cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးကန်မှာ အမိုးနီးယားဖြစ်ရခြင်းအကြောင်းရင်းများ

. Fish Quiz
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးမွေးကန်များတွင် အမိုးနီးယားကြောင့် ငါးများ သေဆုံးနိုင်ပါသည်။ ကန်အတွင်း အမိုးနီယား ဖြစ်ရခြင်းများ ရှိပါသည်။ ကန်များ နှစ်အတန်ကြာ မွေးမြူပြီးပါက ကန်အောက်ခြေတွင် အညစ်အေကြးများ စုပုံပြီး အမိုးနီးယားများ ထွက်ရှိနိုင်ပါသည်။ ထို့ကြောင့် ကန်များဖော်ပြီးပါက ကန်အောက်ခြေ မြေသားကို နေလှန်းခြင်းများ ဆောင်ရွက်ရပါသည်။ထို့နောက် ထုံးဖြူးခြင်းကိုလည်း တစ်ဧက (၂၄၈)ပိဿာအထိ ထည့် သွင်းရန် လိုအပ်ပါသည်။ 

    ယခုလက်ရှိ ငါးမွေးကန်များတွင် ကန်အတွင်းသို့ သစ်ရွက်များ၊ သစ်ကိုင်းခြောက်များ ကျရောက်နေခြင်းနှင့် ဖြည့်စွက်စာ ကျွေးရာတွင် အစာကြွင်း၊ အစာကျန်များ ကန်ခြေတွင် စုပုံကျရောက်ပြီး ပုတ် သိုးဆွေးမြေ့ ပျက်စီးခြင်းကြောင့် အမိုးနီးယားများ ထွက်ရှိလာပါသည်။ ကန်အတွင်း အမိုးနီးယား ဖြစ်ပေါ်လာပါက ကန်အတွင်း ပျော်ဝင် အောက်ဆီဂျင် လျော့နည်းကျဆင်းလာတတ်ပါသည်။ 

    အမိုးနီးယား ဖြစ်ပေါ်လာရခြင်းသည် ကန်အောက်ခြေ ညစ်ညမ်းမှု့ကြောင့် ဖြစ်စေပြီး၊ အမိုးနီးယားသည် ကန်အောက်ခြေတွင် စတင်ဖြစ် ပေါ်လာပါသည်။ ငါးကန်ရေတွင် အမိုးနီးယား ပါဝင်မှု့ ၀.၀၂၅ PPM သို့မဟုတ် ၀.၀၂၅ မီလီဂရမ်/ လီတာရှိပါက မွေးမြူထားသော ငါးများကို သေစေနိုင်ပါသည်။ 

    ဦးဆန်းအောင်(ထွက်တိုး)

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes35comments0
views3994