cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အဖိုးတန်လွန်းလှတဲ့ ကန်စွန်းရွက်အကြောင်း တစေ့တစောင်း

. Crop News
မှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လဆီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ ကာရိုတင်းတို့ ပါဝင်ပါတယ်။
အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ဒါ့အတွက် ဝမ်းမှန်စေပါတယ်။
ဝိတ်လျော့သူများ စားသုံးသင့်ပါတယ်။
  • မှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လဆီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ ကာရိုတင်းတို့ ပါဝင်ပါတယ်။  

    အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ဒါ့အတွက် ဝမ်းမှန်စေပါတယ်။  

    ဝိတ်လျော့သူများ စားသုံးသင့်ပါတယ်။ 

    အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။ 

    ခေါင်းကိုက်တာ၊ သွားကိုက်တာနဲ့ ရာသီလာစဉ် နာကျဉ်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။ 

    ပန်းနာရင်ကျပ်ရောဂါ၊ အ‌အေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန်‌ရောင်ရမ်းတဲ့ ရောဂါတွေကို သက်သာစေပါတယ်။ 

    ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။ 

    ဆီးချို၊ သွေးချိုရောဂါကို ကာကွယ်ပေးပါတယ်။ 

    အဖိုးတန်ဆုံး အချက်ကတော့ အဆိပ်ပြေစေပါတယ်။ 

    ဖောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။ 

    ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ 

    သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။ 

    သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ 

    ယမကာသောက်တတ်သူတို့အတွက် အကောင်းဆုံးသော အမြည်းပါ။ 


    ကန်စွန်းရွက်စိုက်ပျိုးနည်းကိုအောက်တွင်ရှုပါ။


    ကန်စွန်းရွက် စိုက်ပျိုးနည်း

    မြန်မာ လူမျိုးများ ကြိုက်နှစ် သက်သော ဟင်းသီး ဟင်းရွက် ဖြစ်သည်။ ရှေးနှစ် ပေါင်းများစွာ ကပင် မြန်မာ ပြည်တွင် စိုက်ပျိုးလာကြသည်။ အောက်မြန်မာပြည် ဒေသအနှံ့အပြားတွင် စိုက်ပျိုးသည်။

    မြန်မာ လူမျိုးများ ကြိုက်နှစ် သက်သော ဟင်းသီး ဟင်းရွက် ဖြစ်သည်။ ရှေးနှစ် ပေါင်းများစွာ ကပင် မြန်မာ ပြည်တွင် စိုက်ပျိုးလာကြသည်။ အောက်မြန်မာပြည် ဒေသအနှံ့အပြားတွင် စိုက်ပျိုးသည်။

    မြေပြုပြင်နည်းထယ်(၂)စပ် ထိုးပြီး၊ ထွန်(၆-၈)စပ်မွေပါ။ ရေသို လှောင်ထိန်းသိမ်း နိုင်သော မြေဖြစ်လျှင် ကန်ဇွန်းစိုက်ရန် သင့်တော် ပါသည်။ တောင်ပေါ်ဒေသ၌ ဆောင်းတွင်း စိုက်ရန် မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်သင်းဖော်၍ အကွက်ဖော်ပါ။ ထို့နောက် ရေသွင်းပြီး ဆက်၍ ထွန်မွှေပါ။ အခင်းသစ်တွင်မြေပြင်ချိန်၌ နွားချေး(၁၀-၁၅)စီး ထည့်သွင်းပြီး မြေကြီးကို မစိုက်ခင် နှပ်ထားသင့်ပါသည်။

    ရေကန်စွန်းစိုက်ပျိုးခြင်းကန်စွန်း ကို အညွှန့်ဖြတ် ကာစိုက်က ပို၍ ရှင်သန်သည်။ အဆစ် အနည်းဆုံး လေးဆစ်ပါသော ကိုင်းများ ကို(၈-၁၀)လက်မ အရှည်ခန့်ဖြတ် ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင်(၂-၃)ပင် စိုက်ပါ။ စိုက်ရာတွင် စပါးစိုက် သကဲ့သို့ လက်ဖြင့် အောက်ခြေပိုင်းကို မြေထဲသို့အဆစ် နှစ်ဆစ်ထိ ဝင်အောင် ထိုးစိုက်ပါ။ တန်းကြား၊ ပင်ကြား (၁၂ x ၁၀)လက်မ ထား၍စိုက်ပါ။ မိုးတွင်း၌စိုက်ပါက အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေး ရန်လိုသည်။

    မျိုးစေ့နှုန်းတစ်ဧကလျှင် ကန်စွန်းပင်ဖြတ်ပိုင်း(၁၀,၀၀၀-၁၅,၀၀၀)ထိ လိုအပ်သည်။

    အပင်ပြုစုခြင်းအပင်ချ စိုက်ပြီးလျှင် ပြီးချင်း သုံးလက်မ အနက်ရအောင် ရေသွင်းပေးပါ။ အခင်းထဲတွင် ရေ(၃-၆)လက်မ ရှိနေစေရန် ထိန်းသိမ်းပါ။ နွေရာသီ ပူပြင်းပါက တစ်ပတ်တစ်ကြိမ်ရေလဲပေးသင့်သည်။ သို့မှသာ စိုက်ခင်းရှိ ရေများ ပူလာခြင်းကြောင့် အပင်ကိုထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်။ စိုက်ပြီးတစ်လအတွင်း ပေါင်းမြက်ပေါက်ပါက ရှင်းပေးပါ။ ထို့နောက် ရွက်ဖြန်းဆေး ပက်ဖျန်းပေးပါ။

    ခူးယူခြင်းရိတ်ခါနီးတွင် ရေကိုအခင်းအတွင်း ငါးလက်မသို့ လျှော့ချပြီး ကန်စွန်းညွှန့်များကို ရိတ်သိမ်းရမည်။ ကျန်နေသော ကန်စွန်းငုတ်များသည် ရေပေါ်တွင်(၂-၃)လက်မ ပေါ်နေရမည်။ ကန်စွန်းပင်များကို စိုက်ပြီး (၆၀-၁၂၀)ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။ တစ်ဧကလျှင် ကန်စွန်းဿာချိန်(၅၀၀-၁၀၀၀)အထိ ထွက်နိုင် သည်။ ရိတ်သိမ်းပြီး (၁-၂)ရက်အတွင်း ရောင်းရပါမည်။

    ထိုင်ဝမ်ကန်စွန်း ကုန်းကန်စွန်းစိုက်ပျိုးခြင်းမြေကို ထွန်ယက်ပြီး သုံးပေအကျယ်၊ အရှည်သင့်တင့်စွာထား၍ လေးလက်မအမြင့်ဘောင်များ ပြုလုပ်ပါ။ ဘောင်ပေါ်တွင် အစေ့များကိုပင်ကြား၊ တန်းကြား(၄ x ၆)လက်မထား၍ တစ်ကျင်းလျှင် မျိုးစေ့(၂-၃)စေ့ခန့် ကို လက်မဝက်အနက် မြုပ်၍ စိုက်ပါ။ ကျင်းများကို မြေဖြင့်ဖုံး၍ကောက်ရိုး၊ သို့မဟုတ် စပါးခွံ နှစ်လက်မခန့် ထူထူဖုံးပေးပါ။ နှစ်ရက်သုံးရက်အတွင်း အပင်များပေါက်လာပြီး (၃-၄)ပတ်သားတွင် အပင်ရင်းမှဖြတ်၍ စားသုံး၊ ရောင်းချနိုင်သည်။ အပင်များဖြတ်ပြီး နွားချေးမြေဆွေးစသည်တို့ ထည့်ပေးလျှင် နောက်ထပ်(၇-၁၀) ရက်အတွင်း ထပ်မံခူးယူနိုင်သည်။ ကန်စွန်းရွက်ကို (၃-၄)ကြိမ်မျှဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ အရွယ်အစား(၃ x ၂၀)ပေ ဘောင်တစ်ဘောင်အတွက် မျိုးစေ့နို့ဆီတစ်ဘူး လိုအပ်သည်။

    ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)၊ဟင်းသီးဟင်းရွက်နဲ့ ကျန်းမာသုတ 

    ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://l.htwettoe.com/v2


  • article
likes
11
comments
1
views
9555