cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သီးနှံအာမခံစနစ် ဆောင်းရာသီစတင်မယ်

. All News
ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပါက အာမခံထားတဲ့ တောင်သူအနေဖြင့် ဆောင်းသီးနှံချေးငွေကိုပြန်လည်ပေးဆပ်စရာမလိုဘဲ အာမခံက စိုက်ဆပ်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
  • ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သီးနှံဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး တောင်သူတွေနစ်နာမှုမရှိစေဖို့ လာမယ့်ဆောင်းရာသီကစတင်ပြီး သီးနှံ အာမခံစနစ် ထားရှိဖို့ စီစဥ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သိရပါတယ်။


    အခုဆောင်ရွက်မယ့် သီးနှံအာမခံစနစ်ဟာ မိုးရေချိန်ကို အခြေခံတဲ့ အာမခံစနစ် ရာသီဥတု ညွှန်းကိန်းကို အခြေပြုတဲ့ (Weather Index Insurance) ဖြစ်ပြီး လာမယ့်ဆောင်းရာသီ စတင်ဆောင်ရွက်ဖို့ရည်ရွယ်ထားတာပါ။


    အဆိုပါအာမခံစနစ်ဟာ ဆောင်းသီးနှံ ချေးငွေအပေါ်တွင် အာမခံထားခြင်းဖြစ်ပါတယ်။


    ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပါက အာမခံထားတဲ့ တောင်သူအနေဖြင့် ဆောင်းသီးနှံချေးငွေကိုပြန်လည်ပေးဆပ်စရာမလိုဘဲ အာမခံက စိုက်ဆပ်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။


    စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်တဲ့ ပြည်ပနိုင်ငံတွေမှာ အဆိုပါ အာမခံစနစ်ကို ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံမှာလည်း စတင်ဆောင်ရွက်ဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။


    လက်ရှိ သီးနှံ အာမခံစနစ်အကောင်အထည်ဖော်နိုင်ဖို့ အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ MRF အပါအဝင် အစိုးရ- ပုဂ္ဂလိကအသင်းအဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ Task Force အဖွဲ့ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

     Myanma Platform မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes15comments0
views7491