cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ် ကိုင်းဖျားခြောက်ရောဂါ

. Diseases
ဟင်းသီးဟင်းရွက်အတော်များများမှာလည်း ဒီမှိုရောဂါ ကျရောက်နိုင်ပါတယ်။
  • ငရုတ် ကိုင်းဖျားခြောက်ရောဂါ

    ရောဂါဖြစ်စေသော သက်ရှိမှို Colletotrichum capsici ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်အတော်များများမှာလည်း ဒီမှိုရောဂါ ကျရောက်နိုင်ပါတယ်။ 

    ငရုတ်ပင်မှာ ဒီရောဂါ ကျရောက်မယ်၊ နောက်ပြီး ကာကွယ်ကုသခြင်းလည်း မရှိဘူးဆိုရင်တေ့ာ အထွက်ကို ဆိုးရွားစွာ ကျဆင်းစေနိုင်ပါတယ်။

    ရောဂါလက္ခဏာ

    များသောအားဖြင့် ငရုတ်ပင် ပန်းပွင့်ချိန်မှာ ကိုင်းဖျားခြောက်ရောဂါ ကျရောက်လေ့ရှိပြီး ရောဂါဝင်ရောက်ခြင်းခံရတဲ့ ပန်းပွင့်က ခြောက်ပြီး ကြွေကျသွားမယ်။ ပန်းပွင့်ညှာတံ ရှုံ့တွလာပြီး ခြောက်သွားမည်။

    အဲ့ဒီလို ရိုးတံခြောက်သွားခြင်းသည် အပင်အပေါ်ပိုင်း ရိုးတံကတဆင့် အောက်ပိုင်းမှာရှိတဲ့ အကိုင်းနဲ့ ပင်စည် တို့ အထိပြန့်နှံ့သွားပါမယ်။ အကိုင်း သို့ ပင်စည် ညှိုးခြောက်သွားပါမည်။

    ရောဂါ အနည်းငယ်သာ ကျရောက်တဲ့ အပင်တွေမှာတေ့ာ အရည်အသွေး ညံ့ဖျင်းတဲ့အသီး အနည်းငယ်သာ သီးနိုင်ပါလိမ့်မည်။

    ကာကွယ်နှိမ်နင်းနည်း

    ၁။ ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုပါ။

    ၂။ မျိုးစေ့အား သင့်တော်သော မှိုသတ်ဆေးဖြင့် လူးနယ်ပြီး စိုက်ပျိုးပါ။

    ၃။ ဓာတုဆေးများ အသုံးပြုမည်ဆိုပါက ကလိုရိုသာလိုနေး၊ ဒိုင်ဖီနိုကိုနာဇိုး၊ အဇိုဆီစထရိုဘင် တစသော ဆေးအဆိပ် ပါတဲ့ဆေးများကို အသုံးပြုပေးနိုင်ပါတယ်။

    ၃ ကြိမ် ဖျန်းပါ - ပန်းမပွင့်ခင် ပထမအကြိမ် ဖျန်းပါ၊ အသီးဖြစ်ထွန်းချိန်မှာ ဒုတိယအကြိမ် ဖျန်းပါ၊ ဒုတိယအကြိမ်ဖျန်းပြီး ၂ ပတ် အကြာမှာ တတိယအကြိမ် ဖျန်းပါ။

    Cho Cho Htay

    References-

    http://agritech.tnau.ac.in/crop.../chilli_diseases_2.html

    http://www.plantwise.org/Know.../FactsheetForFarmers.aspx...

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://l.htwettoe.com/v2


  • article
likes9comments0
views5815