cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ငါးကန်များအတွင်း ကျရောက်သော မိုး‌ရေတွင် သဘာဝအညစ်အကြေးများ‌၊ အက်စစ်အနည်းငယ်ဆန်သော ကာဘွန်ဒိုင်‌အောက်ဆိုဒ်ဓာတ်ပါဝင်မှုကြောင့် မိုးတွင်းကာလ ကန်‌ရေများတွင် ရေချဉ်ဖန်နှုံး ကျဆင်း‌စေတတ်သည်။
  • ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

    ၁။ တွံတေးမြို့နယ် 

    ယနေ့မိုးရွာရန် ၅၅ရာခိုင်နှုန်းသာ ရှိပြီး မနက်ဖြန်မှာ ရာနှုန်းပြည့် မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၄ မှ ၂၇ ရက်နေ့အထိ ၈၀ရာခိုင်နှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၈ နေ့တွင်တော့ နေသာနိုင်ပါတယ်။ 

    ၂။ သန်လျင်မြို့နယ် 

    ယနေ့နှင့် စက်တင်ဘာ ၂၄၊ ၂၈ နေ့တို့မှာ မိုးရွာရန် ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေသာနိုင်ပါတယ်။ မနက်ဖြန်မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၅၊ ၂၆၊၂၇ ရက်တို့မှာ ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

    ၃။ ကျောက်တန်းမြို့နယ် 

    ယနေ့မှ စက်တင်ဘာ ၂၈ အထိ မိုးရွာရန် ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေသာနိုင်ပါတယ်။ သို့ပေမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ၇၀ ရာခိုင်နှုန်းရှိသဖြင့် တိမ်ထူမိုးအုံ့နိုင်ပါတယ်။

    ငါးကန်များအတွက်အကြံပြုချက်

     ငါးကန်များအတွင်း ကျရောက်သော မိုး‌ရေတွင် သဘာဝအညစ်အကြေးများ‌၊ အက်စစ်အနည်းငယ်ဆန်သော ကာဘွန်ဒိုင်‌အောက်ဆိုဒ်ဓာတ်ပါဝင်မှုကြောင့် မိုးတွင်းကာလ ကန်‌ရေများတွင် ရေချဉ်ဖန်နှုံး ကျဆင်း‌စေတတ်သည်။ မိုးရွာသွန်းထားမှုကြောင့် ရွှံ့တွေနှင့် ကန်ရေနောက်တတ်ပါသည်။ ထို့ကြောင့် မိုးမရွာသောအချိန်တွင် ကန်ထဲသို့ ထုံးပက်ပေးနိုင်သည်။ ထုံးပက်ပြီး ၃ ရက်အကြာတွင် NPK မြေသြဇာကို နေပူချိန်မှာ ထည့်သွင်းပေးနိုင်ပါသည်။ ၇ ရက်ခန့်အကြာတွင် ရေသြဇာတက်လာပါလိမ့်မည်။ ငါးစာတွေမှာ ဗီတာမင်လိုအပ်ပါသဖြင့် ဗီတာမင်စီကို ငါးစာတွင် ထည့်ကျွေးပေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ မိုးအုံ့/တိမ်ထူထပ်နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသဖြင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

     

    Weather Source: CIAT 

     


  • article
likes13comments1
views5857