cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အယ်လ်နီညိုအား ကြိုတင်လက်ဦးမှု ရယူဆောင်ရွက်သင့်သည့် အချက်များ 🔔 🔔 📣

. Weather News
ကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း၊ ရာသီဥတုဆိုင်ရာသတိပေးချက်များနှင့် သတင်းအချက်အလက်များကို ပြည်သူများလက်လှမ်းမှီ သိရှိနိုင်ရန် ဆောင်ရွက်ခြင်း၊
  • ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စံနှုန်းသတ်မှတ်ချက်များအရ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးခေါင်မှု၊ ရေကြီးမှုစသည့် သဘာဝဘေး အန္တရာယ်များကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ခံစားရမှုများကို လျော့ပါးသက်သာ စေရန်နှင့် ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များမှာ- 👇👇


    (၁) မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းပြဿနာများအတွက်

    စိုက်ပျိုးရာသီမတိုင်မီ လယ်ယာ သုံးစက်ကိရိယာများ၊ မျိုးစေ့များ၊ စိုက်ပျိုးရေး သွင်းအားစုများနှင့် ရေငတ်ဒဏ်ခံသီးနှံ မျိုးစေ့များကို ကြိုတင်ဖြန့်ဝေခြင်း၊

    တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဆေးဝါးအထောက်အပံ့များနှင့် အစာရိက္ခာများ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေ အလုံအလောက်ရရှိနိုင်ရန် ရေတွင်း၊ ရေကန်များနှင့် ဆည်များတွင် ရေသိုလှောင်ခြင်း၊ ရေငွေ့ပျံမှုနည်းစေရန် အဖုံးပိတ်ခြင်း၊

    တောင်သူများအား မိုးရေစုဆောင်းခြင်းနည်းစနစ်များ၊ ရေချွေတာသုံးစွဲသည့် နည်းလမ်းများ အသုံးပြုနိုင်ရန် အကူအညီပေးခြင်း၊

    ဒေသနှင့်ကိုက်ညီသောသီးနှံပုံစံ၊ သီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ရာသီဉတု အပြင်းထန်ဆုံးအချိန်နှင့် သီးနှံများ၏ ခံနိုင်ရည်မဲ့ သောအဆင့်ကို ရှောင်လွှဲရန် စိုက်ချိန်ကိုထိန်းညှိခြင်း၊ သက်လျင်သီးနှံများစိုက်ပျိုးခြင်း၊


    စိုက်ပျိုးရေးထွက်ကုန်များ လေလွင့် ဆုံးရှုံးမှုနည်းစေမည့်နည်းလမ်းများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို စိုက်ပျိုးသူများ ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ပေးခြင်း၊

    ရေသွင်း ကိရိယာများဖြန့်ဝေပေးခြင်း၊ မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနိုင်ပြီး ရေငွေ့ပျံမှုကိုလျှော့ချ နိုင်မည့် မြေလွှာဖုံးနည်းစနစ်များ၊ သဘာဝမြေဆွေးများအသုံးပြုခြင်းတို့ ဆောင်ရွက်ရပါမည်။


    (၂) မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းခြင်းပြဿနာများအတွက်


    လယ်ယာသုံးစက် ကိရိယာများ၊ မျိုးစေ့များ၊ စိုက်ပျိုးရေးသွင်းအားစုများလုံခြုံစွာ သိမ်းဆည်းနိုင်ရန် ရေလုံသို လှောင်ပစ္စည်းများဖြန့်ဝေခြင်း၊

    တိရစ္ဆာန်များ ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းထားနိုင်ရန် နေရာများစီစဉ်ထားခြင်း၊

    တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာကာကွယ်ဆေးများ၊ ဆေးဝါးအထောက် အပံ့များနှင့် အစားအစာရိက္ခာများ ဖြန့်ဝေပေးခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊

    ရေကြီးမှုနှင့်ဆိုင်ကလုန်းမုန်တိုင်း မဖြစ်ပွားမီ ကြိုတင် ခန့်မှန်းချက်များ ထုတ်ပြန်သည်နှင့် တပြိုင်တည်း သီးနှံများအချိန်မီ ရိတ်သိမ်းနိုင်ရေးနှင့် အမိုးအကာအောက်လုံခြုံစွာ သိမ်းဆည်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားခြင်းတို့ကို ဆောင် ရွက်သင့်ပါသည်။


    (၃) သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရန် အရေးကြီးလုပ်ငန်းစဉ်များမှာ


    ကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း၊

    ရာသီဥတုဆိုင်ရာသတိပေးချက်များနှင့် သတင်းအချက်အလက်များကို ပြည်သူများလက်လှမ်းမှီ သိရှိနိုင်ရန် ဆောင်ရွက်ခြင်း၊

    ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း၊

    လူထုပူးပေါင်းပါဝင်သော သဘာဝဘေးတုံ့ပြန်ရေး၊ ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စနစ်တကျစီမံခန့်ခွဲ ကြိုတင်ပြင်ဆင်ခြင်း၊

    ကြိုတင်ဆောင်ရွက်မှုနှင့် အဆင်သင့်ဖြစ်စေမှုတို့ကို လက်ဦးမှုရယူ ဆောင်ရွက်နိုင်ခြင်းတို့လည်း လိုအပ်ပါသည်။

    Sources: စိုက်ပျိုးရေးသုတေသနဦးစီးဌာန-Farmer Channel

    -----------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes
14
comments
1
views
5611