cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးမှာ သံဓါတ် အဆိပ်သင့်ခြင်း (သို့မဟုတ်) စပါးအမြစ်များ နီနေခြင်း၊ မဲပုပ်နေခြင်းအကြောင်းများ

. Diseases
အဆိပ်သင့်မှုမှာ အချဉ်ဓာတ်လွန်ကဲသောမြေများ၊ ရေဝပ်မြေများတွင် လေဝင်လေထွက် ညံ့ခြင်းကြောင့် သံဓါတ် အဆိပ်သင့်ခြင်းကို ပိုဖြစ်စေသည်။
  • မိုးကောင်းသောက်ဒေသတွင် မိုးရေရရှိရန် မသေချာသဖြင့် စပါးအောင်ရေရသည်အထိ ရေလှောင်ထားခြင်း၊ ဆည်ရေသောက်ဒေသတွင် ရေသွင်းရေထုတ်ရန် အခက်အခဲရှိသော အကွက်များတွင် ရေကိုထိန်းသိမ်းလှောင်ထားခြင်းများ ပြုလုပ်သည့်အခါတွင် အနည်းလိုအာဟာရဓာတ်ဖြစ်သော သံဓာတ်ပျော်ဝင်စုစည်းလာပြီး တောင်သူအခေါ် “ နီတို “ ဖြစ်လာတတ်သည်။

    သံဆိပ်သင့်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေ

    • အဆိပ်သင့်မှုမှာ အချဉ်ဓာတ်လွန်ကဲသောမြေများ၊ ရေဝပ်မြေများတွင် လေဝင်လေထွက် ညံ့ခြင်းကြောင့် သံဓါတ် အဆိပ်သင့်ခြင်းကို ပိုဖြစ်စေသည်။

    • သံဓါတ် အဆိပ်သင့်ခြင်းကို မြေအများအပြားတွင် တွေ့ရပြီး ရေအမြဲသွင်းထားသည့် စပါးခင်းတွင် ပို၍ အဖြစ်များသည်။ စပါးပင် သက်တမ်း တစ်လျှောက်လုံးတွင် တွေ့ရသည်။ သံဆိပ်သင့်မှု လက္ခဏာ

    • သံဓါတ် အဆိပ်သင့်ခြင်းဖြင့် စပါးရွက်တွင် ကြေးနီရောင် ပြောင်းသွားသည်။

    • သံဆိပ်သင့်ခြင်း ဆိုးဝါးပါက အပင်ပုပြီး အရွက်သည့် ခရမ်းရင့်ရောင် ပြောင်းသွားသည်။ အပင်ပုခြင်း၊ ပင်ပွားနည်းခြင်းကို ဖြစ်စေပါသည်။

    • အမြစ်များ ညိုမဲပြီး သေဆုံးသွားပါသည်။ အပင်ကို ဆွဲနုတ်ကြည့်သည့် အခါ အမြစ်ပွားများမှုနှုန်း နည်း၍ အမြစ်များသည်လည်း မဲပုပ်နေသည်ကို တွေ့ရပါသည်။

    ပြန်လည်ကုစားနည်း

    • ပိုတက်(K) ဓာတ်ပါသော မြေသြဇာများအပြင် ဂျစ်ပဆန်နှင့် ကယ်လ်စီယမ်(Ca)ပါသော ဓာတ်မြေသြဇာများ ထည့်ပေးခြင်းဖြင့်လည်း အဆိပ်သင့်မှုကို ပြေပျောက်စေနိုင်ပါသည်။

    • ရေသွင်းရေထုတ်လွယ်ကူသော အကွက်များတွင်မူ ရေထုတ်ခြင်းဖြင့် သံအဆိပ်သင့်မှု လွတ်ကင်းမည်ဖြစ်ပြီး ရေထုတ်ပြီး တစ်ပတ်မှ ၁၀ ရက်အကြာ မြေဖန့်ပါက ရေပြန်သွင်းပြီး လိုအပ်မည့်အာဟာရများ ပြန်ဖြည့်တင်းပေးနိုင်ပါသည်။

    • ရေသွင်းပြီး (၁၀-၂၀) ကြာမှ အပင်ကို ရွှေ့ပြောင်းစိုက်ပျိုးပါ။ မြေချဉ်ပါက ထုံးထည့်ပေးပါ။ ပိုတက်ဆီယမ် (K) ၊ ဖော့စဖရပ်(စ်) (P) နှင့် မဂနီဆီယမ် (Mg) ကို လုံလောက်စွာကျွေးပါ။

    Source-Htwet Toe

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes13comments0
views6129