်တွေမှာတော့ ၇၀ရာခိုင်နှုန်းခန့်မိုးရွာသွန်းနိုင်ပါတယ်။

    ဇလွန်

    ဇလွန်မြို့နယ်မှာတော့ တပတ်စာ မိုးလေဝသခန့်မှန်းချက် အရ ၂၁,၂၂ ရက်တွေမှာတော့ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး ကျန်ရက်တွေမှာ ၇၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်။

    လပ္ပတ္တာ

    လပ္ပတ္တာမြို့နယ်မှာ တပတ်အတွင်း မိုးရွာရန်ရာခိုင်နှုန်း မြင့်မားနေပြီး ၂၂, ၂၄ရက်နေ့တွေမှာ တော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။

    ဓနုဖြူ

    ဓနုဖြူမြို့နယ်မှာ ၂၀,၂၆ရက်နေ့တွေမှာ မိုးရွာရန်ရာခိုင်နှုန်း ၉၆ရာခိုင်နှုန်းထိ မြင့်မားနေပြီး ၂၁နဲ့ ၂၅ ရက်နေ့တွေမှာတော့ နေသာနိုင်ပါတယ်။

    မအူပင်

    ၂၀ရက်နေ့မှာ နေသာနိုင်ပြီး ကျန်ရက်တွေမှာတော့ ၉၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ညောင်တုန်း

    ညောင်တုန်းမြို့နယ်မှာ ၂၂ရက်နဲ့ ၂၄ရက်နေ့တွေမှာ နေသာပြီး ကျန်တဲ့ရက်တွေမှာ ၉၀%နှုန်းနီးပါ မိုးရွာသွန်းနိုင်ပါတယ်။

    ပန်းတနော်

    ၂၃, ၂၅ရက်နေ့တွေမှာ နေသာပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန်ရာခိုင်နှုန်းမြင့်မားလျက်ရှိပါတယ်။

    မြောင်းမြ

    ၂၁,၂၂,၂၄,၂၅ရက်တွေမှာ ရာနှုန်းပြည့်မိုးရွာသွန်းနိုင်ပြီး ကျန်ရက်တွေမှာတော့ ၇၀ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်။

    ဝါးခယ်မ

    ၂၀,၂၄,၂၅ရက်နေ့တွေမှာ ၇၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး ကျန်ရက်တွေမှာတော့ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။

    ကျုံပျော် ၊ပုသိမ်၊ ကျိုက်လတ်၊ ဖျာပုံ

    ၂၀,၂၁ရက်နေ့တွေမှာ ၉၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး ကျန်ရက်တွေမှာတော့ ၇၀ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပါတယ်။

     တစ်ပတ်စာမိုးလေဝသနှင့် စိုက်ပျိုးရေး အကြံပြုချက်

    တစ်ပတ်အတွင်း တချို့မြို့နယ်တွေမှာ နေသာတဲ့ ရက်တွေ ရှိတာကြောင့် ထိုရက်များတွင် စိုက်ခင်းအတွက် လိုအပ်သော ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးခြင်းများ၊ ရေနုတ်မြောင်းများ ပြင်ဆင်ခြင်း၊ စိုက်ခင်းအတွက် လိုအပ်သော သွင်းအားစုများ ထည့်သွင်းခြင်း အစရှိသည့် လုပ်ငန်းစဥ်များကို လုပ်ဆောင်သင့်ပါတယ်။ တစ်ချို့ရက်များမှာတော့ မိုးဆက်လက် ရွာသွန်းနေဆဲ ဖြစ်တာကြောင့် သီးနှံစိုက်ခင်းကို စောင့်ကြည့်ပြီး ဂရုစိုက်ရပါမယ်။ ‌ရေတက်လာချိန် စပါးခင်းရေမမြုပ်အောင် ‌ရေမြောင်းတွေ ကြိုဖောက်ထားပါ။ ရေမြုပ်စပါးခင်းတွေအတွက် လုပ်ဆောင်ရမဲ့ အချက်များကို အရင်အပတ်ကဖော်ပြပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီတပတ်မှာ စပါးမှိုနှံသီး ရောဂါအတွက် လုပ်ဆောင်ရမယ့် အချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ စပါးမှိုသီးရောဂါက လေအားဖြင့် ကူးစက်တတ်လို့ ပြန့်နှံ့လွယ်ပြီး ပုလဲမြေသြဇာ အကျွေးများတဲ့ အခင်းတွေမှာ ပိုမိုဆိုးရွားစွာ ကျရောက်တတ်ပါတယ်။ စပါးမှိုသီးရောဂါ ဖြစ်လျှင် စပါးအစေ့အဆံ အထွက်နှုန်း သိသိသာသာကျဆင်းပြီး အအစေ့အဆံ အလေးချိန် လျော့စေပါတယ်။ ကာကွယ်ကုသရန် နည်းလမ်းတွေကတော့ နိုက်ထရိုဂျင်မြေသြဇာကို လိုတာထက်ပိုမကျွေးရပါ။ ဆေးသုံးမည်ဆိုပါက Azoxystrobin(အဇိုစီစတိုဘင်)၊ Isoprothiolane(အိုက်ဆိုပရိုသိုင်အိုလိန်း)၊ Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)၊ Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း)စသော ဆေးများ အသုံးပြုနိုင်ပါတယ်။ ယခုလို စပါးဖုံးလုံးချိန် အလံရွက် စထွက်ချိန်တွေကတော့ ကြိုတင်ကာကွယ်ဖို့ အရေးအကြီးဆုံး အချိန်တွေဖြစ်ပါတယ်။ ဦးကြီးတို့၏စပါးခင်းများ ဖျက်ပိုး နှင့် ရောဂါကင်းစင်ပြီး အထွက်တိုးကြပါစေ။

    Weather Source: CIAT



  • article
likes9comments0
views5836