cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာမိုးလေဝသ ခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပေးချက်

. Weather News
တောင်သူဦးကြီးတို့ရဲ့ သီးနှံများ ရာသီဥတုဒဏ်ကနေ လွတ်မြောက်ပြီး အထွက်နှုန်း‌တိုးပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
  • ဟင်္သာတမြို့နယ်

    ဟင်္သာတမြို့နယ်မှာတော့ စက်တင်ဘာ၂၈ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့အထိ ၉၀ရာခိုင်နှုန်း 

    မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာနဲ့ ၃ရက်နဲ့ ၄ရက်နေ့တွေမှာ ၇၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။

    ဇလွန်မြို့နယ်

    ဇလွန်မြို့နယ်မှာတော့ စက်တင်ဘာ ၂၈ရက်နဲ့ ၂၉ရက်နေ့တွေမှာ ၇၅ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၃၀ရက်နေ့ကနေပြီး အောက်တိုဘာ ၄ရက်အတွင်းမှာတော့ ၉၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    လပွတ္တာမြို့နယ်

    လပွတ္တာမြို့နယ်မှာတော့ အောက်တိုဘာ ၁ရက် ၊ ၂ရက်နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၂၈၊၂၉၊၃၀ ရက်တွေမှာ ၉၀ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ၄ရက်နေ့မှာတာ့ မိုးရွာနှုန်း ၅၅ရာခိုင်နှုန်းထိ ကျဆင်းသွားမှာဖြစ်ပါတယ်။ 

    ဓနုဖြူမြို့နယ်

    ဓနုဖြူမြို့နယ်မှာ စက်တင်ဘာ ၂၉, ၃၀ နဲ့ အောက်တိုဘာ ၁ရက်၊၃ရက်၊၄ရက်နေ့တွေမှာ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်းထိ ရှိနိုင်ပြီး စက်တင်ဘာ၂၈ရက်နဲ့ အောက်တို ၂ရက် နေ့တွေမှာ မိုးရွာနှုန်း ၆၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာရှိပါတယ်။

    မအူပင်မြို့နယ်

    မအူပင်မြို့နယ်တွေမှာ စက်တင်ဘာ၂၈ရက်နဲ့ အောက်တိုဘာ ၃ရက်နေ့တွေမှာ ၆၀နှုန်းသာ မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နဲ့ အောက်တိုဘာ ၁၊၂၊ ၄ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ညောင်တုန်းမြို့နယ်

    ညောင်တုန်းမြို့နယ်မှာတော့ စက်တင်ဘာ၂၈ရက်နဲ့ အောက်တိုဘာ ၄ ရက်နေ့တွေမှာ ၆၀ ရာနှုန်းခန့်သာ မိုးရာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊၃၀ နဲ့ အောက်တိုဘာ ၁ရက်၊ ၂ရက်၊ ၃ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    ပန်းတနော် မြို့နယ်

    ပန်းတနော် မြို့နယ်မှာ စက်တင်ဘာ၂၈ရက်နဲ့ အောက်တိုဘာ၂ရက်နေ့တွေမှာ ၆၀ရာခိုင် နှုန်းဝန်းကျင်သာ မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀၊ နဲ့ အောက်တိုဘာ ၁ရက်၊၃ရက်၊ ၄ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်၊


    မြောင်းမြမြို့နယ်

    မြောင်းမြမြို့နယ်မှာ စက်တင်ဘာ၂၉၊ အောက်တိုဘာ၁ရက်နဲ့ ၄ရက်နေ့တွေမှာ ရာနှုန်းပြည့်နီးပါးမိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၂၈နဲ့အောက်တိုဘာ ၂ရက်နေ့တွေမှာ ၉၀ရာနှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၃၀နဲ့ အောက်တိုဘာ ၃ရက်နေ့မှာတော့ မိုးရွာရန်ရွာနှုန်း ၇၀ ဝန်းကျင်သာရှိပါတယ်။

     

     

    ဝါးခယ်မမြို့နယ်

     

    ဝါးခယ်မမြို့နယ်မှာတော့ စက်တင်ဘာ၂၈နဲ့ အောက်တိုဘာ၂ရက်တွေမှာ ၆၀ရာခိုင်နှုန်းခန့်သာ မိုးရွာနိုင်ချေရှိပြီး စက်တင်ဘာ၂၉၊ ၃၀နဲ့ အောက်တိုဘာ ၁ရက်၊ ၃ရက်၊ ၄ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

     

     

    ကျုံပျော် မြို့နယ်

     

    ကျုံပျော် မြို့နယ်မှာတော့ စက်တင်ဘာ၃၀ရက်နေ့မှာရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၈၊၂၉နဲ့ အောက်တိုဘာ ၁၊၂၊၃၊၄ ရက်နေ့တွေမှာ တော့ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

     

    ပုသိမ်မြို့နယ်

     

    ပုသိမ်မြို့နယ်မှာတော့ စက်တင်ယာ၂၈၊ ၃၀ နဲ့ အောက်တိုဘာ ၁ ရက် နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၂၉နဲ့ အောက်တိုဘာ ၂ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃ရက် နဲ့ ၄ရက်နေ့တွေမှာတော့ ၇၀ရာခိုင်နှုန်းဝန်းကျင်သာ မိုးရွာနိုင်ချေရှိပါတယ်။

    ကျိုက်လတ် နဲ့ ဖျာပုံ မြို့နယ်

    ကျိုက်လတ် နဲ့ ဖျာပုံ မြို့နယ်မှာ တော့ စက်တင်ဘာ၂၈၊၂၉၊ ၃၀ နဲ့ အောက်တိုဘာ ၁ ၊၂ ရက် နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိမိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃ရက်နဲ့ ၄ရက်နေ့တွေမှာ ၇၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။

    တစ်ပတ်စာမိုးလေဝသ စိုက်ပျိုးရေး အကြံပြုချက်

    ခုချိန်ကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စပါးခင်းတော်တော်များများမှာ နှံစုပ်ဂျပိုး အကျများတဲ့ အချိန်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ် 

    အနှံတွေထွက်တဲ့ အချိန်မှာ သိသာစွာထိခိုက်ဖျက်စီးနိုင်တာကြောင့် သတိထားရမယ့်အချက်တွေကို အကြံပြုလိုက်ပါတယ်။

    နှံစုပ်ဂျပိုးကျရောက်မှုရှိမရှိစစ်ဆေးခြင်း

    စပါးနှံပေါ်တွင် အမဲစက်များတွေ့ရခြင်း 

    သန္ဓေမတည်သော စပါးခွံများ တွေ့ရခြင်း 

    စပါးနှံများ ဖြူပြီး ထောင်မတ်နေခြင်း 

    အခင်းအတွင်း ဂျပိုးများများ ကျရောက်ပါက ဂျပိုးနံ့ထွက်ခြင်း 

    စပါးစေ့များ အရောင်ပြယ်ပြီး ရှုံ့တွခြင်း၊ အဖျင်းအမှော်များခြင်း 

    အထက်ပါအချက်အလက်တေါတွေ့ရပြီဆိုရင်တော့ အထွက်နှုန်းထိခိုက်စေတဲ့ နှံစုပ်ဂျပိုးဥျရောက်နေပါပြီ ဒါကြောင့် မပေါ့ ဆပဲ ကာကွယ်နှိမ်နင်းရပါမယ်။

    ကာကွယ်နှိမ်နင်းရမယ့်နည်းလမ်းများ

    စပါးပင်များ နို့ရည်မတည်ခင်အချိန်ကစပြီး အခင်းကို အမြဲကင်းထောက်ပါ။  

    ဘဝစက်ဝန်းဖြတ်တောက်ရန် သက်တမ်းမတူသည့် မျိုးများ စိုက်ခြင်းကို ရှောင်ကျဉ်ပါ။ 

    ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ။ (အမွှေးအမျှင်များသော၊ အစေ့အဆံကြမ်းသော မျိုးများ) 

    ရင့်မှည့်ချိန် နောက်ကျသော မျိုးများကို အသုံးပြုပါ။  

    စပါးခင်းဝန်းကျင်ရှိ ပေါင်းပင်များမှာ ခိုအောင်းနေထိုင်နိုင်သဖြင့် ပေါင်းမြက်များကို ရှင်းလင်းပါ။  

    လက်ဖြင့် အဥများကို ကောက်ဖယ်ခြင်း၊ ပိုက်ကွန်ဖြင့် အကောင်ကြီးများကို ဖမ်းခြင်းဖြင့် ကျရောက်မှုများကို လျော့ချနိုင်ပါသည်။ 

    ခရုသေ၊ ကြွက်သေကဲ့သို့ အနံ့ပြင်းသော ပစ္စည်းတို့နှင့်လည်း စိုက်ခင်းထဲမှ ဂျပိုးများကို ဆွဲဆောင်ပြီး အလွယ်တကူ ဖမ်းယူနိုင်ပါသည်။ 

    လမ်ဘရာဆိုင်ဟေလိုသရင်၊ ပရိုဖီနိုဖော့ ဆေးအဆိပ်ကို အသုံးပြုနိုင်ပါတယ်။ 

    တောင်သူဦးကြီးတို့ရဲ့ သီးနှံများ ရာသီဥတုဒဏ်ကနေ လွတ်မြောက်ပြီး အထွက်နှုန်း‌တိုးပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ


likes10comments0
views7955