cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ယနေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရွာနှုန်း မြင့်မားနေသဖြင့် ငါးမွေးတောင်သူဦးကြီးတို့အနေဖြင့် အစာများ အလေအလွှင့်မဖြစ်စေရန် သတိပြုသင့်ပါသည်။
  • ဟင်္သာတမြို့နယ်

    ဟင်္သာတမြို့နယ်မှာ စက်တင်ဘာ၂၈ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့အထိ ၉၀ရာခိုင်နှုန်း 

    မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃၊ ၄ရက်နေ့တို့မှာ ၇၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    ဇလွန်မြို့နယ် 

    ဇလွန်မြို့နယ်တွင် စက်တင်ဘာ ၂၈၊ ၂၉ရက်နေ့တွေမှာ ၇၅ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၃၀ရက်နေ့မှ အောက်တိုဘာ ၄ရက်အတွင်းမှာတော့ ၉၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။ 

    လပွတ္တာမြို့နယ် 

    လပွတ္တာမြို့နယ်တွင် အောက်တိုဘာ ၁ရက် ၊ ၂ရက်နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၈၊၂၉၊၃၀ ရက်တွေမှာ ၉၀ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာတာ့ မိုးရွာနှုန်း ၅၅ရာခိုင်နှုန်းထိ ကျဆင်းသွားမှာဖြစ်ပါတယ်။  

    ဓနုဖြူမြို့နယ်

    ဓနုဖြူမြို့နယ်တွင် စက်တင်ဘာ ၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၃၊ ၄ ရက်နေ့တွေမှာ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်းထိ ရှိနိုင်ပြီး စက်တင်ဘာ၂၈ရက်နဲ့ အောက်တို ၂ရက် နေ့တွေမှာ မိုးရွာနှုန်း ၆၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာရှိပါတယ်။

    မအူပင်မြို့နယ်

    မအူပင်မြို့နယ်တွင် စက်တင်ဘာ၂၈ရက်နှင့် အောက်တိုဘာ ၃ရက်နေ့တွေမှာ ၆၀နှုန်းသာ မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နဲ့ အောက်တိုဘာ ၁၊ ၂၊ ၄ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ညောင်တုန်းမြို့နယ်

    ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာ၂၈ရက်၊ အောက်တိုဘာ ၄ ရက်နေ့တွေမှာ ၆၀ ရာနှုန်းခန့်သာ မိုးရာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၂၊ ၃ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ပန်းတနော်မြို့နယ်

    ပန်းတနော် မြို့နယ်တွင် စက်တင်ဘာ၂၈ရက်၊ အောက်တိုဘာ၂ရက်နေ့တွေမှာ ၆၀ရာခိုင် နှုန်းဝန်းကျင်သာ မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၃၊ ၄ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    မြောင်းမြမြို့နယ်

    မြောင်းမြမြို့နယ်တွင် စက်တင်ဘာ၂၉၊ အောက်တိုဘာ ၁၊ ၄ ရက်နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၈နဲ့အောက်တိုဘာ ၂ရက်နေ့တွေမှာ ၉၀ရာနှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၃၀၊ အောက်တိုဘာ ၃ ရက်နေ့မှာတော့ မိုးရွာရန်ရွာနှုန်း ၇၀ ဝန်းကျင်သာရှိပါတယ်။ 

    ဝါးခယ်မမြို့နယ်

    ဝါးခယ်မမြို့နယ်မှာတော့ စက်တင်ဘာ၂၈၊ အောက်တိုဘာ၂ရက်တွေမှာ ၆၀ရာခိုင်နှုန်းခန့်သာ မိုးရွာနိုင်ချေရှိပြီး စက်တင်ဘာ၂၉၊ ၃၀နှင့် အောက်တိုဘာ ၁၊ ၃၊ ၄ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ကျုံပျော်မြို့နယ်

    ကျုံပျော်မြို့နယ်မှာတော့ စက်တင်ဘာ ၃၀ရက်နေ့မှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၈၊၂၉ နှင့် အောက်တိုဘာ ၁၊၂၊ ၃၊ ၄ ရက်နေ့တွေမှာတော့ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ပုသိမ်မြို့နယ်

    ပုသိမ်မြို့နယ်မှာတော့ စက်တင်ဘာ ၂၈၊ ၃၀ နှင့် အောက်တိုဘာ ၁ ရက် နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ၂၉ နှင့် အောက်တိုဘာ ၂ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃ရက် နဲ့ ၄ရက်နေ့တွေမှာတော့ ၇၀ရာခိုင်နှုန်းဝန်းကျင်သာ မိုးရွာနိုင်ချေရှိပါတယ်။

    ကျိုက်လတ် နှင့် ဖျာပုံ မြို့နယ်

    ကျိုက်လတ် နှင့် ဖျာပုံ မြို့နယ်တို့မှာတော့ စက်တင်ဘာ၂၈၊၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၂ ရက်နေ့တွေမှာ ၉၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃၊ ၄ ရက်နေ့တွေမှာ ၇၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။


     ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်

    ယခုလို မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါတယ်။ ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။


    Weather Source: CIAT 


  • article
likes
13
comments
0
views
7326