cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးခြင်းများ ကြုံတွေ့နိုင်မှုအတွက် ညှိနှိုင်းဆောင်ရွက်နေဟုဆို

. Weather News
ထူးခြားတာက ပထမပတ်အတွင်းမှာရော ဒုတိယပတ်အတွင်းမှာပါ တောင်တရုတ်ပင်လယ်အတွင်း မုန်တိုင်းဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက် လျက်ရှိ ကြောင်း
  • မြန်မာနိုင်ငံအနေဖြင့် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ အပေါ်တွင်အထူးအလေးထား စောင့်ကြည့်လျက်ရှိပြီး အပူချိန်မြင့်တက်မှုကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေးရေ ရှားပါးခြင်းများ ကြုံတွေ့နိုင်မှုအတွက် ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရှိရပါတယ်။

    လက်ရှိ ကာလတွင် အယ်နီညိုဖြစ်စဉ်အား စောင့်ကြည့်နေပြီး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ဆည်ရေကဏ္ဍတာဝန်ရှိသူ ဒုတိယဝန်ကြီးများဦးဆောင်၍ သီးနှံစိုက်ပျိုးမှုနှင့် သားငါးထုတ်လုပ်မှုများ လျော့ကျမှုမရှိစေရေး၊ ဆည်ရေလှောင်တမံများ၏ လက်ရှိ ရေခန့်မှန်းဝင်ရောက်မှုအပေါ်မူတည်၍ စိုက်ပျိုးဧက မလျော့နည်းစေရေး၊ သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ သိရှိရ ပါတယ်။

    ဒါ့အပြင် အယ်နီညို ရာသီဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလ အအေးဓာတ်လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်ပြီး အယ်နီညိုအားကောင်းပါက အပူလွန်ကဲခြင်း၊ အပူလှိုင်း ဖြတ်ခြင်းတို့အပြင် သာမန်ထက်ပို၍ ရှည်ကြာမည့်နွေကာလကို ဖြတ်သန်းရနိုင်တယ်လို့လည်း ဝန်ကြီးဌာနမှ ပြောဆိုထားပါတယ်။

    မိုး/ဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ “အယ်လ်နီညိုနှစ် ၂၀၂၃ မှာတော့ ပထမပတ်(စက်တင်ဘာ ၂၇ မှ အောက်တိုဘာ ၃ ရက်အတွင်းမှာ)ပုံမှန်ရွာသွန်းမြဲထက် ၅၀ ရာခိုင်နှုန်း မိုးပိုမိုရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်နိုင်ချေကလဲ ၂၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒုတိယပတ်(အောက်တိုဘာ ၄ ရက်မှ အောက်တိုဘာ ၁၀ ရက်ကာလအတွင်းမှာ ပုံမှန်ရွာသွန်းမြဲထက် ၅၀ ရာခိုင်နှုန်း မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ ထူးခြားတာက ပထမပတ်အတွင်းမှာရော ဒုတိယပတ်အတွင်းမှာပါ တောင်တရုတ်ပင်လယ်အတွင်း မုန်တိုင်းဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက် လျက်ရှိ ကြောင်းပြနေတာပါပဲ။ ၂၀၂၃-၂၄ အယ်လ်နီညိုနှစ်အတွင်း မုန်တိုင်းဖြစ်နိုင်ချေပိုများနေပြီး မိုးရွာသွန်းမှုကလဲ ပုံမှန်ရွာသွန်းမြဲထက်ပိုနေမယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်”လို့ သုံးသပ်ထားပါတယ်။

    ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာ့ဒေသအသီးသီး၌ အယ်နီညိုဖြစ်စဉ်၏ အကျိုးဆက် များ စတင်သက်ရောက်လျက်ရှိပြီး ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်နှောင်းပိုင်းတွင် အယ်နီညို၏ အကျိုးသက်ရောက်မှု ပိုမိုသိသာလာမည် ဖြစ်သောကြောင့် အရှေ့တောင် အာရှနိုင်ငံများနှင့် ဒေသအချို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း ဝန်ကြီးဌာနမှ ဆိုထားပါတယ်။

    သတင်း-MFN

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
15
comments
0
views
9873