cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့်မွေးမြူ‌‌ရေးအကြံပြုချက်

. Weather News
နေပူချိန်တွင် ရုတ်တရက် မိုးရွာလိုက်ပါက ကန်အတွင်းရေအပူချိန်သည် အပေါ်ယံ ရေလွှာသည် ချက်ချင်း အပူချိန်ကျပြီး ငါးများအပူချိန်ရှော့ဖြစ်တတ်ပါသည်။
  • article
  • ၁။ ပွင့်ဖြူမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၁၊ ၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။

    ၂။ စလင်းမြို့နယ်

    ယနေ့ မိုးရွာရန် ၅၅ ရာခိုင်နှုန်းသာ ရှိပြီး မနက်ဖြန်မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ စက်တင်ဘာ ၂၈၊ ၃၀နှင့် အောက်တိုဘာ ၁ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ စက်တင်ဘာ ၂၉ နှင့် အောက်တိုဘာ ၂ ရက်နေ့တို့မှာတော့ ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

    ၃။ စေတုတ္တရာမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၂၈ ရက်နေ့အထိ မိုးရွာရန် ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၁ ရက်နေ့အထိမှာတော့ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။

    ၄။ မင်းဘူးမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၁၊ ၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက်

    ငါးမွေးမြူရေးလုပ်ငန်းတွင် ငါးကန်တခု၏အပူချိန်သည် ၂၅ ဒီဂရီ စင်တီဒရိတ်မှ ၃၂ ဒီဂရီ စင်တီဂ ရိတ်အတွင်းရှိရမည်ဖြစ်ပါသည်။ ငါးကန်ရေ၏အပူချိန်တိုင်းတာရာတွင် ရေအပူချိန်တိုင်း သာမိုမီတာဖြင့် တိုင်းတာနိုင်ပါသည်။ ငါးမွေးမြူရေးပညာတွင် ငါးများအစာစားနှုံးသည် အပူချိန်ပေါ်တွင် မူတည်ပြီး စားသောက်ကြကြောင်း တွေ့ရှိရပါသည်။ မနက်ပိုင်းတွင် ကန်ရေ၏အပူချိန်သည် သတ်မှတ်ချက်အတွင်း ရှိသော်လည်း ကန်ရေ၏အပူချိန် သည် သိသိသာသာမရရှိသေးသဖြင့် ငါးများအစာစားနှုန်း နည်းပါးပါသည်။ ညနေပိုင်တွင် ကန်တခုလုံးကိုအပူချိန် သိသိသာသာ ရရှိထားသဖြင့် ငါးများအစာစားနှုန်း ကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။ ဗီယက်နမ်ငါးပညာရှင်များ အကြံပြုချက်အရ အစာကျွေးရာတွင် မနက်ပိုင်းတွင် ၄၀ ရာခိုင်နှုန်းနှင့် ညနေပိုင်းတွင် ၆၀ ရာခိုင်နှုန်း ကျွေးပါရန် အကြံပြုချက်သည် ကန်ရေ၏အရေးကြီးပုံကို ဖော်ပြခဲ့ပါသည်။ အပူချိန်ကောင်းလျှင် အစာစားနှုန်း ကောင်းသည်ဟု အဆိုပြုထားပါသည်။ သို့သော် ကန်ရေအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်စေရန် သတိထားရပါမည်။ နေပူချိန်တွင် ရုတ်တရက် မိုးရွာလိုက်ပါက ကန်အတွင်းရေအပူချိန်သည် အပေါ်ယံ ရေလွှာသည် ချက်ချင်း အပူချိန်ကျပြီး ငါးများအပူချိန်ရှော့ဖြစ်တတ်ပါသည်။  

    Weather Source: CIAT


likes6comments0
views7278