cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နှမ်းစျေးကျဆင်းပြီး စျေးကွက်အေးနေ

. Market Price
အခုနှစ်မှာ နှမ်းအဖြူက စျေးမြင့်ဆုံးဖြစ်နေတယ်
  • မကွေးမြို့မှာ နှမ်းစျေးကျဆင်းပြီး အရောင်းအဝယ်လည်း အေးနေတယ်လို့ မကွေးကုန်စည်ဒိုင်ကနေ သိရပါတယ်။ နှမ်းစျေးဟာ ပေါ်ခါစက စျေးကောင်းခဲ့ပြီး တဖြည်းဖြည်းနဲ့စျေးကျဆင်းလာတာလို့ ဆိုပါတယ်။ နှမ်းစျေးကျဆင်း တာဟာ ဝယ်လိုအားနည်းနေတဲ့အတွက် စျေးကျဆင်းနေတာဖြစ်တယ်လို့ မကွေးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ-၂ ဦးကျော်ထွန်းက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေကတော့ နှမ်းစျေးဟာ ပေါ်ခါစမှာ စျေးမရပေမယ့် တဖြည်းဖြည်းစျေးမြင့်တက်ခဲ့တာပါ။ အခုနှစ် ကတော့ ပေါ်ခါစမှာ စျေးအမြင့်ဘက်မှာရှိခဲ့ပေမယ့် လက်ရှိမှာ စျေးအကျဘက်မှာ ရှိနေတာဖြစ်ပါတယ်။ မကွေး နယ်မှာ မိုးသီးနှံအနေနဲ့ နှမ်းစိုက်ပျိုးရာမှာ ဂျပန်နှမ်းဖြူ၊ စမုံနှမ်းနက်၊ ရိုးရိုးနှမ်းဖြူမျိုးတွေကို စိုက်ပျိုးကြပြီး အခုနှစ်မှာ နှမ်းအဖြူက စျေးမြင့်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ မကွေးတိုင်းအတွင်းက ထွက်ရှိတဲ့နှမ်းတွေကို ဂျပန်၊ ကိုရီးယား၊ တရုတ် အစရှိတဲ့ နိုင်ငံတွေကို တင်ပို့မှုတွေရှိနေတယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views8851