စပါးမှိုသီးရောဂါ ကာကွယ်နှိမ်နင်းနည်း
- စပါးစိုက်တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းထဲက စပါးနှံတွေပေါ်မှာ မှိုသီးလေးတွေတည်နေတာကို ကြုံဖူးကြမှာပါ။ စပါးမှိုသီးရောဂါဟာ စပါးအထွက်နှုန်းကို ဘယ်လိုလျော့ကျစေနိုင်မလဲဆိုတဲ့အကြောင်း အနည်းငယ်မျှဝေပေးလိုက်ပါတယ်။ - ရောဂါလက္ခဏာများ - - စပါးမှိုနှံသီး ရောဂါဖြစ်ပွားပါက စပါးစေ့များအား အရောင်အသွေး မှေးမှိန်စေကာ အရည်အသွေးကျဆင်းစေပါသည်။ ထို့အပြင် မျိုးညှောက်ပေါက်နှုန်းကိုလည်း လျှော့ကျစေပါသည်။ - - စပါးမှိုနှံသီး ရောဂါ ဖြစ်ပွားထားသော အပင်များရှိ စပါးစေ့များသည် မှိုလုံးလေးများအဖြစ် ပြောင်းလဲသွားပါသည်။ ထိုအလုံးလေများသည် တဖြေးဖြေး လိမ္မော်ရောင် အဖြစ်ပြောင်းလာကာ နောက်ဆုံးတွင် အနက်ရောင်ဖြစ်သွားပါသည်။ - - အများအားဖြင့် စပါးနှံတစ်ခုလုံးတွင် ရောဂါကျရောက်လေ့မရှိသော်လည်း မှိုသီးများနှင့် နီးကပ်နေသော စပါးစေ့များတွင်မူ အဖျင်းများ နေတတ်ပါသည်။ - စပါးမှိုသီး ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ? - စပါးမှိုသီးရောဂါအား ကာကွယ်နှိမ်နှင်းခြင်းစပါးမှိုနှံသီးရောဂါအား ကာကွယ်ရန် ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာသင့်ပါသည်။ - - လယ်ကွင်းအား သန့်ရှင်းအောင် ထားပါ။ - - ရောဂါဖြစ်နေသော မျိုးစေ့များ၊စပါးနှံများနှင့် ပင်ကြွင်းပင်ကျန်များအား ရိတ်သိမ်းပြီးနောက် ဖယ်ရှားပစ်ပါ။ - - နိုက်ထရိုဂျင်မြေသြဇာကို လိုအပ်သလောက်သာ အသုံးပြုပါ။ - - ထိရောက်သော မှိုသတ်ဆေးများကို အနှံမထွက်ခင် အချိန်တွင် ကြိုတင်ကာကွယ် အသုံးပြုပါ။ - - စပါးပင်များအား စပါးမှိုနှံသီးရောဂါမှ ကာကွယ်ရန် - ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း - ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟတ်ဇာကိုနာဇိုး ၅% အက်စီ စားပွဲတင်ဇွန်း (၆-၈) ဇွန်း ကို အသုံးပြုပေးပါ။ သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) - စပါးပင် စိုက်ပျိုးနည်း၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
