cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စျေးကောင်းရနေသည့် ကြက်သွန်နီစျေးများပြန်ကျနေ

. Market Price
ကြက်သွန်နီ တစ်ပိဿလျှင်ယခင်က ၃၀၀၀ မှ၃၅၀၀ ကျပ်အထိ ရှိ ခဲ့ပြီး လက်ရှိ စျေးကွက်တွင် တပိဿလျှင် ၃၂၀၀ကျပ် သာ ရှိတော့ကြောင်းသိရသည်။
  • ပြည်ပ အဝယ်နည်းသွားသည့် အတွက် စျေးကောင်းရနေသည့် ကြက်သွန်နီစျေးများ ပြန်ကျသွားကြောင်း ကြက်သွန်ကုန်သည်များထံမီ သိရသည်။

    ပြည်ပသို့ အရည်သွေးမမှီသည့် အညိုအမဲ ကြက်သွန်များတင်ပို့မှုများနေခြင်းကြောင့် ပြည်ပအဝယ်အေးသွားကြောင်း လည်းသိရသည်။

    “စျေးကွက်မှာက အရည်သွေးမမှီသည့် အညို၊အမဲ ကြက်သွန်တွေ ပဲကျန်တော့တယ်။ပြည်ပကို အဲ့ကြက်သွန်တွေ တင်ပို့တာ များတော့ စျေးကွက်ပျက်ပြီး ပြည်ပ အဝယ် ကျသွား တာ လိုပြောကြတယ်။တချို့ ကုန်သည်တွေက တောင်သူတွေ ဆီ က စျေးကျတုန်း ဝယ်ထားပြီး လှောင်ထားကြတယ်။လှောင်တာကြတော့ ကြက်သွန်တွေက အညိုအမဲတွေ ဖြစ်၊အပင်အညှောင်တွေ ထွက် ကုန်ပြီး အရည်သွေးတွေ ကြကုန်တယ်။ အခုတော့စျေးကပြန်ကျသွားပြီး အရောင်းဝယ် တွေအေးနေတယ်”ဟု ကြက်သွန် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

    ကြက်သွန်နီ တစ်ပိဿလျှင်ယခင်က ၃၀၀၀ မှ၃၅၀၀ ကျပ်အထိ ရှိ ခဲ့ပြီး လက်ရှိ စျေးကွက်တွင် တပိဿလျှင် ၃၂၀၀ကျပ် သာ ရှိတော့ကြောင်းသိရသည်။

    “လောလောဆယ်တောစျေး က ၂၂၀၀နဲ့ ပဲဝယ်တယ်။ ၉လပိုင်း စလာကတည်း ကထိုးကျသွားတာ။ တောစျေး ၃၅၀၀ ကနေ ကျသွားတာ ၊ ၂၂၀၀ကတော့ ဘယ်တွက်ခြေကိုက်ပါမလဲ။လွန်ခဲ့တဲ့ ၂၀၂၀ ၊၂၀၂၁ခန့် ကစျေးတွေ ပဲ သဘောကျ တယ်။ ပြည်ပ က အဝယ်နည်းတော့အရောင်ဝယ်က လည်း အခု တလော ဒီဘက် တွေမှ လည်း အရောင်းအဝယ် မရှိသလောက်ပဲ “ ဟု မန္တလေးတိုင်း၊မြင်းခြံခရိုင် ၊တောင်သာမြို့နယ် မှ ကြက်သွန်စိုက်တောင်သူ ကိုအောင်စိုးမြင့် ကပြောသည်။

    ကြက်သွန် တောစျေး ၃၀၀၀ခန့်ရမှသာ တွက်ခြေကိုက်မှာ ဖြစ်၍ ယခုစျေးဖြင့်် တချို့ တောင်သူများ မရောင်းကြကြောင်း လည်းသိရသည်။

    လက်ရှိ ပြည်တွင်းစျေးကွက် တွင် လက်ကျန်နည်းနေပြီး လာမည် နိုဝင်ဘာ လ တွင်ကြက်သွန်အသစ်များလည်း ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

    ကြက်သွန်အသစ်များ ပြန်လည်ပေါ် လာမှ သာ စျေးကွက် ပြန်ကောင်းလာနိုင်ကြောင်း သုံးသပ်ကြသည်။

    လက်ရှိ ရန်ကုန် ဘုရင်နော့ကုန်စည်ဒိုင်တွင် ဆိပ်ဖြူ ရှယ် တပိဿလျှင် ၂၉၀၀ ကျပ် ပေါက်စျေးရှိပြီး ဆိပ်ဖြူ လက်ချော မှာ ၂၅၀၀ ကျပ်ပေါက်စျေးရှိကြောင်း သိရသည်။

    လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်သွင်အားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများစွာရှိ နေကြောင်းလည်းသိရသည်။

    ကြက်သွန် နီကို တရုတ်၊မြဝတီ နှင့် ဘင်္ဂလာဒေ့ နိုင်ငံများ သို့ အဓိက တင်ပို့နေကြခြင်း ဖြစ်ပြီး လက်တလော အဆိုပါနိုင်ငံများ မှာ ကြက်သွန်လိုအပ်ချက်နည်းလာခြင်း တို့ ကြောင့် ရောင်းဝ်အေး နေ ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views4937