cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နှံစုပ်ဂျပိုး..နှံစုပ်ဂျပိုးကြောင့်ပေါ့...... 🥲🥲

. Pests Management
ဒင်းကြောင့် ကျွန်တော့်စပါးခင်းကြီး ပါးစပ်ဝရောက်ခါနီးမှ ဆုံးရှုံးလိုက်ရတယ်ဗျာ.... 🙄🙄👇
  • article
  • article
  • ကျရောက်သည့် လက္ခဏာ 

    • စပါးနှံပေါ်တွင် အမဲစက်များတွေ့ရခြင်း 
    • သ​န္ဓေမတည်သော စပါးခွံများ တွေ့ရခြင်း 
    • စပါးနှံများ ဖြူပြီး ထောင်မတ်နေခြင်း 
    • အခင်းအတွင်း ဂျပိုးများများ ကျရောက်ပါက ဂျပိုးနံ့ထွက်ခြင်း 
    • စပါးစေ့များ အရောင်ပြယ်ပြီး ရှုံ့တွခြင်း၊ အဖျင်းအမှော်များခြင်း  

    ကာကွယ်နှိမ်နင်းရန် 

    • စပါးပင်များ နို့ရည်မတည်ခင်အချိန်ကစပြီး အခင်းကို အမြဲကင်းထောက်ပါ။  
    • ဘဝစက်ဝန်းဖြတ်တောက်ရန် သက်တမ်းမတူသည့် မျိုးများ စိုက်ခြင်းကို ရှောင်ကျဉ်ပါ။ 
    • ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ။ (အမွှေးအမျှင်များသော၊ အစေ့အဆံကြမ်းသော မျိုးများ) 
    • ရင့်မှည့်ချိန် နောက်ကျသော မျိုးများကို အသုံးပြုပါ။  
    • စပါးခင်းဝန်းကျင်ရှိ ပေါင်းပင်များမှာ ခိုအောင်းနေထိုင်နိုင်သဖြင့် ပေါင်းမြက်များကို ရှင်းလင်းပါ။  
    • လက်ဖြင့် အဥများကို ကောက်ဖယ်ခြင်း၊ ပိုက်ကွန်ဖြင့် အကောင်ကြီးများကို ဖမ်းခြင်းဖြင့်     ကျရောက်မှုများကို လျော့ချနိုင်ပါသည်။ 
    • ခရုသေ၊ ကြွက်သေကဲ့သို့ အနံ့ပြင်းသော ပစ္စည်းတို့နှင့်လည်း စိုက်ခင်းထဲမှ ဂျပိုးများကို ဆွဲဆောင်ပြီး အလွယ်တကူ ဖမ်းယူနိုင်ပါသည်။ 
    • လမ်ဘရာဆိုင်ဟေလိုသရင်၊ ပရိုဖီနိုဖော့ ဆေးအဆိပ်ကို အသုံးပြုနိုင်ပါတယ်။ 

    ရေးသားသူ 

    နွယ်အေး 


likes16comments0
views6820