cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မုန်ညင်းရွက် စိုက်ပျိုးနည်း

. Cultivation Methods
မုန်ညင်းရွက် စိုက်ပျိုးနည်း
  • article

  • မြန်မာ ပြည်တွင် ဒေသ မရွေး စိုက်ပျိုး နိုင်သည်။ အေးသော ဒေသကို ပို၍ နှစ်သက် သည်။ မုန်ညင်း ရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ် စားသုံး ရာတွင် အခြားသော သားငါး၊ အသီး အရွက်တို့နှင့် ရော၍လည်း စားသုံး နိုင်သည်။ မုန်ညင်း ချဉ်သည် မြန်မာလူမျိုးတို့ အထူး နှစ်သက် သော တို့စရာ ထဲတွင် ပါဝင်သည်။ 

     

    မြေပြုပြင်ခြင်း 

    မုန်ညင်း ရွက်သည် မြေမရွေး သော်လည်း မြေဆီ သြဇာ ပြည်စုံမှု ရှိရန် အထူး အရေးကြီး သည်။ မြေညံ့ ပါက နောက်ချေး၊ မြေဆွေး များများ ထည့်ပေးရန် လိုသည်။ ရေမဝပ်သော မြေဖြစ်ပါက ပို၍ သင့်တော် သည်။ မိုးနည်းသော အချိန်ကို ရွေးစိုက်နိုင်မှသာ လျှင် ရောဂါကျခြင်းမှ ကာကွယ်နိုင်သည်။ မစိုက်ပျိုး မီ (၃-၄)ပတ် အလိုတွင် မြေပြုပြင်ရန် လိုသည်။ မြေမ ပြင်မီ နွားချေးနှင့် မြေဆွေး ချပြီးမှ ထွန်ထယ် ဝင်သင့် သည်။ ရေဝပ် ပါက ဘောင်တင် ၍ စိုက်သင့်သည်။ 

     

    မျိုးများ 

    မုန်ညင်း ရွက်မျိုး များတွင် မုန်ညင်း ဖြူမျိုးနှင့် မုန်ညင်း စိမ်းဟူ၍ နှစ်မျိုး ရှိသည်။ မုန်ညင်း ဖြူမျိုး ကို အချို ချက်စား သုံးကြပြီးမုန်ညင်း စိမ်းမျိုး များကို အချဉ် တည်ခြင်း၊ ကျန်မဆိုင်၊ ဆွန်ထန် စသည်ဖြင့် ကြာရှည် ခံအောင် ပြုလုပ်၍ စားသုံးကြသည်။ 

     

    စိုက်ပျိုးခြင်း 

    မုန်ညင်းကို မြန်မာ ပြည်တွင် မေလမှ ဒီဇင်ဘာလ အထိ စိုက်ပျိုး နိုင်ပါသည်။ ပျိုးထောင် စိုက်ပါက အရွက် သေးမျိုးအတွက်ပင်ကြား၊ တန်းကြား ခြောက်လက် မထား၍ စိုက်ပါ။ အရွက်ကြီး မျိုးအတွက် မူ တစ်ပေကွာ အတန်း များတွင် တစ်ပင်နှင့် တစ်ပင် ရှစ်လက်မ ခြားစိုက် ရမည်။ အရွက် အရေ အတွက် (၄-၅)ရွက် ရလာလျှင် ပျိုးပင် များကို စိုက်ခင်းသို့ ရွှေ့စိုက် နိုင်သည်။ 

     

    စိုက်ချိန်တွင် မြေအစိုဓာတ်လုံလောက်စွာရရှိနေရန် အရေးကြီး သည်။ စိုက်ခင်းတွင် တိုက်ရိုက်စိုက်ပျိုးပါက တစ်တန်းနှင့်တစ်တန်း တစ်ပေ ကွာသော စိုက်တန်း တွင် မျိုးစေ့ ထူထူချ ပေးပြီး မြေပါးပါး၊ သို့မဟုတ် မြေဆွေးပါးပါးဖြင့် ဖုံးပေးပါ။ အပင်ပေါက်လာ၍ အရွက်(၂-၃)ရွက် ထွက်လာသော် တစ်ပင်နှင့်တစ်ပင်(၂-၃)လက်မခြားပြီး မှုန်းပေးရမည်။ 

     

    အပင်ပြုစုခြင်း 

    မုန်ညင်း စိုက်ပြီး အစောပိုင်း ပေါင်းနှိမ် ထားရန် အရေးကြီး သည်။ မုန်ညင်း ကြီးထွားစဉ် ကာလအတွင်း အစိုဓာတ်လုံလောက်မှုရှိစေရန် အထူးအရေးကြီးသည်။ ခြောက်သွေ့သောရာသီတွင် မြေအစိုဓာတ်ရှိနေစေရန် အပင်ခြေတွင် ကောက်ရိုးနှင့်မြက်ခြောက်တို့ဖြင့် အုပ်ထားပေးနိုင်သည်။ လိုအပ်ပါက ရေသွင်းရန်လိုပါသည်။ 

     

    ရိတ်သိမ်းခြင်း 

    စိုက်ပြီး(၂၅-၃၀)ရက်ကြာသော် မုန်ညင်းရွက်များကို စားသုံးနိုင်ပြီဖြစ်သည်။ ရောင်းတန်းအရွယ်ရောက် ပါက ကြပ်နေသောအပင် များကို နုတ်၍လည်းကောင်း အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍ လည်းကောင်း အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍လည်းကောင်း ရောင်းနိုင်သည်။ အပင် ဆက်လက် ကြီးထွားနိုင်ရန် အပင်ပေါ်၌ အရွက်လုံလောက်စွာ ချိန်ထား ရမည်။ မုန်ညင်း ရွက်ရင့် လာပါက အချဉ် တည်ရန် အသုံးပြု နိုင်သည်။ 

     

    - ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


likes
10
comments
0
views
3650