cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကုန်ကြမ်းချည်မျှင်ရှည်ဝါဂွမ်း ပိဿာချိန် ၁၁ သိန်းကျော် နိုင်ငံပိုင် ချည်မျှင်စက်ရုံများအတွက် ဝယ်ယူမည်

. All News
အသေးစိတ်အချက်အလက်များ ကိုသိရှိလိုတယ်ဆိုရင်တော့ ထုတ်လုပ်ရေးဌာန ၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်ရုံးအမှတ်(၃၇)သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ်
  • နိုင်ငံပိုင် ချည်မျှင်စက်ရုံ ၆ ရုံမှာ ကုန်ကြမ်းချည်မျှင်ရှည်ဝါဂွမ်း ပိဿာချိန် ၁၁ သိန်းကျော် လိုအပ်မှုရှိနေပြီး ဝယ်ယူနိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ပြည်တွင်းကလုပ်ငန်းရှင်တွေအနေနဲ့ တင်ဒါအဆို ပြုလွှာများကိုတင်သွင်းနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ စက်မှုဝန်ကြီးဌာန သတင်းများအရ သိရပါတယ်။

    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ စက်ရုံတွေဖြစ်တဲ့ အမှတ်(၁)အထည် စက်ရုံ (ရွှေတောင်) မှ ချည်မျှင်ရှည်ဝါဂွမ်း(A)အဆင့်ကို ပိဿာချိန် ၁၁၅,၀၀၀ နှင့် ချည်မျှင်ရှည်ဝါဂွမ်း (C) အဆင့်ကို ပိဿာချိန် ၄၇,၀၀၀၊ အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)မှ (A)အဆင့်ကို ပိဿာချိန် ၁၀၀,၀၀၀ နှင့် (C)အဆင့်ကို ပိဿာချိန် ၄၀,၀၀၀၊ အမှတ်(၄)အထည်စက်ရုံ (ပွင့်ဖြူ)မှ (A)အဆင့်ကိုပိဿာချိန် ၁၈၄,၃၀၀ နှင့် (C)အဆင့်ကို ပိဿာချိန် ၈၈,၄၈၀ ၊ အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)မှ (A)အဆင့်ကို ပိဿာချိန် ၁၀၀,၀၀၀၊ အမှတ်(၇)အထည် စက်ရုံ(မြစ်သား) မှ (A)အဆင့်ကို ပိဿာချိန် ၂၀၀,၀၀၀၊ အမှတ်(၈)အထည်စက်ရုံပျော်ဖွယ်မှ (A)အဆင့်ကို ပိဿာချိန် ၂၈၅,၀၀၀၊ စုစုပေါင်း (A)အဆင့်ကို ပိဿာချိန် ၉၈၄,၃၀၀ နှင့် (C)အဆင့်ကို ပိဿာချိန် ၁၇၅,၄၈၀ တို့အတွက် တင်ဒါခေါ်ယူထားတာ လို့သိရပါတယ်။

    တင်ဒါပိတ်ရက်ကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့အဖြစ် သတ်မှတ်ထားပြီး အသေးစိတ်အချက်အလက်များ ကိုသိရှိလိုတယ်ဆိုရင်တော့ ထုတ်လုပ်ရေးဌာန ၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်ရုံးအမှတ်(၃၇)သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ် လို့သိရပါတယ်။

    ပြည်တွင်း၌ ချည်မျှင်ရှည်ဝါကို အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာ အများဆုံးစိုက်ပျိုးမှုတွေရှိနေတာဖြစ်ပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments2
views4394